သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ထက္ ပိုျဖစ္လာႏိုင္တဲ့ တုပ္ေကြးအေၾကာင္း 


ကိုဗစ္ထက္ တုပ္ေကြးျဖစ္တာ ပိုမ်ားလာတာကို အေမရိကန္ႏိုင္ငံမွာ ေတြ႔႐ွိထားတာမ်ိဳး၊ ျမန္မာအပါအဝင္ တကမၻာလုံးမွာလည္း ျဖစ္ႏိုင္ေျခ႐ွိတာမို႔ တုပ္ေကြးကာကြယ္ကုသေရးအတြက္ က်န္းမာေရးပညာ႐ွင္ေတြက အၾကံျပဳေျပာေနၾကပါတယ္။

အခုေဆာင္းတြင္းမွာ အျဖစ္မ်ားလာတဲ့ ကူးစက္ဖ်ားနာမႈေတြဟာ ကိုဗစ္-19 သာ အဓိကျဖစ္ႏိုင္တယ္လို႔ တရားေသမတြက္ဘဲ၊ တုပ္ေကြး (Flu) ျဖစ္ႏိုင္ေျခ ပိုမ်ားႏိုင္တာကိုလည္း ထည့္တြက္သင့္ပါတယ္။ အေၾကာင္းက အေမရိကန္မွာ ကိုဗစ္ထက္ တုပ္ေကြး ပိုအျဖစ္မ်ားလာတဲ့ ပုံစံမ်ိဳး တစ္ကမၻာလုံးကို ပ်ံေနႏိုင္တဲ့သေဘာ ႐ွိေနလို႔ပါ။ တုပ္ေကြးျဖစ္လာခဲ့လွ်င္လည္း အမ်ားစုအတြက္ တုပ္ေကြးဆိုင္ရာ ေသာက္ေဆးမလိုဘဲ ျဖစ္လာတဲ့ လကၡဏာဆိုင္ရာ ကုသေဆးေတြနဲ႔ ကုသႏိုင္ပါတယ္။ ဥပမာ တုပ္ေကြးေၾကာင့္ ျဖစ္လာႏိုင္တဲ့ အဖ်ားလကၡဏာအတြက္ အဖ်ားက်ေဆးနဲ႔ ကိုယ္လက္ကိုက္၊ ဇက္ေၾကာတက္၊ ေခါင္းကိုက္၊ မ်က္ေၾကာကိုက္တာေတြအတြက္လည္း အဖ်ားက်ေဆးအပါအဝင္ သာမန္အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္ႏိုင္ပါတယ္။ အလားတူ ေခ်ာင္းဆိုးတဲ့လကၡဏာ ျဖစ္လာလွ်င္ ေခ်ာင္းဆိုးေပ်ာက္ေဆးနဲ႔ ႏွာေစးလာလွ်င္လည္း ႏွာေစးေပ်ာက္ေဆးေတြ ေသာက္ႏိုင္ပါတယ္။

ကိုဗစ္ ျပင္းျပင္းထန္ထန္ မျဖစ္ေရအာင္ ျပင္းထန္ဖို႔ အေနအထား႐ွိသူေတြအတြက္ ကိုဗစ္ကာကြယ္ေဆး ပိုဦးစားေပးထိုးသလို၊ အခု တုပ္ေကြးအတြက္လည္း ကာကြယ္ေဆး ဦးစားေပးထိုးသင့္သူေတြ ႐ွိပါတယ္။ အထူးသျဖင့္ေတာ့ အသက္ႀကီးသူေတြ (၆၅ ႏွစ္အထက္) ေက်ာက္ကပ္ေဆးတာ (Dialysis) လုပ္ေနရသူေတြ၊ ကင္ဆာေဆး သြင္း/ေသာက္ေနရသူေတြ၊ အသည္းမေကာင္းေရာဂါျဖစ္ၿပီး ေရဖ်င္းစြဲလာသူေတြ၊ HIV/AIDS ကိုယ္ခံအားက်ေရာဂါ ကူးစက္ခံရသူေတြနဲ႔ ဆီးခ်ိဳမထိန္းႏိုင္ဘဲ တက္ေနသူေတြမွာ၊ တုပ္ေကြးကာကြယ္ေဆး ျဖစ္ႏိုင္လွ်င္ ပိုဦးစားေပးထိုးသင့္ပါတယ္။

ဒါ့အျပင္ ကိုဗစ္မွာတုန္းက ကိုဗစ္ေသာက္ေဆး ေသာက္သင့္သူတခ်ဳိ ႔ ႐ွိခဲ့သလို၊ အခုတုပ္ေကြးျဖစ္လာလွ်င္လည္း အလားတူ ေသာက္သင့္သူတခ်ဳိ ႔ ႐ွိပါတယ္။ တုပ္ေကြးနဲ႔ ပတ္သက္တဲ့ေသာက္ေဆး Tamiflu (Oseltamivir) မ်ိဳးကို ငယ္႐ြယ္သူေတြ၊ အဝမလြန္သူေတြနဲ႔ ပန္းနာရင္ၾကပ္ (Asthma) မျပင္းထန္သူေတြမွာ ေသာက္ဖို႔မလိုေပမဲ့၊ ပန္းနာရင္ၾကပ္ ျပင္းထန္သူ၊ အဆုပ္ ျပင္းျပင္းထန္ထန္ ထိခိုက္ထားသူ၊ ႏွလုံးအားနည္းသူ၊ အဝလြန္သူ (ေပါင္ ၃၀၀-၄၀၀ အထက္နဲ႔ BMI - Body Mass Index - ကိုယ္အေလးခ်ိန္နဲ႔ အရပ္ အခ်ိဳးအစား ၃၅ မွတ္အထက္ ေရာက္ေနသူ) ေတြမွာေတာ့၊ ေသာက္သင့္ပါတယ္။ အေၾကာင္းက ဒီလူေတြမွာ နဂိုထဲက ေအာက္ဆီဂ်င္ အလုံအေလာက္ရဖို႔ ႐ုန္းကန္အသက္ရွဳ ေနရတတ္တာမို႔ပါ။ ဒီလိုလူေတြအေနနဲ႔ အသက္မႀကီးလွ်င္ေတာင္ တုပ္ေကြးကာကြယ္ေဆးလည္း ထိုးထားသင့္ပါတယ္။

တခ်ိန္ထဲမွာ တုပ္ေကြးေရာ ကိုဗစ္အပါအဝင္ အသက္႐ွဳလမ္းေၾကာင္းကေနတဆင့္ဝင္တဲ့ ကူးစက္ေရာဂါေတြ ကာကြယ္ေရးအတြက္ အရင္ ကိုဗစ္ကာကြယ္နည္းအျဖစ္ လူသိမ်ားထားၿပီးျဖစ္တဲ့၊ Mask ပါးစပ္နဲ႔ ႏွာေခါင္းစည္း တပ္တာနဲ႔ လူစုလူေဝးေ႐ွာင္တာ (အထူးသျဖင့္ ဖ်ားနာ၊ ႏွာေစး၊ ေခ်ာင္းဆိုးေနလွ်င္)၊ အျပင္ကျပန္လာလွ်င္ လက္ေဆးတာေတြ ဆက္လုပ္ေပးသင့္ပါတယ္။ ဒါ့အျပင္ လည္ပင္းကစဝင္ၿပီး လည္ပင္းလည္းနာေစတတ္တဲ့ ဒီကူးစက္ေရာဂါပိုးေတြအတြက္ ေရမ်ားမ်ားေသာက္တာ (ေရေႏြးပိုေကာင္း)၊ ဗီတာမင္စီျပည့္ဝစာ (ခ်ဥ္ၿပီးအရည္ဓာတ္ျပည့္ဝတာ) အပါအဝင္ အာဟာရျဖစ္ေစတဲ့ ဆႏၵ႐ွိတာအားလုံးစားတာ (တိုက္ဖြိဳက္ အူေရာင္ငန္းဖ်ားေရာဂါကလြဲၿပီး အစာေ႐ွာင္စရာမလို) ဆားရည္ေႏြးနဲ႔ ပလုပ္က်င္းေပးတာ (တခ်ဳိ ႔တတ္ႏိုင္သူေတြ Listerine ပလုပ္က်င္းေဆးရည္သုံးတာ) ေတြ လုပ္ေဆာင္ေပးျခင္းျဖင့္၊ ကိုယ္ခံအားေကာင္းၿပီး၊ ဒီလည္ပင္းက ပိုးေတြကိုလည္း သန္႔စင္ေပးႏိုင္ပါတယ္။

ဒီေရာဂါဆိုင္ရာအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာလူနာေတြကိုလည္း ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ကို ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။

=== Unicode ====

ကိုဗစ်ထက် တုပ်ကွေးဖြစ်တာ ပိုများလာတာကို အမေရိကန်နိုင်ငံမှာ တွေ့ရှိထားတာမျိုး၊ မြန်မာအပါအဝင် တကမ္ဘာလုံးမှာလည်း ဖြစ်နိုင်ခြေရှိတာမို့ တုပ်ကွေးကာကွယ်ကုသရေးအတွက် ကျန်းမာရေးပညာရှင်တွေက အကြံပြုပြောနေကြပါတယ်။

အခုဆောင်းတွင်းမှာ အဖြစ်များလာတဲ့ ကူးစက်ဖျားနာမှုတွေဟာ ကိုဗစ်-19 သာ အဓိကဖြစ်နိုင်တယ်လို့ တရားသေမတွက်ဘဲ၊ တုပ်ကွေး (Flu) ဖြစ်နိုင်ခြေ ပိုများနိုင်တာကိုလည်း ထည့်တွက်သင့်ပါတယ်။ အကြောင်းက အမေရိကန်မှာ ကိုဗစ်ထက် တုပ်ကွေး ပိုအဖြစ်များလာတဲ့ ပုံစံမျိုး တစ်ကမ္ဘာလုံးကို ပျံနေနိုင်တဲ့သဘော ရှိနေလို့ပါ။ တုပ်ကွေးဖြစ်လာခဲ့လျှင်လည်း အများစုအတွက် တုပ်ကွေးဆိုင်ရာ သောက်ဆေးမလိုဘဲ ဖြစ်လာတဲ့ လက္ခဏာဆိုင်ရာ ကုသဆေးတွေနဲ့ ကုသနိုင်ပါတယ်။ ဥပမာ တုပ်ကွေးကြောင့် ဖြစ်လာနိုင်တဲ့ အဖျားလက္ခဏာအတွက် အဖျားကျဆေးနဲ့ ကိုယ်လက်ကိုက်၊ ဇက်ကြောတက်၊ ခေါင်းကိုက်၊ မျက်ကြောကိုက်တာတွေအတွက်လည်း အဖျားကျဆေးအပါအဝင် သာမန်အကိုက်အခဲပျောက်ဆေးတွေ သောက်နိုင်ပါတယ်။ အလားတူ ချောင်းဆိုးတဲ့လက္ခဏာ ဖြစ်လာလျှင် ချောင်းဆိုးပျောက်ဆေးနဲ့ နှာစေးလာလျှင်လည်း နှာစေးပျောက်ဆေးတွေ သောက်နိုင်ပါတယ်။

ကိုဗစ် ပြင်းပြင်းထန်ထန် မဖြစ်ရေအာင် ပြင်းထန်ဖို့ အနေအထားရှိသူတွေအတွက် ကိုဗစ်ကာကွယ်ဆေး ပိုဦးစားပေးထိုးသလို၊ အခု တုပ်ကွေးအတွက်လည်း ကာကွယ်ဆေး ဦးစားပေးထိုးသင့်သူတွေ ရှိပါတယ်။ အထူးသဖြင့်တော့ အသက်ကြီးသူတွေ (၆၅ နှစ်အထက်) ကျောက်ကပ်ဆေးတာ (Dialysis) လုပ်နေရသူတွေ၊ ကင်ဆာဆေး သွင်း/သောက်နေရသူတွေ၊ အသည်းမကောင်းရောဂါဖြစ်ပြီး ရေဖျင်းစွဲလာသူတွေ၊ HIV/AIDS ကိုယ်ခံအားကျရောဂါ ကူးစက်ခံရသူတွေနဲ့ ဆီးချိုမထိန်းနိုင်ဘဲ တက်နေသူတွေမှာ၊ တုပ်ကွေးကာကွယ်ဆေး ဖြစ်နိုင်လျှင် ပိုဦးစားပေးထိုးသင့်ပါတယ်။

ဒါ့အပြင် ကိုဗစ်မှာတုန်းက ကိုဗစ်သောက်ဆေး သောက်သင့်သူတချို့ ရှိခဲ့သလို၊ အခုတုပ်ကွေးဖြစ်လာလျှင်လည်း အလားတူ သောက်သင့်သူတချို့ ရှိပါတယ်။ တုပ်ကွေးနဲ့ ပတ်သက်တဲ့သောက်ဆေး Tamiflu (Oseltamivir) မျိုးကို ငယ်ရွယ်သူတွေ၊ အဝမလွန်သူတွေနဲ့ ပန်းနာရင်ကြပ် (Asthma) မပြင်းထန်သူတွေမှာ သောက်ဖို့မလိုပေမဲ့၊ ပန်းနာရင်ကြပ် ပြင်းထန်သူ၊ အဆုပ် ပြင်းပြင်းထန်ထန် ထိခိုက်ထားသူ၊ နှလုံးအားနည်းသူ၊ အဝလွန်သူ (ပေါင် ၃၀၀-၄၀၀ အထက်နဲ့ BMI - Body Mass Index - ကိုယ်အလေးချိန်နဲ့ အရပ် အချိုးအစား ၃၅ မှတ်အထက် ရောက်နေသူ) တွေမှာတော့၊ သောက်သင့်ပါတယ်။ အကြောင်းက ဒီလူတွေမှာ နဂိုထဲက အောက်ဆီဂျင် အလုံအလောက်ရဖို့ ရုန်းကန်အသက်ရှု နေရတတ်တာမို့ပါ။ ဒီလိုလူတွေအနေနဲ့ အသက်မကြီးလျှင်တောင် တုပ်ကွေးကာကွယ်ဆေးလည်း ထိုးထားသင့်ပါတယ်။

တချိန်ထဲမှာ တုပ်ကွေးရော ကိုဗစ်အပါအဝင် အသက်ရှုလမ်းကြောင်းကနေတဆင့်ဝင်တဲ့ ကူးစက်ရောဂါတွေ ကာကွယ်ရေးအတွက် အရင် ကိုဗစ်ကာကွယ်နည်းအဖြစ် လူသိများထားပြီးဖြစ်တဲ့၊ Mask ပါးစပ်နဲ့ နှာခေါင်းစည်း တပ်တာနဲ့ လူစုလူဝေးရှောင်တာ (အထူးသဖြင့် ဖျားနာ၊ နှာစေး၊ ချောင်းဆိုးနေလျှင်)၊ အပြင်ကပြန်လာလျှင် လက်ဆေးတာတွေ ဆက်လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် လည်ပင်းကစဝင်ပြီး လည်ပင်းလည်းနာစေတတ်တဲ့ ဒီကူးစက်ရောဂါပိုးတွေအတွက် ရေများများသောက်တာ (ရေနွေးပိုကောင်း)၊ ဗီတာမင်စီပြည့်ဝစာ (ချဉ်ပြီးအရည်ဓာတ်ပြည့်ဝတာ) အပါအဝင် အာဟာရဖြစ်စေတဲ့ ဆန္ဒရှိတာအားလုံးစားတာ (တိုက်ဖွိုက် အူရောင်ငန်းဖျားရောဂါကလွဲပြီး အစာရှောင်စရာမလို) ဆားရည်နွေးနဲ့ ပလုပ်ကျင်းပေးတာ (တချို့တတ်နိုင်သူတွေ Listerine ပလုပ်ကျင်းဆေးရည်သုံးတာ) တွေ လုပ်ဆောင်ပေးခြင်းဖြင့်၊ ကိုယ်ခံအားကောင်းပြီး၊ ဒီလည်ပင်းက ပိုးတွေကိုလည်း သန့်စင်ပေးနိုင်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာလူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

XS
SM
MD
LG