သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

က်န္းမာေအာင္ စားေသာက္သင့္ပုံ


Consumer Prices

က်န္းမာေရးအတြက္ အႏၲရာယ္ရွိတဲ့ အသင့္စားေသာက္ကုန္ေတြအစား ျမန္မာႏိုင္ငံမွာ အလြယ္တကူရတဲ့ လတ္လတ္ဆတ္ဆတ္ အစာေတြကို ျပင္ဆင္စားေသာက္သင့္တယ္လို႔ အာဟာရပညာရွင္ေတြက ဆိုပါတယ္။

ေရာဂါေတြျဖစ္ေစတဲ့ အသင့္လုပ္ အသားလုံး အသားေခ်ာင္းေတြအျပင္၊ ျမန္မာ့႐ိုးရာ အသင့္စားေသာက္စရာေတြကို အတတ္ႏိုင္ဆုံးေရွာင္က်ဥ္ၿပီး၊ ေစ်းထဲ ဝယ္ရလြယ္တဲ့ အသားေတြ၊ ငါးေတြ ပုဇြန္ေတြ ဝယ္ၿပီး ခ်က္ျပဳတ္စားျခင္းျဖင့္ အႏၲရာယ္ကင္းၿပီး အာဟာရပိုရႏိုင္ပါတယ္။ ဒီအသားငါးေတြကို အသားလုံး၊ ငါးလုံးေလးေတြကိုယ္တိုင္ လုံးၿပီးလည္း ေခာတ္မီ ေဟာ့ေပါ့ (Hot Pot) ဟင္းခ်ိဳ၊ ေၾကးအိုး စတာေတြမွာ ထည့္စားႏိုင္ပါတယ္။ ဒီ လတ္ဆတ္တဲ့ အသား ငါးေတြကို ခ်က္ၿပီး ေပါင္မုန႔္ေတြၾကားမွာပါ ညႇပ္စားႏိုင္ပါတယ္။ ေကာ္ဖီထုတ္ (Coffee Mix)၊ လၻက္ရည္ထုတ္ (Tea Mix) ေတြ အစားလည္း လၻက္ေျခာက္ေရေႏြးခ်မ္းနဲ႔ ပုံမွန္ေရ ေသာက္တာက ပိုေကာင္းပါတယ္။ အခုလို စားသုံးတာေၾကာင့္ က်န္းမာေရး ေနာက္ဆက္တြဲ ျပႆနာေတြ မႀကဳံရဘဲ က်န္းမာေရးအက်ိဳး လက္ေတြ႔ရေနသူေတြကိုလည္း ေလ့လာေတြ႔ရွိထားၿပီး ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ နယ္ကလူေတြအေနနဲ႔လည္း အခုေခတ္မွာ အသင့္စားစရာတခ်ဳိ ႔ကို သတိမျပဳမိဘဲ လြဲမွားစားသုံးမိေနၾကပါတယ္။ ဥပမာ အသင့္လုပ္ လဘက္ထုတ္ေတြကို ထမင္းနဲ႔ ေရာစားေနၾကတာပါ။ ျမန္မာမွာ ထူးထူးျခားျခားစားတဲ့ လဘက္က အခ်ဥ္ေဖာက္ထားေပမဲ့ အမ်ားစု အရင္လို လတ္လတ္ဆတ္ဆတ္စားလွ်င္ က်န္းမာေရးအတြက္ေကာင္းတဲ့ဓာတ္တခ်ဳိ ႔ ရႏိုင္ပါတယ္။ ဒါေပမဲ့ အခု ေစ်းေပါတဲ့ အသင့္ထုတ္ထားတာေတြ တခ်ဳိ ႔မွာေတာ့ ဓာတုပစၥည္းနဲ႔ ဖန္တီးထားတဲ့ ခ်ဥ္ငံစပ္ အရသာေတြကို ထည့္ထားတာေတြ႔ရၿပီး ေရရွည္အႏၲရာယ္ရွိႏိုင္ပါတယ္။ လတ္တေလာမွာလည္း ဒီ အသင့္လုပ္ လဘက္ထုပ္ေတြကို နယ္မွာရလြယ္တဲ့ လတ္ဆတ္တာေတြ (ဥပမာ ငါးကင္) နဲ႔ တြဲစားလွ်င္လည္း၊ လတ္ဆတ္တာေတြကရတဲ့ အာဟာရေတြကို အူကစုပ္ယူႏိုင္မူ ပိတ္ပင္ခံလိုက္ရၿပီး၊ တခ်ဳိ ႔မွာ သံဓာတ္ဆုံးရႈံးတာ၊ ေသြးအားနည္းလာတာေတြ ေတြ႔ရွိထားပါတယ္။

အလားတူ ျမန္မာႏိုင္ငံက နယ္ေရာ ၿမိဳ ႔မွာပါ အစားမ်ားေနတဲ့ ငပိအတြက္လည္း ဓာတုဓါတ္ အရသာထည့္ ေစ်းေပါတဲ့ အသင့္ထုတ္ထားတာေတြ လူအမ်ား စားသုံးမိေနၾကပါတယ္။ ဒါေတြအစား အလြယ္တကူရႏိုင္တဲ့ နယ္က ငါးကင္လိုမ်ိဳးလို ႏိုင္ငံထဲ စိုက္ပ်ိဳးထုတ္လုပ္ေနတဲ့ ပဲအမ်ိဳးစုံကို တစ္ေန႔တမ်ိဳး မညည္းေအာင္ အလြယ္တကူ ခ်က္ျပဳတ္ စားသုံးသင့္ပါတယ္။ အခုလို စားလွ်င္ အသားဓာတ္အျပင္ တျခား ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြလည္း ရရွိႏိုင္ၿပီး က်န္းမာေရး ညီၫြတ္ေစပါတယ္။ ဒါေပမဲ့ အခုလိုမစားဘဲ အသင့္စာေတြ စားသုံးပုံ လြဲမွားလာေနတာေၾကာင့္ ေခတ္ေပၚ ေရာဂါမ်ိဳးစုံ ျမန္မာကိုလည္း အခု ပိုေရာက္လာေနကာ လူတခ်ဳိ ႔ စၿပီးခံစားေနရတာကို ေတြ႔ရွိထားပါတယ္။ ပိုမိုေဆးစစ္ႏိုင္လွ်င္ေတာ့ အမ်ားႀကီး ေရာဂါေတြ ပိုေတြ႔ႏိုင္ေျခ ရွိေနပါတယ္။

ဒါေၾကာင့္မို႔ အသင့္စားစရာေတြနဲ႔ အလြန္အက်င့္ပါေနသူေတြ ျဖစ္ေနလွ်င္လည္း အခုလို လက္တကမ္းမွာ ရႏိုင္တဲ့ လတ္ဆတ္တာေတြ ေျပာင္းစားတဲ့ အေလ့အက်င့္ ျပန္လုပ္လွ်င္ တျဖည္းျဖည္း ေရွာင္ႏိုင္တဲ့အက်င့္ ျပႏိုင္ပါတယ္။ အေၾကာင္းက အားလုံး ေမြးဖြားလာခ်ိန္မွာ အခုလို အသင့္စားကုန္ေတြနဲ႔ တန္းၿပီး အက်င့္ရလာခဲ့တာ မဟုတ္ဘဲ၊ တခ်ိန္မွာ စားၾကည့္ရင္း စြဲလာတဲ့သေဘာ ျဖစ္လာရတာေၾကာင့္ပါ။ အကယ္၍ အသင့္စားကုန္ေတြကို အလြန္စားခ်င္လာလွ်င္လည္း တခါတရံ (ဥပမာ ၃ လ မွ ၆ လတႀကိမ္) စားသုံးျခင္းျဖင့္ ေရာဂါေတြျဖစ္ဖို႔ အမ်ားႀကီး ေလွ်ာ့ခ်ႏိုင္တာကို ေလ့လာေတြ႔ရွိထားပါတယ္။ တကယ္ေတာ့ လွ်ပ္စစ္မီးအား မမွန္တဲ့ ျမန္မာႏိုင္ငံမွာ အသင့္စားေသာက္စရာေတြကို ေရခဲေသတၱာနဲ႔ ေရွရွည္ခံေအာင္ထားႏိုင္ဖို႔ကလည္း ခက္ခဲတာမို႔ အတတ္ႏိုင္ဆုံး ေရွာင္က်ဥ္တာ အေကာင္းဆုံး ျဖစ္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္းက နယူးေယာက္၊ Cornell တကၠသိုလ္က ႏိုင္ငံတကာ အစာအာဟာရဆိုင္ရာ ပါေမာကၡ ေဒါက္တာခင္မာခ်ိဳ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ အသင့်စားသောက်ကုန်တွေအစား မြန်မာနိုင်ငံမှာ အလွယ်တကူရတဲ့ လတ်လတ်ဆတ်ဆတ် အစာတွေကို ပြင်ဆင်စားသောက်သင့်တယ်လို့ အာဟာရပညာရှင်တွေက ဆိုပါတယ်။

ရောဂါတွေဖြစ်စေတဲ့ အသင့်လုပ် အသားလုံး အသားချောင်းတွေအပြင်၊ မြန်မာ့ရိုးရာ အသင့်စားသောက်စရာတွေကို အတတ်နိုင်ဆုံးရှောင်ကျဉ်ပြီး၊ ဈေးထဲ ဝယ်ရလွယ်တဲ့ အသားတွေ၊ ငါးတွေ ပုဇွန်တွေ ဝယ်ပြီး ချက်ပြုတ်စားခြင်းဖြင့် အန္တရာယ်ကင်းပြီး အာဟာရပိုရနိုင်ပါတယ်။ ဒီအသားငါးတွေကို အသားလုံး၊ ငါးလုံးလေးတွေကိုယ်တိုင် လုံးပြီးလည်း ခောတ်မီ ဟော့ပေါ့ (Hot Pot) ဟင်းချို၊ ကြေးအိုး စတာတွေမှာ ထည့်စားနိုင်ပါတယ်။ ဒီ လတ်ဆတ်တဲ့ အသား ငါးတွေကို ချက်ပြီး ပေါင်မုန့်တွေကြားမှာပါ ညှပ်စားနိုင်ပါတယ်။ ကော်ဖီထုတ် (Coffee Mix)၊ လ္ဘက်ရည်ထုတ် (Tea Mix) တွေ အစားလည်း လ္ဘက်ခြောက်ရေနွေးချမ်းနဲ့ ပုံမှန်ရေ သောက်တာက ပိုကောင်းပါတယ်။ အခုလို စားသုံးတာကြောင့် ကျန်းမာရေး နောက်ဆက်တွဲ ပြဿနာတွေ မကြုံရဘဲ ကျန်းမာရေးအကျိုး လက်တွေ့ရနေသူတွေကိုလည်း လေ့လာတွေ့ရှိထားပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နယ်ကလူတွေအနေနဲ့လည်း အခုခေတ်မှာ အသင့်စားစရာတချို့ကို သတိမပြုမိဘဲ လွဲမှားစားသုံးမိနေကြပါတယ်။ ဥပမာ အသင့်လုပ် လဘက်ထုတ်တွေကို ထမင်းနဲ့ ရောစားနေကြတာပါ။ မြန်မာမှာ ထူးထူးခြားခြားစားတဲ့ လဘက်က အချဉ်ဖောက်ထားပေမဲ့ အများစု အရင်လို လတ်လတ်ဆတ်ဆတ်စားလျှင် ကျန်းမာရေးအတွက်ကောင်းတဲ့ဓာတ်တချို့ ရနိုင်ပါတယ်။ ဒါပေမဲ့ အခု ဈေးပေါတဲ့ အသင့်ထုတ်ထားတာတွေ တချို့မှာတော့ ဓာတုပစ္စည်းနဲ့ ဖန်တီးထားတဲ့ ချဉ်ငံစပ် အရသာတွေကို ထည့်ထားတာတွေ့ရပြီး ရေရှည်အန္တရာယ်ရှိနိုင်ပါတယ်။ လတ်တလောမှာလည်း ဒီ အသင့်လုပ် လဘက်ထုပ်တွေကို နယ်မှာရလွယ်တဲ့ လတ်ဆတ်တာတွေ (ဥပမာ ငါးကင်) နဲ့ တွဲစားလျှင်လည်း၊ လတ်ဆတ်တာတွေကရတဲ့ အာဟာရတွေကို အူကစုပ်ယူနိုင်မူ ပိတ်ပင်ခံလိုက်ရပြီး၊ တချို့မှာ သံဓာတ်ဆုံးရှုံးတာ၊ သွေးအားနည်းလာတာတွေ တွေ့ရှိထားပါတယ်။

အလားတူ မြန်မာနိုင်ငံက နယ်ရော မြို့မှာပါ အစားများနေတဲ့ ငပိအတွက်လည်း ဓာတုဓါတ် အရသာထည့် ဈေးပေါတဲ့ အသင့်ထုတ်ထားတာတွေ လူအများ စားသုံးမိနေကြပါတယ်။ ဒါတွေအစား အလွယ်တကူရနိုင်တဲ့ နယ်က ငါးကင်လိုမျိုးလို နိုင်ငံထဲ စိုက်ပျိုးထုတ်လုပ်နေတဲ့ ပဲအမျိုးစုံကို တစ်နေ့တမျိုး မညည်းအောင် အလွယ်တကူ ချက်ပြုတ် စားသုံးသင့်ပါတယ်။ အခုလို စားလျှင် အသားဓာတ်အပြင် တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ရရှိနိုင်ပြီး ကျန်းမာရေး ညီညွတ်စေပါတယ်။ ဒါပေမဲ့ အခုလိုမစားဘဲ အသင့်စာတွေ စားသုံးပုံ လွဲမှားလာနေတာကြောင့် ခေတ်ပေါ် ရောဂါမျိုးစုံ မြန်မာကိုလည်း အခု ပိုရောက်လာနေကာ လူတချို့ စပြီးခံစားနေရတာကို တွေ့ရှိထားပါတယ်။ ပိုမိုဆေးစစ်နိုင်လျှင်တော့ အများကြီး ရောဂါတွေ ပိုတွေ့နိုင်ခြေ ရှိနေပါတယ်။

ဒါကြောင့်မို့ အသင့်စားစရာတွေနဲ့ အလွန်အကျင့်ပါနေသူတွေ ဖြစ်နေလျှင်လည်း အခုလို လက်တကမ်းမှာ ရနိုင်တဲ့ လတ်ဆတ်တာတွေ ပြောင်းစားတဲ့ အလေ့အကျင့် ပြန်လုပ်လျှင် တဖြည်းဖြည်း ရှောင်နိုင်တဲ့အကျင့် ပြနိုင်ပါတယ်။ အကြောင်းက အားလုံး မွေးဖွားလာချိန်မှာ အခုလို အသင့်စားကုန်တွေနဲ့ တန်းပြီး အကျင့်ရလာခဲ့တာ မဟုတ်ဘဲ၊ တချိန်မှာ စားကြည့်ရင်း စွဲလာတဲ့သဘော ဖြစ်လာရတာကြောင့်ပါ။ အကယ်၍ အသင့်စားကုန်တွေကို အလွန်စားချင်လာလျှင်လည်း တခါတရံ (ဥပမာ ၃ လ မှ ၆ လတကြိမ်) စားသုံးခြင်းဖြင့် ရောဂါတွေဖြစ်ဖို့ အများကြီး လျှော့ချနိုင်တာကို လေ့လာတွေ့ရှိထားပါတယ်။ တကယ်တော့ လျှပ်စစ်မီးအား မမှန်တဲ့ မြန်မာနိုင်ငံမှာ အသင့်စားသောက်စရာတွေကို ရေခဲသေတ္တာနဲ့ ရှေရှည်ခံအောင်ထားနိုင်ဖို့ကလည်း ခက်ခဲတာမို့ အတတ်နိုင်ဆုံး ရှောင်ကျဉ်တာ အကောင်းဆုံး ဖြစ်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်၊ Cornell တက္ကသိုလ်က နိုင်ငံတကာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG