သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏွလံုးေဖာက္ျခင္း ကုသမႈ 


Heart Attack Thumbnaiل

ႏွလံုးေဖာက္တာကို ကုသရာမွာ၊ ႏွလံုးစေဖာက္ၿပီး ကုသမႈခံယူႏိုင္တဲ့ ေဆးရံုေရာက္ဖို႔ ၾကာတဲ့အခ်ိန္က အေရးႀကီးဆံုးျဖစ္ကာ၊ ကုသနည္းကေတာ့ (၂) မ်ိဳးရွိတယ္လို႔ ႏွလံုးအထူးကေတြက ဆိုပါတယ္။ ႏွလံုးေဖာက္တာကုသမႈအတြက္ ႏွလံုးေသြးေၾကာ ပြင့္ေဆးေပးတဲ့နည္း (သို႔မဟုတ္) ႏွလံုးေသြးေၾကာခ်ဲ ႔တဲ့နည္းေတြနဲ႔ ကုသမႈေပးႏိုင္ၿပီး၊ အျမန္ဆံုးကုသမႈခံယူႏိုင္လွ်င္ ဒီနည္းႏွစ္ခုလံုးးရဲ့ ထိေရာက္မႈက သိပ္မကြာလွပါဘူး။ ဒီကုထံုး ႏွစ္ခုလံုးမွာ ဆိုးက်ိဳးေကာင္းက်ဳိးနဲ႔ စိန္ေခၚမႈေတြရွိေပမဲ့၊ ေနာက္ေပၚတဲ့ ႏွွလံုးေသြးေၾကာခ်ဲ ႔နည္းက အေတာ္မ်ားမ်ားအတြက္ အမ်ားႀကီး ပိုအားသာမႈရွိပါတယ္။

ပထမနည္းျဖစ္တဲ့ ႏွလံုးေသြးေၾကာပြင့္ေဆး (ေသြးခဲေပ်ာ္ေဆး) ေပးတာက အရင္ထဲက သမာရိုးက်သံုးလာခဲ့တဲ့ နည္းျဖစ္ၿပီး၊ ႏွလံုးေဖာက္ၿပီး အခ်ိန္တိုအတြင္း ကုႏိုင္တဲ့ေဆးရံု ေရာက္လာသူေတြအတြက္ ေကာင္းေပမဲ့ ဆိုးက်ိဳးနဲ႔ စိန္ေခၚမႈ ပိုမ်ားပါတယ္။ ႏွလံုးထဲခဲေနတဲ့ ေသြးေၾကာထဲ ေဆးထိုးသြင္းၿပီး ေသြးေၾကာျပန္္ပြင့္ေအာင္လုပ္တဲ့ ဒီနည္း (Fibrinolytic Agent ေဆးေတြကို ေဖ်ာ္သြင္းတာ) ရဲ့ အားနည္းခ်က္က၊ အခ်ိန္အကန္႔အသတ္ရွိတာပါ။ ဒီကုထံုးက အခုလို ေဖ်ာ္ၿပီးသံုးရကာအျပင္၊ ေဆးမတည့္တဲ့သူရွိၿပီး၊ အခ်ိန္လည္း အနည္းငယ္ (တစ္နာရီခန္႔) ေပးကာ ေဆးသြင္းရတာမို႔ နည္းနည္း ပိုၾကာသြားတတ္ပါတယ္။ ဒါ့အျပင္ ဒီေဆးရဲ့ ဆိုက်ိဳးက အခုလို ႏွလံုးထဲေသြးခဲတာကို ေပ်ာ္ေစသလို၊ တျခားေနရာေတြမွာလည္း ေသြးယိုေစၿပီး သာမန္ ႏွာေခါင္းနဲ႔ သြားဖံုးက ေသြးယိုတာကေန၊ တခါတရံ ဆီးထဲေသြးပါလာတာ၊ ပိုျပင္းထန္လာလွ်င္ အစာအိမ္ေသြးယိုတာ၊ ဒိထက္ ပိုျပင္းထန္လာလွ်င္ေတာ့ ဦးေႏွာက္ကေန ေသြးယိုကာ၊ ေလျဖတ္ၿပီး ေနာက္ဆံုး အသက္ေသဆံုးတာအထိ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီကုထံုးေပးတာက၊ ႏွလံုးစေဖာက္ၿပီး ၁၂ နာရီထက္ေက်ာ္လို႔ေတာ့ မရပါဘူး။

ဒါ့အျပင္ ေနာက္စိန္ေခၚမႈက ဒီႏွလံုးေသြးေၾကာပြင့္ ေဆးသြင္းတဲ့သူတိုင္းမွာ ႏွလံုးေသြးေၾကာ ျပန္မပြင့္ေစဘဲ၊ လူနာ ၆၀% မွာေတာ့ ျပန္ပြင့္ေစေပမဲ့၊ အခုလို ျပန္ပြင့္ၿပီးလွ်င္လည္း မၾကာခင္ (၄၈ နာရီအတြင္း) ေသြးခဲျပန္ျဖစ္ကာ ျပန္ပိတ္သြားႏိုင္ေျခ ရွိေနတာပါ။ ဒါေၾကာင့္ ေသြးေၾကာပိတ္ ႏွလံုးေဖာက္ၿပီး ၁၂ နာရီေက်ာ္မွ ဒီ ႏွလံုးေသြးေၾကာပြင့္ ေဆးကုထံုးေပးလွ်င္ေတာ့ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးေတြသာ ပိုမ်ားသြားေတာ့မွာမို႔ မေပးသင့္ပါဘူး။ ဒါေပမဲ့ ႏွလံုးစေဖာက္ၿပီး ၁၂ နာရီမတိုင္ခင္မွာ ဒီႏွလံုးေသြးေၾကာပြင့္ေဆး ေပးတာကေတာ့၊ ဘာမွမေပးတာထက္ အမ်ားႀကီးပိုေကာင္းကာ၊ ဆိုးက်ိဳးေတြကို ေဆးရံုမွာ အနီးကပ္ေစာင့္ၾကည့္ၿပီး လိုအပ္သလို ကုသမႈတြဲေပးကာ သက္သာေအာင္ ကုသေပးႏုိင္ပါတယ္။ တကယ္ေတာ့၊ ႏွလံုးေသြးေၾကာပိတ္အၿပီး ပထမ ၁ နာရီအတြင္း ေဆးရံုေရာက္ ကုသမႈခံယူႏိုင္သူေတြကို ဒီကုထံုးေပးႏိုင္လွ်င္ အေကာင္းဆံုးျဖစ္ၿပီး၊ ၃ နာရီအတြင္းလည္း အေတာ္ေကာင္းေသးကာ၊ ၁၂ နာရီအထိလည္း အခြင့္အလမ္း ပြင့္ေနပါေသးတယ္။ ဒါေၾကာင့္ ႏွလံုးစေဖာက္တဲ့ ႏွလံုးေသြးေၾကာစပိတ္ခ်ိန္ကို မွတ္ထားဖို႔က အထူးအေရးႀကီးပါတယ္။

ေနာက္ေပၚလာတဲ့ ႏွလံုးေသြးေၾကာခ်ဲ ႔နည္းကေတာ့၊ ႏွလံုးေသြးေၾကာက်ဥ္း ေသြးေၾကာပိတ္သူေတြကို အေရျပားက သာမန္သာေဖာက္ၿပီး ႏွလံုးေသြးေၾကာခ်ဲ ႔ေပးတာပါ။ ဒါကို အရင္ရက္ခ်ိန္ေပးၿပီး ႏွလံုးေသြးေၾကာခ်ဲ ႔ကုထံုး (Elective PCI – Percutaneous Coronary Intervention) ေပးတာကေန၊ အခု ရုတ္တရက္ ႏွလံုးေဖာက္တာအတြက္ အေရးေပၚ ႏွလံုးေသြးေၾကာခ်ဲ ႔ကုထံုး (Primary PCI) ေပးတာအထိ ကုသေပးႏိုင္လာၿပီး၊ စိန္ေခၚမႈတခ်ဳိ ႔ရွိေပမဲ့၊ သမာရိုးက် ေသြးေၾကာပြင့္ ေဆးသြင္းကုသမႈထက္ အမ်ားႀကီး ပိုထိေရာက္ေနပါတယ္။ ဒီေနာက္ေပၚနည္းနဲ႔ ကုသရာမွာ အရင္ေဆးသြင္းကုသနည္းလို ေသြးခဲေပ်ာ္ေဆးအဆင့္ထိ ေပးစရာမလိုဘဲ၊ သာမန္ေသြးက်ဲေဆး (Heparin ၊ Enoxaparin စတာ) အဆင့္သာ ေပးရတာမို႔၊ ပထမနည္းလို ႀကီးမားတဲ့ ေသြးယိုစီးမႈေတြ မျဖစ္ႏိုင္ေတာ့ပါဘူး။ ဒါ့အျပင္ ေဆးေဖ်ာ္ဖို႔ အခ်ိန္မကုန္ဘဲ၊ အလြယ္ဆံုးအဆင့္မွာ ၁၀ မိနစ္ကေန ၁၅ မိနစ္အတြင္း ကုထံုးတစ္ခုလံုး ျပီးသြားႏိုင္ပါတယ္။ ေနာက္ ႏွလံုးေသြးေၾကာပြင့္သြားၿပီးလွ်င္လည္း က်န္ေနတဲ့ က်ဥ္းေနတဲ့ေနရာအတြက္ပါ ခ်က္ခ်င္း Stent (ပိုက္ကေလး) ထည့္ ခ်ဲ ႔ထားေပးႏိုင္တာမို႔၊ အရင္သမာရိုးက်နည္းလို ၄၈ နာရီအတြင္း ေသြးခဲျပန္ျဖစ္ႏိုင္ေျခကလည္း နည္းသြားတာအျပင္၊ ေသြးေၾကာပိတ္အၿပီး ေဆးရံုေရာက္ကုသမႈခံဖို႔ ၾကာႏိုင္ခ်ိန္ကလည္း အရင္လို ၁၂ နာရီမကဘဲ၊ ၂၄ ကေန အခုေနာက္ဆံုး ၄၈ နာရီအထိ ပိုအခ်ိန္ရလာပါတယ္။ အခုလို အားသာခ်က္ေတြပိုမ်ားတာေၾကာင့္ သမာရိုးက် ေသြးေၾကာပြင့္ ေဆးသြင္းတဲ့နည္းထက္၊ ဒီေနာက္ေပၚေသြးေၾကာခ်ဲ ႔နည္းကို လူႀကိဳက္ပိုမ်ားလာပါတယ္။

ဒါေပမဲ့ ဒီေနာက္ေပၚ ႏွလံုးေသြးေၾကာခ်ဲ ႔ကုထံုးမွာလည္း စိန္ေခၚမႈ တခ်ဳိ ႔ေတာ့ရွိေနပါတယ္။ အဓိကကေတာ့ ႏွလံုးေသြးေၾကာပြင့္ ေဆးသံုးႏိုင္တဲ့ အလယ္အလတ္အဆင့္ ေဆးရံုမွာ မလုပ္ေပးႏိုင္ဘဲ၊ စက္ပစၥည္းကိရိယာ ျပည့္စံုတဲ့ အဆင့္ျမင့္ေဆးရံုႀကီးေတြမွာပဲ ႏွလံုးေသြးေၾကာခ်ဲ ႔တာ လုပ္ေပးႏိုင္ကာ၊ ကၽြမ္းက်င္တဲ့ ႏွလံုးေသြးေၾကာခ်ဲ ႔ အထူးကုေတြ ရွိထားဖို႔အျပင္၊ ကုန္က်စရိတ္လည္း အမ်ားႀကီး ပိုမ်ားလာတာပါ။ သမာရိုးက်နည္းျဖစ္တဲ့ ေသြးေၾကာပြင့္ေဆးထိုးတာက ေငြေသာင္းဂဏန္းေတြ (၄ေသာင္းကေန ၈ ေသာင္းက်ပ္ခန္႔) သာကုန္က်ေပမဲ့၊ အခု ေနာက္ေပၚေသြးေၾကာခ်ဲ ႔နည္းကေတာ့ က်ပ္ေငြသိန္းဆယ္ဂဏန္းအထိ ကုန္က်ႏိုင္ပါတယ္။ ဒါေပမဲ့လည္း ေနာက္ဆံုးရလာတဲ့ ရလဒ္မွာေတာ့ ဒီေနာက္ေပၚ ေသြးေၾကာခ်ဲ.နည္းက၊ အရင္ေသြးေၾကာပြင့္ေဆးနည္းထက္ အမ်ားႀကီးကို ပိုအားသာ ထိေရာက္ေနပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္းက မႏၱေလးေဆးရံုႀကီးက ႏွလံုးေရာဂါအထူးကုနဲ႔ မႏၱေလးေဆးတကၠသိုလ္၊ ႏွလံုးေရာဂါအထူးကုဌာန ပါေမာကၡဌာနမွဴး ေဒါက္တာေက်ာ္စိုးဝင္း ကို ဆက္သြယ္ေမးျမန္းထားတာပါ။

=== Unicode ====

နှလုံးဖောက်တာကို ကုသရာမှာ၊ နှလုံးစဖောက်ပြီး ကုသမှုခံယူနိုင်တဲ့ ဆေးရုံရောက်ဖို့ ကြာတဲ့အချိန်က အရေးကြီးဆုံးဖြစ်ကာ၊ ကုသနည်းကတော့ (၂) မျိုးရှိတယ်လို့ နှလုံးအထူးကတွေက ဆိုပါတယ်။ နှလုံးဖောက်တာကုသမှုအတွက် နှလုံးသွေးကြော ပွင့်ဆေးပေးတဲ့နည်း (သို့မဟုတ်) နှလုံးသွေးကြောချဲ့တဲ့နည်းတွေနဲ့ ကုသမှုပေးနိုင်ပြီး၊ အမြန်ဆုံးကုသမှုခံယူနိုင်လျှင် ဒီနည်းနှစ်ခုလုံးရဲ့ ထိရောက်မှုက သိပ်မကွာလှပါဘူး။ ဒီကုထုံး နှစ်ခုလုံးမှာ ဆိုးကျိုးကောင်းကျိုးနဲ့ စိန်ခေါ်မှုတွေရှိပေမဲ့၊ နောက်ပေါ်တဲ့ နှလုံးသွေးကြောချဲ့နည်းက အတော်များများအတွက် အများကြီး ပိုအားသာမှုရှိပါတယ်။

ပထမနည်းဖြစ်တဲ့ နှလုံးသွေးကြောပွင့်ဆေး (သွေးခဲပျော်ဆေး) ပေးတာက အရင်ထဲက သမာရိုးကျသုံးလာခဲ့တဲ့ နည်းဖြစ်ပြီး၊ နှလုံးဖောက်ပြီး အချိန်တိုအတွင်း ကုနိုင်တဲ့ဆေးရုံ ရောက်လာသူတွေအတွက် ကောင်းပေမဲ့ ဆိုးကျိုးနဲ့ စိန်ခေါ်မှု ပိုများပါတယ်။ နှလုံးထဲခဲနေတဲ့ သွေးကြောထဲ ဆေးထိုးသွင်းပြီး သွေးကြောပြန်ပွင့်အောင်လုပ်တဲ့ ဒီနည်း (Fibrinolytic Agent ဆေးတွေကို ဖျော်သွင်းတာ) ရဲ့ အားနည်းချက်က၊ အချိန်အကန့်အသတ်ရှိတာပါ။ ဒီကုထုံးက အခုလို ဖျော်ပြီးသုံးရကာအပြင်၊ ဆေးမတည့်တဲ့သူရှိပြီး၊ အချိန်လည်း အနည်းငယ် (တစ်နာရီခန့်) ပေးကာ ဆေးသွင်းရတာမို့ နည်းနည်း ပိုကြာသွားတတ်ပါတယ်။ ဒါ့အပြင် ဒီဆေးရဲ့ ဆိုကျိုးက အခုလို နှလုံးထဲသွေးခဲတာကို ပျော်စေသလို၊ တခြားနေရာတွေမှာလည်း သွေးယိုစေပြီး သာမန် နှာခေါင်းနဲ့ သွားဖုံးက သွေးယိုတာကနေ၊ တခါတရံ ဆီးထဲသွေးပါလာတာ၊ ပိုပြင်းထန်လာလျှင် အစာအိမ်သွေးယိုတာ၊ ဒိထက် ပိုပြင်းထန်လာလျှင်တော့ ဦးနှောက်ကနေ သွေးယိုကာ၊ လေဖြတ်ပြီး နောက်ဆုံး အသက်သေဆုံးတာအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီကုထုံးပေးတာက၊ နှလုံးစဖောက်ပြီး ၁၂ နာရီထက်ကျော်လို့တော့ မရပါဘူး။

ဒါ့အပြင် နောက်စိန်ခေါ်မှုက ဒီနှလုံးသွေးကြောပွင့် ဆေးသွင်းတဲ့သူတိုင်းမှာ နှလုံးသွေးကြော ပြန်မပွင့်စေဘဲ၊ လူနာ ၆၀% မှာတော့ ပြန်ပွင့်စေပေမဲ့၊ အခုလို ပြန်ပွင့်ပြီးလျှင်လည်း မကြာခင် (၄၈ နာရီအတွင်း) သွေးခဲပြန်ဖြစ်ကာ ပြန်ပိတ်သွားနိုင်ခြေ ရှိနေတာပါ။ ဒါကြောင့် သွေးကြောပိတ် နှလုံးဖောက်ပြီး ၁၂ နာရီကျော်မှ ဒီ နှလုံးသွေးကြောပွင့် ဆေးကုထုံးပေးလျှင်တော့ ကောင်းကျိုးထက် ဆိုးကျိုးတွေသာ ပိုများသွားတော့မှာမို့ မပေးသင့်ပါဘူး။ ဒါပေမဲ့ နှလုံးစဖောက်ပြီး ၁၂ နာရီမတိုင်ခင်မှာ ဒီနှလုံးသွေးကြောပွင့်ဆေး ပေးတာကတော့၊ ဘာမှမပေးတာထက် အများကြီးပိုကောင်းကာ၊ ဆိုးကျိုးတွေကို ဆေးရုံမှာ အနီးကပ်စောင့်ကြည့်ပြီး လိုအပ်သလို ကုသမှုတွဲပေးကာ သက်သာအောင် ကုသပေးနိုင်ပါတယ်။ တကယ်တော့၊ နှလုံးသွေးကြောပိတ်အပြီး ပထမ ၁ နာရီအတွင်း ဆေးရုံရောက် ကုသမှုခံယူနိုင်သူတွေကို ဒီကုထုံးပေးနိုင်လျှင် အကောင်းဆုံးဖြစ်ပြီး၊ ၃ နာရီအတွင်းလည်း အတော်ကောင်းသေးကာ၊ ၁၂ နာရီအထိလည်း အခွင့်အလမ်း ပွင့်နေပါသေးတယ်။ ဒါကြောင့် နှလုံးစဖောက်တဲ့ နှလုံးသွေးကြောစပိတ်ချိန်ကို မှတ်ထားဖို့က အထူးအရေးကြီးပါတယ်။

နောက်ပေါ်လာတဲ့ နှလုံးသွေးကြောချဲ့နည်းကတော့၊ နှလုံးသွေးကြောကျဉ်း သွေးကြောပိတ်သူတွေကို အရေပြားက သာမန်သာဖောက်ပြီး နှလုံးသွေးကြောချဲ့ပေးတာပါ။ ဒါကို အရင်ရက်ချိန်ပေးပြီး နှလုံးသွေးကြောချဲ့ကုထုံး (Elective PCI – Percutaneous Coronary Intervention) ပေးတာကနေ၊ အခု ရုတ်တရက် နှလုံးဖောက်တာအတွက် အရေးပေါ် နှလုံးသွေးကြောချဲ့ကုထုံး (Primary PCI) ပေးတာအထိ ကုသပေးနိုင်လာပြီး၊ စိန်ခေါ်မှုတချို့ရှိပေမဲ့၊ သမာရိုးကျ သွေးကြောပွင့် ဆေးသွင်းကုသမှုထက် အများကြီး ပိုထိရောက်နေပါတယ်။ ဒီနောက်ပေါ်နည်းနဲ့ ကုသရာမှာ အရင်ဆေးသွင်းကုသနည်းလို သွေးခဲပျော်ဆေးအဆင့်ထိ ပေးစရာမလိုဘဲ၊ သာမန်သွေးကျဲဆေး (Heparin ၊ Enoxaparin စတာ) အဆင့်သာ ပေးရတာမို့၊ ပထမနည်းလို ကြီးမားတဲ့ သွေးယိုစီးမှုတွေ မဖြစ်နိုင်တော့ပါဘူး။ ဒါ့အပြင် ဆေးဖျော်ဖို့ အချိန်မကုန်ဘဲ၊ အလွယ်ဆုံးအဆင့်မှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်အတွင်း ကုထုံးတစ်ခုလုံး ပြီးသွားနိုင်ပါတယ်။ နောက် နှလုံးသွေးကြောပွင့်သွားပြီးလျှင်လည်း ကျန်နေတဲ့ ကျဉ်းနေတဲ့နေရာအတွက်ပါ ချက်ချင်း Stent (ပိုက်ကလေး) ထည့် ချဲ့ထားပေးနိုင်တာမို့၊ အရင်သမာရိုးကျနည်းလို ၄၈ နာရီအတွင်း သွေးခဲပြန်ဖြစ်နိုင်ခြေကလည်း နည်းသွားတာအပြင်၊ သွေးကြောပိတ်အပြီး ဆေးရုံရောက်ကုသမှုခံဖို့ ကြာနိုင်ချိန်ကလည်း အရင်လို ၁၂ နာရီမကဘဲ၊ ၂၄ ကနေ အခုနောက်ဆုံး ၄၈ နာရီအထိ ပိုအချိန်ရလာပါတယ်။ အခုလို အားသာချက်တွေပိုများတာကြောင့် သမာရိုးကျ သွေးကြောပွင့် ဆေးသွင်းတဲ့နည်းထက်၊ ဒီနောက်ပေါ်သွေးကြောချဲ့နည်းကို လူကြိုက်ပိုများလာပါတယ်။

ဒါပေမဲ့ ဒီနောက်ပေါ် နှလုံးသွေးကြောချဲ့ကုထုံးမှာလည်း စိန်ခေါ်မှု တချို့တော့ရှိနေပါတယ်။ အဓိကကတော့ နှလုံးသွေးကြောပွင့် ဆေးသုံးနိုင်တဲ့ အလယ်အလတ်အဆင့် ဆေးရုံမှာ မလုပ်ပေးနိုင်ဘဲ၊ စက်ပစ္စည်းကိရိယာ ပြည့်စုံတဲ့ အဆင့်မြင့်ဆေးရုံကြီးတွေမှာပဲ နှလုံးသွေးကြောချဲ့တာ လုပ်ပေးနိုင်ကာ၊ ကျွမ်းကျင်တဲ့ နှလုံးသွေးကြောချဲ့ အထူးကုတွေ ရှိထားဖို့အပြင်၊ ကုန်ကျစရိတ်လည်း အများကြီး ပိုများလာတာပါ။ သမာရိုးကျနည်းဖြစ်တဲ့ သွေးကြောပွင့်ဆေးထိုးတာက ငွေသောင်းဂဏန်းတွေ (၄သောင်းကနေ ၈ သောင်းကျပ်ခန့်) သာကုန်ကျပေမဲ့၊ အခု နောက်ပေါ်သွေးကြောချဲ့နည်းကတော့ ကျပ်ငွေသိန်းဆယ်ဂဏန်းအထိ ကုန်ကျနိုင်ပါတယ်။ ဒါပေမဲ့လည်း နောက်ဆုံးရလာတဲ့ ရလဒ်မှာတော့ ဒီနောက်ပေါ် သွေးကြောချဲ.နည်းက၊ အရင်သွေးကြောပွင့်ဆေးနည်းထက် အများကြီးကို ပိုအားသာ ထိရောက်နေပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မန္တလေးဆေးရုံကြီးက နှလုံးရောဂါအထူးကုနဲ့ မန္တလေးဆေးတက္ကသိုလ်၊ နှလုံးရောဂါအထူးကုဌာန ပါမောက္ခဌာနမှူး ဒေါက်တာကျော်စိုးဝင်း ကို ဆက်သွယ်မေးမြန်းထားတာပါ။

XS
SM
MD
LG