ျမန္မာႏိုင္ငံမွာ ႏွလုံးေရာဂါ ျဖစ္မွာကို စိုးရိမ္ၿပီး၊ ႏွလုံးေရာဂါ ရွိ၊ မရွိ၊ ႀကိဳတင္ သိခ်င္သူေတြ မ်ားလာေနတယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။
ျမန္မာႏိုင္ငံမွာလည္း သတင္းမီဒီယာေတြနဲ႔ အင္တာနက္ေတြကတဆင့္ ႏွလုံးေရာဂါဆိုင္ရာ အသိဉာဏ္ ပိုတိုးလာခ်ိန္မွာ၊ ဒီေရာဂါ ရွိ၊မရွိနဲ႔၊ ရွိလာလွ်င္လည္း ေစာေစာသိ ေစာေစာကုသခ်င္သူေတြ မ်ားလာေနပါတယ္။ ေဆး႐ုံေတြဘက္လည္း ႏွလုံးေရာဂါ စတင္အေျခခံလာႏိုင္တဲ့ ေမြးကင္းစအ႐ြယ္ကစၿပီး စစ္ေဆးေပးတာေတြ ပိုလုပ္လာေနေပမယ့္၊ လြတ္သြားတာေတြ ရွိႏိုင္ပါတယ္။ အသက္အ႐ြယ္ ရလာခ်ိန္မွာေတာ့၊ မိမိ အနားက လူေတြႏွလုံးေရာဂါ ျဖစ္လာခ်ိန္မွာ၊ ကိုယ္တိုင္လည္း ရွိမရွိ စိုးရိမ္တာေၾကာင့္၊ ႏွလုံးေရာဂါ ရွိမရွိ ဆရာဝန္ေတြကို ပိုေမးလာေနပါတယ္။
ပထမ သတိျပဳရမွာက ႏွလုံးေရာဂါ ဆက္ျဖစ္ေစႏိုင္တဲ့ ေသြးတိုး၊ ဆီးခ်ိဳနဲ႔ ေလးဘက္နာေရာဂါ အခံရွိထားသူေတြမွာ ႏွလုံးေရာဂါ ရွိ၊မရွိ စစ္ေဆးဖို႔ အေရးႀကီးတာပါ။ ေသြးတိုးေရာဂါရွိလာခ်ိန္မွာ ႏွလုံးကို ဒဏ္ပိၿပီး၊ ႏွလုံးႀကီးလာကာ၊ ႏွလုံညႇစ္အားက်ၿပီး၊ ႏွလုံးအားျပတ္ေရာဂါ (Left Ventricular Failure) ျဖစ္လာႏိုင္ကာ၊ ႀကိဳမသိထားရင္ ႏွလုံးဆို႔ၾကပ္ခ်ိန္ ေဆး႐ုံပို႔ရမွ ေနာက္က်ၿပီး သိတတ္ၾကပါတယ္။ အျဖစ္မ်ားလာတဲ့ ဆီးခ်ိဳကလည္း ဆီးနဲ႔ပတ္သက္သလိုျဖစ္ေပမယ့္ အဓိက ေသြးေၾကာမႀကီးေတြ၊ ေသြးေၾကာလတ္ေတြ (ႏွလုံးရွိေသြးေၾကာမႀကီးေတြအပါအဝင္) သြားထိခိုက္ေစကာ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ (ဥပမာ၊ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ - Coronary Artery Disease) ျဖစ္ေစႏိုင္ပါတယ္။ ဒါ့အျပင္ ျမန္မာႏိုင္ငံမွာ ႏွလုံးေရာဂါ ဆက္ျဖစ္ေစမူ အမ်ားဆုံးျဖစ္လာတဲ့ ေလးဘက္နာေရာဂါမွာလည္း၊ ငယ္စဥ္ (၅ ႏွစ္ ၁၅ ႏွစ္ ဝန္းက်င္) လကၡဏာျပခ်ိန္မွာ (အဆစ္ေရာင္၊ လည္ေခ်ာင္းနာ၊ ရင္ဘတ္ေအာင့္)၊ ၾကပ္ၾကပ္မတ္မတ္ မကုသႏိုင္လွ်င္ ေနာက္ဆက္တြဲအျဖစ္ ႏွလုံးအဆို႔ရွင္ေတြ (Aortic Valve၊ Mitral Valve စတာ) ပ်က္စီးတဲ့ေရာဂါေတြျဖစ္လာပါတယ္။
ေနာက္ သတိျပဳသင့္တာက အရက္၊ ေဆးလိပ္နဲ႔ အဆီ အလြန္အကြၽံ စားေသာက္မူပါ။ ျမန္မာႏိုင္ငံမွာ အရက္ ေသာက္သုံးသူမ်ားလာၿပီး၊ အရက္ကို ၾကာရွည္ေသာက္တာေၾကာင့္ ကုရမလြယ္တဲ့ ႏွလုံးႂကြက္သားေတြ ပ်က္စီးတာ (Alcoholic Cardiomyopathy) ျဖစ္လာတတ္ပါတယ္။ ႏွလုံးေသြးေၾကာနဲ႔ အဆို႔ေတြထိခိုက္တာကို ခြဲစိတ္ကုသ ျပင္ဆင္ေပးႏိုင္ေပမယ့္ ႏွလုံးႂကြက္သား ပ်က္တာကေတာ့ ခြဲစိတ္ျပင္ေပးလို႔မရဘဲ၊ ႏွလုံးတစ္ခုလုံး အစားထိုးမွရပါတယ္။ ဒါ့အျပင္ ေဆးလိပ္ေသာက္တာေၾကာင့္လည္း ႏွလုံးေသြးေၾကာေတြ ပ်က္စီးေစတာမို႔ ေဆးလိပ္အလြန္အကြၽံ ေသာက္သူေတြမွာ ေသြးေၾကာက်ဥ္းမက်ဥ္း ပုံမွန္စစ္ေဆးသင့္ပါတယ္။ ျမန္မာႏိုင္ငံမွာ အေနာက္ႏိုင္ငံမွာလို အဆီမ်ားတဲ့ ခ်ိစ္ (Cheese) နဲ႔ ေထာပတ္ အမ်ားႀကီးမစားေပမယ့္ ဟင္းႏွစ္အဆီနဲ႔ အေၾကာ္စာ အစားမ်ားလြန္းၿပီး၊ ႏိုင္ငံျခားက အဝင္မ်ားလာတဲ့ အသင့္စား ဆီေၾကာ္စာ (ဥပမာ- ၾကက္ေၾကာ္၊ ဘာဂါ) ေရာင္းတဲ့ဆိုင္ (KFC, Burger King စတာ) ေတြမွာ အစားမ်ားလာတာေၾကာင့္၊ အဆီမ်ားၿပီး ေသြးေၾကာပိတ္တဲ့ေရာဂါ (Hyperlipidemia) လည္း အျဖစ္မ်ားလာေနပါတယ္။
ဒါေၾကာင့္ ေနာက္ဆုံး သတိျပဳရမွာက ႏွလုံးေရာဂါ လကၡဏာေတြပါ။ ႏွလုံးေသြးေၾကာက်ဥ္းေရာဂါ ျဖစ္လာလွ်င္ အဓိက အေမာမလုံေတာ့ပါဘူး။ သာမန္ အျမင့္တက္ခ်ိန္ အျခားပုံမွန္လူေတြလို မတက္ႏိုင္တာ၊ လမ္းျမန္ျမန္ မေလွ်ာက္ႏိုင္ေတာ့တာ၊ အနည္းငယ္လႈပ္ရွားလိုက္လွ်င္ ေခြၽးအမ်ားႀကီးထြက္လာတာ၊ ရင္ဘတ္တင္းၾကပ္ၿပီး ညႇစ္ထားသလိုျဖစ္လာကာ၊ ဆို႔ၾကပ္ၿပီး၊ ေအာင့္လာတာေတြ ျဖစ္လာေလ့ရွိပါတယ္။ ေသြးတိုးရွိထားသူေတြမွာလည္း ေသြးတိုးေရာဂါလကၡဏာေတြျဖစ္တဲ့ ေခါင္းကိုက္တာ၊ ေခါင္းအုံတာ၊ ေခါင္းမၾကည္တာေတြကို သတိျပဳမိၿပီး၊ အထက္ပါ ႏွလုံးေရာဂါလကၡဏာေတြကို ပိုသတိျပဳသင့္ပါတယ္။ ျပႆနာက တခ်ဳိ ႔လူေတြမွာ (အထူးသျဖင့္ ေဝးလံေခါင္ဖ်ားေဒသမွာ ေနထိုင္သူေတြ) ဒီ ေသြးတိုးေရာဂါ ရွိေနတာကိုေတာင္ မသိၾကပါဘူး။ အရက္နဲ႔ ေဆးလိပ္ေသာက္သူေတြမွာလည္း ေမာလာတာ၊ ေဖာလာတာ၊ ရင္ထဲ တလွပ္လွပ္ ျဖစ္လာတာေတြရွိလာလွ်င္ ႏွလုံးေရာဂါ ရွိမရွိ အျမန္ စစ္ေဆးသင့္ပါတယ္။
ဒီေရာဂါဆိုင္ရာအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က ႏွလုံးခြဲစိပ္ အထူးကုဆရာဝန္ႀကီး၊ ႏွလုံးႏွင့္ေသြးေၾကာေရာဂါ ခြဲစိပ္ကုဌာန အၿငိမ္းစားပါေမာကၡ ဌာနမွဴး ေဒါက္တာခင္ေမာင္ေအး ကို ဆက္သြယ္ေမးျမန္းတင္ျပထားပါတယ္။
===Unicode===
မြန်မာနိုင်ငံမှာ နှလုံးရောဂါ ဖြစ်မှာကို စိုးရိမ်ပြီး၊ နှလုံးရောဂါ ရှိ၊ မရှိ၊ ကြိုတင် သိချင်သူတွေ များလာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာလည်း သတင်းမီဒီယာတွေနဲ့ အင်တာနက်တွေကတဆင့် နှလုံးရောဂါဆိုင်ရာ အသိဉာဏ် ပိုတိုးလာချိန်မှာ၊ ဒီရောဂါ ရှိ၊မရှိနဲ့၊ ရှိလာလျှင်လည်း စောစောသိ စောစောကုသချင်သူတွေ များလာနေပါတယ်။ ဆေးရုံတွေဘက်လည်း နှလုံးရောဂါ စတင်အခြေခံလာနိုင်တဲ့ မွေးကင်းစအရွယ်ကစပြီး စစ်ဆေးပေးတာတွေ ပိုလုပ်လာနေပေမယ့်၊ လွတ်သွားတာတွေ ရှိနိုင်ပါတယ်။ အသက်အရွယ် ရလာချိန်မှာတော့၊ မိမိ အနားက လူတွေနှလုံးရောဂါ ဖြစ်လာချိန်မှာ၊ ကိုယ်တိုင်လည်း ရှိမရှိ စိုးရိမ်တာကြောင့်၊ နှလုံးရောဂါ ရှိမရှိ ဆရာဝန်တွေကို ပိုမေးလာနေပါတယ်။
ပထမ သတိပြုရမှာက နှလုံးရောဂါ ဆက်ဖြစ်စေနိုင်တဲ့ သွေးတိုး၊ ဆီးချိုနဲ့ လေးဘက်နာရောဂါ အခံရှိထားသူတွေမှာ နှလုံးရောဂါ ရှိ၊မရှိ စစ်ဆေးဖို့ အရေးကြီးတာပါ။ သွေးတိုးရောဂါရှိလာချိန်မှာ နှလုံးကို ဒဏ်ပိပြီး၊ နှလုံးကြီးလာကာ၊ နှလုံညှစ်အားကျပြီး၊ နှလုံးအားပြတ်ရောဂါ (Left Ventricular Failure) ဖြစ်လာနိုင်ကာ၊ ကြိုမသိထားရင် နှလုံးဆို့ကြပ်ချိန် ဆေးရုံပို့ရမှ နောက်ကျပြီး သိတတ်ကြပါတယ်။ အဖြစ်များလာတဲ့ ဆီးချိုကလည်း ဆီးနဲ့ပတ်သက်သလိုဖြစ်ပေမယ့် အဓိက သွေးကြောမကြီးတွေ၊ သွေးကြောလတ်တွေ (နှလုံးရှိသွေးကြောမကြီးတွေအပါအဝင်) သွားထိခိုက်စေကာ၊ နှလုံးသွေးကြောကျဉ်းရောဂါ (ဥပမာ၊ နှလုံးသွေးကြောကျဉ်းရောဂါ - Coronary Artery Disease) ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ နှလုံးရောဂါ ဆက်ဖြစ်စေမူ အများဆုံးဖြစ်လာတဲ့ လေးဘက်နာရောဂါမှာလည်း၊ ငယ်စဉ် (၅ နှစ် ၁၅ နှစ် ဝန်းကျင်) လက္ခဏာပြချိန်မှာ (အဆစ်ရောင်၊ လည်ချောင်းနာ၊ ရင်ဘတ်အောင့်)၊ ကြပ်ကြပ်မတ်မတ် မကုသနိုင်လျှင် နောက်ဆက်တွဲအဖြစ် နှလုံးအဆို့ရှင်တွေ (Aortic Valve၊ Mitral Valve စတာ) ပျက်စီးတဲ့ရောဂါတွေဖြစ်လာပါတယ်။
နောက် သတိပြုသင့်တာက အရက်၊ ဆေးလိပ်နဲ့ အဆီ အလွန်အကျွံ စားသောက်မူပါ။ မြန်မာနိုင်ငံမှာ အရက် သောက်သုံးသူများလာပြီး၊ အရက်ကို ကြာရှည်သောက်တာကြောင့် ကုရမလွယ်တဲ့ နှလုံးကြွက်သားတွေ ပျက်စီးတာ (Alcoholic Cardiomyopathy) ဖြစ်လာတတ်ပါတယ်။ နှလုံးသွေးကြောနဲ့ အဆို့တွေထိခိုက်တာကို ခွဲစိတ်ကုသ ပြင်ဆင်ပေးနိုင်ပေမယ့် နှလုံးကြွက်သား ပျက်တာကတော့ ခွဲစိတ်ပြင်ပေးလို့မရဘဲ၊ နှလုံးတစ်ခုလုံး အစားထိုးမှရပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့်လည်း နှလုံးသွေးကြောတွေ ပျက်စီးစေတာမို့ ဆေးလိပ်အလွန်အကျွံ သောက်သူတွေမှာ သွေးကြောကျဉ်းမကျဉ်း ပုံမှန်စစ်ဆေးသင့်ပါတယ်။ မြန်မာနိုင်ငံမှာ အနောက်နိုင်ငံမှာလို အဆီများတဲ့ ချိစ် (Cheese) နဲ့ ထောပတ် အများကြီးမစားပေမယ့် ဟင်းနှစ်အဆီနဲ့ အကြော်စာ အစားများလွန်းပြီး၊ နိုင်ငံခြားက အဝင်များလာတဲ့ အသင့်စား ဆီကြော်စာ (ဥပမာ- ကြက်ကြော်၊ ဘာဂါ) ရောင်းတဲ့ဆိုင် (KFC, Burger King စတာ) တွေမှာ အစားများလာတာကြောင့်၊ အဆီများပြီး သွေးကြောပိတ်တဲ့ရောဂါ (Hyperlipidemia) လည်း အဖြစ်များလာနေပါတယ်။
ဒါကြောင့် နောက်ဆုံး သတိပြုရမှာက နှလုံးရောဂါ လက္ခဏာတွေပါ။ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်လာလျှင် အဓိက အမောမလုံတော့ပါဘူး။ သာမန် အမြင့်တက်ချိန် အခြားပုံမှန်လူတွေလို မတက်နိုင်တာ၊ လမ်းမြန်မြန် မလျှောက်နိုင်တော့တာ၊ အနည်းငယ်လှုပ်ရှားလိုက်လျှင် ချွေးအများကြီးထွက်လာတာ၊ ရင်ဘတ်တင်းကြပ်ပြီး ညှစ်ထားသလိုဖြစ်လာကာ၊ ဆို့ကြပ်ပြီး၊ အောင့်လာတာတွေ ဖြစ်လာလေ့ရှိပါတယ်။ သွေးတိုးရှိထားသူတွေမှာလည်း သွေးတိုးရောဂါလက္ခဏာတွေဖြစ်တဲ့ ခေါင်းကိုက်တာ၊ ခေါင်းအုံတာ၊ ခေါင်းမကြည်တာတွေကို သတိပြုမိပြီး၊ အထက်ပါ နှလုံးရောဂါလက္ခဏာတွေကို ပိုသတိပြုသင့်ပါတယ်။ ပြဿနာက တချို့လူတွေမှာ (အထူးသဖြင့် ဝေးလံခေါင်ဖျားဒေသမှာ နေထိုင်သူတွေ) ဒီ သွေးတိုးရောဂါ ရှိနေတာကိုတောင် မသိကြပါဘူး။ အရက်နဲ့ ဆေးလိပ်သောက်သူတွေမှာလည်း မောလာတာ၊ ဖောလာတာ၊ ရင်ထဲ တလှပ်လှပ် ဖြစ်လာတာတွေရှိလာလျှင် နှလုံးရောဂါ ရှိမရှိ အမြန် စစ်ဆေးသင့်ပါတယ်။
ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိပ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
==