သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေရာသီ ရေရှားချိန် အမျိုးသမီး ကျန်းမာရေးသတိပြုစရာ


အမျိုးသမီးများ ဓမ္မတာရာသီလာခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အသိပညာပြန့်ပွားရေးနေ့ (မေလ ၂၈)
အမျိုးသမီးများ ဓမ္မတာရာသီလာခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အသိပညာပြန့်ပွားရေးနေ့ (မေလ ၂၈)

အခုနှစ် နွေရာသီမှာ စံချိန်တင် အပူချိန်မြင့် ရေရှားပါးလာတကြောင့် အမျိုးသမီးတွေအတွက် သီးသန််သတိပြုစရာတွေ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုပါတယ်။

အခုလို ပူပြင်းပြီးရေရှားပါးလာချိန်မှာ အရွယ်ရောက် အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ လစဉ်ဓမ္မတာလာတာအတွက် တကိုယ်ရည်သန့်ရှင်းရေးကို ပိုသတိပြုဖို့ လိုလာပါတယ်။ ပုံမှန်ထက် တကိုယ်ရည်သန့်ရှင်းရေး ပိုလုပ်ဖို့လိုလာတဲ့ ရာသီဓမ္မတာလာချိန်မှာ၊ လိုအပ်တဲ့ ရေကလည်း ရှားပါးလာတာကြောင့် သန့်ရှင်းရေးအတွက် အကန့်အသတ် ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် စစ်ရှောင်ဒေသက အမျိုးသမီးတွေအတွက်တော့၊ တကိုယ်ရည်သန့်ရှင်းမှုကို စိတ်တိုင်းကျ မလုပ်နိုင်ဘဲ ဖြစ်သွားတတ်ပါတယ်။

စစ်ဘေးရှောင် အမျိုးသမီးတွေအနေနဲ့ ရာသီလာချိန် ပုံမှန်လစဉ်သုံးပစ္စည်းတွေ မလုံလောက်တကြောင့် ရနိုင်တဲ့ အဝတ်စတွေနဲ့ အစားထိုး သုံးစွဲရတာမှာလည်း သန့်ရှင်းတဲ့ပစ္စည်းတွေဖြစ်ဖို့ လိုပြန်ပါတယ်။ မသန့်ရှင်းတဲ့ အဝတ်စနဲ့ ပစ္စည်းတွေကို သုံးမိလျှင်တော့ အမျိုးသမီးအင်္ဂါကတဆင့် ပိုးဝင်တာ၊ ယားနာတာတွေဖြစ်ဖို့ အန္တရာယ်များသွားပါတယ်။ ရေရှားပါးမှုကြောင့် မသန့်ရှင်းတဲ့ရေ သုံးတာကနေလည်း ပိုးဝင်တာ၊ ယားနာတာတွေ ဖြစ်နိုင်ပါတယ်။

ကာကွယ်ရေးအတွက်တော့ ရာသီလာချိန် တကိုယ်ရည် သန့်ရှင်းရေး ပိုလုပ်ပေးဖို့ လိုသလို၊ သက်ဆိုင်ရာအဖွဲ့တွေကလည်း ဝိုင်းကူသင့်ပါတယ်။ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ အစားထိုးသုံးရာမှာ လျှော်ဖွတ်ပြီး ခြောက်အောင်လှန်းထားတဲ့ သန့်ရှင်းတဲ့ပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် နီးစပ်ရာအဖွဲ့တွေ အလှူရှင်တွေအနေနဲ့လည်း သန့်ရှင်းတဲ့ သုံးရေနဲ့ တခါသုံး အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေကို လှူဒါန်းပေးသင့်ပါတယ်။ တကယ်လို့ အဖြူဆင်းတာ၊ ယားယံတာ၊ ခါးကိုက်တာ၊ ဆီးစပ်ကိုက်တာတွေ ဖြစ်လာလျှင်လည်း ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက မြန်မာနိုင်ငံထဲ နိုင်ငံတကာဖွံဖြိုးရေးအဖွဲ့တွေနဲ့ ကျန်းမာရေးပညာပေးပါတွဲလုပ်ခဲ့တဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာအိကလျာမိုး ကို ဆက်သွယ်မေးမြန်း တင်ပြခဲ့တာြဖစ်ပါတယ်။

Forum

XS
SM
MD
LG