သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးငယ် သံဓာတ်ချို့တဲ့ခြင်း


ကလေးငယ် သံဓာတ်ချို့တဲ့ခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

သံဓာတ်ချို့တဲ့မှုက မြန်မာနိုင်ငံက ကလေးငယ်တွေနဲ့ မိခင်တွေမှာပါ အဖြစ်များနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။ ကလေးတွေမှာ သံဓာတ်ချို့တဲ့ရခြင်းက မိခင်နို့မှာ ကလေး (၆) လနောက်ပိုင်းအတွက် သံဓာတ် အလုံအလောက်မပါတာ၊ ကလေးကြီးထွားမူကလည်း (၅) နှစ်အထိ များလွန်းပြီး သံဓာတ်ပို လိုအပ်တာနဲ့၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက် မိခင်ကိုယ်တိုင် သံဓာတ်ချို့တဲ့နေတာတွေကြောင့် အဓိက ဖြစ်ပါတယ်။

သံဓာတ်ချို့တဲ့မူကြောင့် အကျိုးဆက်အဖြစ် သွေးအားနည်းတာဖြစ်ပြီး၊ ဖြူဖပ်ဖြူရော်ဖြစ်တာ၊ မလန်းမဆန်းတာ၊ နှလုံးခုန်မြန်တာ၊ ရင်တုန်တာ၊ မောတာ၊ ရင်ဘတ်အောင့်တာတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကလေးငယ်တွေအတွက် ဉာဏ်ရည်နဲ့ ဖွံ့ဖြိးမူပါ ထိခိုက်စေနိုင်ပါတယ်။ ဖြူဖပ်ဖြူရော်ဖြစ်တာကို သိနိုင်တဲ့ လက္ခဏာအသေးစိတ်ကတော့ မျက်ခွံလှန်ကြည့်လျှင် ဖြူနေတာ၊ လျှာ မနီဘဲ ဖြူနေတာ၊ လက်ဖဝါး ဖြူနေတာ၊ လက္ခဏာအစင်းကြောင်းတွေ မနီတော့ဘဲ ဖြူလာတာ၊ အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်လာတာတွေပါ။ ဒါ့အပြင် သွေးစစ်ကြည့်ခြင်းဖြင့်လည်း သံဓာတ်ကြောင့် သွေးအားနည်းတာကို သိနိုင်ပါတယ်။

သံဓာတ်ချို့တဲ့တာရဲ့ ဆိုးကျိုးတွေ မဖြစ်စေဖို့အတွက် မိခင်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်က စပြီး၊ နို့တိုက်မိခင်အထိ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေစားတာအပြင်၊ သံဓာတ်ပါတဲ့ ဆေးတွေပါ တွဲသောက်ဖို့ လိုပါတယ်။ ဒါ့အပြင် ကလေးအတွက်လည်း မိခင်နို့တစ်ခုတည်းနဲ့ လုံလောက်တဲ့ (၆) လ ကာလရဲ့ နောက်ပိုင်းမှာ သံဓာတ်ပါတဲ့ ဖြည့်စွက်စာနဲ့ အားဆေးတွေ (၅) နှစ်လောက်အထိ တိုက်ပေးဖို့ လိုပါတယ်။ သံဓာတ်ကြွယ်ဝစာတွေကတော့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေနဲ့ အနီရောင်ရှိတဲ့ အသားနဲ့ အသဲအမြစ်တွေပါ။ အသားနဲ့ အသဲအမြစ်တွေက ဈေးကြီးပြီး မတတ်နိုင်လျှင်တောင်၊ အစိမ်းရောင်ရှိတဲ့ ဟင်းနုနွယ်လိုမျိုး ဈေးမကြီးတာကို ကျွေးပေးသင့်ပါတယ်။ ဒီအသီးအရွက်စိမ်းတွေကို ချက်ပြုတ်တဲ့အခါ ကျက်အောင်နဲ့ ကျေညက်အောင် ချက်ပြီးမှ ကလေးကို ကျွေးသင့်ပါတယ်။ ဒါ့အပြင် သံဓာတ်ပါတဲ့ အားဖြည့်ဆန် ချက်ကျွေးတာ၊ သံဓာတ်နဲ့ ဗီတာမင်တွေ ပေါင်းထည့်ထားတဲ့ နို့မှုန့်ရောတိုက်တာနဲ့၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပေါင်းထည့်ထားတဲ့ အဟာရအမှုန့် (Sprinkle) ထမင်းပေါ် ဖြူးကျွေးတာတွေလည်း လုပ်ပေးနိုင်ပါတယ်။

သံဓာတ်ချို့တဲ့မူအတွက် ကုသရာမှာလည်း သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးဖို့ ပညာပေးတာအပြင်၊ သင့်တော်တဲ့ သံဓာတ်အားဆေးတွေ တိုက်ဖို့လိုပါတယ်။ ယျေဘူယျအားဖြင့် သံဓာတ်အားဆေးတွေက ဝမ်းချုပ်တာနဲ့ သွားညိုတာတွေ ဖြစ်စေနိုင်ပေမယ့် တချို့သံဓာတ်ဆေးတွေက ဝမ်းချုပ်တာ မဖြစ်စေနိုင်တာမို့ သင့်တော်ရာ ရွေးချယ်သောက်သုံးသင့်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်စေဖို့ ကိုဝင်းမင်း က ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာရေး ပညာဌာန အငြိမ်းစား ဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG