သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုးႀကိဳးေၾကာင့္ ေသဆုံးသူမ်ားလာျခင္း (အပိုင္း- ၁)


တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ မိုးႀကိဳးပစ္တာေၾကာင့္ ဒီႏွစ္ထဲ ေသဆုံးရသူက၊ အရင္ႏွစ္ထက္ အမ်ားႀကီး မ်ားလာေနၿပီး၊ ေနာက္ထပ္ျဖစ္လာမွာကိုလည္း စိုးရိမ္ေနရတယ္လို႔၊ ေဘးအႏၲရာယ္ဆိုင္ရာ ကြၽမ္းက်င္သူေတြက ေျပာဆိုၾကပါတယ္။

မိုးႀကိဳးပစ္ခံရတာေၾကာင့္ ဒီႏွစ္ထဲ ေသဆုံးသူက အခု ဇြန္လ ပထမပတ္အထိ (၅) လအတြင္းမွာပင္၊ (၆၂) ဦးအထိ မ်ားလာေနၿပီး၊ ေနာက္ထပ္ (၂၆) ဦး လည္း ဒဏ္ရာရခဲ့ပါတယ္။ အထူးသျဖင့္ ဇြန္လ ပထမပတ္ျဖစ္တဲ့၊ ၿပီးခဲ့တဲ့အပတ္ ဇြန္လ (၁) ရက္ကေန (၇) ရက္အတြင္း၊ မိုးႀကိဳး အႀကိမ္ (၂၀) ကေန (၂၂) ႀကိမ္အထိျဖစ္ခဲ့ၿပီး၊ ဒီတစ္ပတ္ထဲမွာပင္၊ ေသဆုံးသူ (၂၈) ဦးအထိထိုးတက္ခဲ့ကာ၊ ဒဏ္ရာရသူကလည္း (၂၂) ဦး အထိ ျမင့္တက္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ (၂) ပတ္ျဖစ္တဲ့ ေမလ (၂၅) ရက္ကေန (၃၁) ရက္အတြင္းမွာေတာ့၊ မိုးႀကိဳး (၇) ႀကိမ္ပစ္ခဲ့ၿပီး၊ (၉) ဦး ေသဆုံးခဲ့တာမို႔၊ ေမလ ေနာက္ဆုံးအပတ္နဲ႔ အခုဇြန္လ ပထမပတ္အတြင္း ေသဆုံးမူက၊ မႏွစ္က အလားတူကာလ ေသဆုံးမူအျပင္၊ လက္ရွိ COVID-19 ကမာၻ႔ကပ္ေရာဂါႀကီးေၾကာင့္ ေသဆုံးရမူထက္၊ အမ်ားႀကီး မ်ားလြန္းေနပါတယ္။

ဒါ့အျပင္ မိုးဦးက်နဲ႔ မိုးေႏွာင္းကာလေတြမွာ အျဖစ္မ်ားတဲ့ ဒီမိုးႀကိဳးပစ္မူေတြက ေရွ.လာမဲ့ရက္ပိုင္းေတြအတြင္း ဆက္ျဖစ္လာႏိုင္တာကို၊ မိုးေလဝသနဲ႔ဇလေဗဒၫြန္ၾကားမူဦးစီးဌာနကလည္း ခန႔္မွန္းထားတာမို႔၊ ေနာက္ထပ္ေသဆုံးမူေတြကေန ကာကြယ္ႏိုင္ဖို႔ အေရးႀကီးေနပါတယ္။

ၿပီးခဲ့တဲ့ မိုးႀကိဳးပစ္ခံရသူေတြကို ေလ့လာၾကည့္ရာမွာ အမ်ားဆုံး အပစ္ခံရသူေတြက အျပင္ဘက္မွာ ပစ္ခံရၿပီး၊ ဒီအထဲကမွ လယ္ကြင္းျပင္ေတြမွာ လယ္ယာလုပ္ကိုင္ေနသူေတြ အမ်ားဆုံး ထိခိုက္ေသဆုံးခဲ့ရတာပါ။ အဲ့ဒီေနာက္မွာေတာ့ အျပင္မွာလမ္းသြားရင္း သစ္ပင္ေအာက္ဝင္နားသူေတြ မိုးဝင္ခိုသူေတြ၊ ေနာက္ ငါးဖမ္းသူေတြ၊ ဖား႐ိုက္သူေတြ၊ ေရေမ်ာင္းတူးသူေတြနဲ႔ အိမ္တံစက္ၿမိတ္မွာ မိုးေရခံသူေတြလို အျပင္မွာ ေရနဲ႔ထိေတြ႕ရသူေတြ၊ ေနာက္လမ္းမွာ စက္ဘီးတြန္းသူ၊ လယ္ထဲမွာလည္း လယ္ထြန္စက္ေမာင္းသူနဲ႔ ပန္းရံလုပ္သူလို သံနဲ႔သတၱဳပစၥည္းေတြနဲ႔ ထိေတြ႕ထားသူေတြ၊ ေနာက္ လယ္ယာတဲမွာနဲ႔ လယ္ထဲသစ္ပင္ႀကီးေအာက္ မိုးခိုသူေတြ၊ လမ္းသြားရင္း ဓမၼာ႐ုံေလးေတြမွာ မိုးဝင္ခိုသူေတြအျပင္၊ အိမ္ထဲမွာ လက္ကိုင္ဖုန္းသုံး အင္တာနက္သုံးသူနဲ႔ ဖုန္းေျပာသူေတြအထိ ပါေနပါတယ္။

အဓိက အမ်ားဆုံးေသဆုံးရသူေတြျဖစ္တဲ့ လယ္ယာလုပ္သား၊ ငါး၊ ဖားရွာသူနဲ႔ ေဆာက္လုပ္ေရးလုပ္သားေတြအေနနဲ႔၊ ဒီ မိုးႀကိဳးပစ္ႏိုင္တဲ့ အေနအထားကို သိထားၿပီး၊ သတိႀကီးႀကီးထား ေရွာင္ရွားျခင္းျဖင့္၊ ေသဆုံးရမူမွ ကာကြယ္ႏိုင္ပါတယ္။ မိုးႀကိဳးပစ္ႏိုင္တဲ့ အေနအထားကေတာ့၊ မိုးထစ္ခ်ဳန္းလြန္းၿပီး လွ်ပ္စီးအလြန္လက္ေနခ်ိန္ေတြမွာပါ။ ဒီလိုျဖစ္လာလွ်င္ လယ္ကြင္းထဲ လုပ္ကိုင္သူေတြအေနနဲ႔ လုပ္ငန္းေခတၱရပ္ၿပီး၊ အျခားေနရာမရွိလွ်င္ လယ္တဲမွာ ခိုႏိုင္ေသာ္လည္း၊ လယ္တဲကို မိုးႀကိဳးပစ္ခံရတာတခ်ိဳ ႔ ရွိထားတာကိုေတာ့ သတိျပဳသင့္ပါတယ္။ ျဖစ္ႏိုင္လွ်င္ ေျမနိမ့္ရာမွာ လယ္တဲေဆာက္ထားလွ်င္ အေကာင္းဆုံးျဖစ္ပါတယ္။ အဓိကက လယ္ကြင္းထဲ ထီးထီးႀကီး ျမင့္မေနဖို႔ပါ။ အေၾကာင္းက ကြင္းျပင္ထဲ ထီးထီးႀကီး ျမင့္ေနတဲ့ေနရာကို မိုးႀကိဳးပိုပစ္တတ္လို႔ပါ။ ဒါေၾကာင့္ လယ္ကြင္းထဲမွာ ထီးထီးႀကီးရွိေနတဲ့ သစ္ပင္ေတြေအာက္ေတာ့ လုံးဝ မခိုသင့္ပါဘူး။ ေျမနိမ့္ပိုင္းမွာ ခိုသင့္ပါတယ္။ ဒါ့အျပင္ လယ္ယာသုံး သံထည္ပစၥည္းေတြျဖစ္တဲ့ ေပါက္တူးေပါက္ျပားေတြနဲ႔ ထြန္စက္ေတြနဲ႔ ေဝးေဝးေနသင့္ပါတယ္။

ငါးဖမ္း၊ ဖား႐ိုက္နဲ႔ အျခား ေရနဲ႔နီးစပ္ရာမွာ ဝမ္းစာထြက္ရွာသူေတြအေနနဲ႔လည္း အလားတူ မိုးထစ္ခ်ဳန္းလြန္းၿပီး၊ လွ်ပ္စီးအလြန္လက္ေနလွ်င္၊ ျမစ္ေခ်ာင္းအင္းအိုင္ကန္ေတြမွာ ဆက္မေနဘဲ၊ ကုန္းေပၚ ခ်က္ခ်င္းတက္ကာ၊ ကြင္းျပင္ထဲ ထီးထီးႀကီး မဟုတ္ဘဲ၊ အမိုး၊ အကာရွိတဲ့ အေဆာက္အဦးေအာက္မွာ ခိုေနသင့္ပါတယ္။ အေၾကာင္းက ေရနဲ႔ထိစပ္ေနခ်ိန္မွာ မိုးႀကိဳးပစ္ခံရဖို႔ မ်ားလို႔ပါ။ ေရကူးေနသူေတြလဲ ဆက္မကူးဘဲ၊ အေပၚတက္ နားခိုသင့္ပါတယ္။ ငါးဖမ္း၊ ဖား႐ိုက္သူေတြမွာလည္း သံထည္နဲ႔ သတၱဳပစၥည္းေတြရွိႏိုင္တာမို႔ ေခတၱဖယ္ရွားထားသင့္ပါတယ္။

ပန္းရံနဲ႔ ေျမာင္းတူးတာအပါအဝင္ ေဆာက္လုပ္ေရးလုပ္ကိုင္ရသူေတြေအနနဲ႔လည္း၊ အထပ္ျမင့္ေတြမွာ ပိုသတိထားကာ၊ အထပ္နိမ့္ေတြမွာလည္း မိုးထစ္ခ်ဳန္းလြန္းၿပီး လွ်ပ္စီးအလြန္လက္လာလွ်င္၊ အလုပ္ခ်က္ခ်င္းရပ္လိုက္ကာ၊ သံထည္နဲ႔သတၱဳအျပင္၊ ေရနဲ႔ပါ ထိစပ္မေနဘဲ၊ ေဝးေဝးမွာ နားခိုေနဖို႔ အေရးႀကီးပါတယ္။

မိုးႀကိဳးပစ္မူေတြကို အေသးစိတ္ေစာင့္ၾကည့္ေနတဲ့၊ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမူဦးစီးဌာနက ၫႊန္ၾကားေရးမွဴး ေဒၚျဖဴလဲ့လဲ့ထြန္း, ကို ကိုဝင္းမင္း က ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode==

မြန်မာနိုင်ငံမှာ မိုးကြိုးပစ်တာကြောင့် ဒီနှစ်ထဲ သေဆုံးရသူက၊ အရင်နှစ်ထက် အများကြီး များလာနေပြီး၊ နောက်ထပ်ဖြစ်လာမှာကိုလည်း စိုးရိမ်နေရတယ်လို့၊ ဘေးအန္တရာယ်ဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။

မိုးကြိုးပစ်ခံရတာကြောင့် ဒီနှစ်ထဲ သေဆုံးသူက အခု ဇွန်လ ပထမပတ်အထိ (၅) လအတွင်းမှာပင်၊ (၆၂) ဦးအထိ များလာနေပြီး၊ နောက်ထပ် (၂၆) ဦး လည်း ဒဏ်ရာရခဲ့ပါတယ်။ အထူးသဖြင့် ဇွန်လ ပထမပတ်ဖြစ်တဲ့၊ ပြီးခဲ့တဲ့အပတ် ဇွန်လ (၁) ရက်ကနေ (၇) ရက်အတွင်း၊ မိုးကြိုး အကြိမ် (၂၀) ကနေ (၂၂) ကြိမ်အထိဖြစ်ခဲ့ပြီး၊ ဒီတစ်ပတ်ထဲမှာပင်၊ သေဆုံးသူ (၂၈) ဦးအထိထိုးတက်ခဲ့ကာ၊ ဒဏ်ရာရသူကလည်း (၂၂) ဦး အထိ မြင့်တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ (၂) ပတ်ဖြစ်တဲ့ မေလ (၂၅) ရက်ကနေ (၃၁) ရက်အတွင်းမှာတော့၊ မိုးကြိုး (၇) ကြိမ်ပစ်ခဲ့ပြီး၊ (၉) ဦး သေဆုံးခဲ့တာမို့၊ မေလ နောက်ဆုံးအပတ်နဲ့ အခုဇွန်လ ပထမပတ်အတွင်း သေဆုံးမူက၊ မနှစ်က အလားတူကာလ သေဆုံးမူအပြင်၊ လက်ရှိ COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် သေဆုံးရမူထက်၊ အများကြီး များလွန်းနေပါတယ်။

ဒါ့အပြင် မိုးဦးကျနဲ့ မိုးနှောင်းကာလတွေမှာ အဖြစ်များတဲ့ ဒီမိုးကြိုးပစ်မူတွေက ရှေ.လာမဲ့ရက်ပိုင်းတွေအတွင်း ဆက်ဖြစ်လာနိုင်တာကို၊ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမူဦးစီးဌာနကလည်း ခန့်မှန်းထားတာမို့၊ နောက်ထပ်သေဆုံးမူတွေကနေ ကာကွယ်နိုင်ဖို့ အရေးကြီးနေပါတယ်။

ပြီးခဲ့တဲ့ မိုးကြိုးပစ်ခံရသူတွေကို လေ့လာကြည့်ရာမှာ အများဆုံး အပစ်ခံရသူတွေက အပြင်ဘက်မှာ ပစ်ခံရပြီး၊ ဒီအထဲကမှ လယ်ကွင်းပြင်တွေမှာ လယ်ယာလုပ်ကိုင်နေသူတွေ အများဆုံး ထိခိုက်သေဆုံးခဲ့ရတာပါ။ အဲ့ဒီနောက်မှာတော့ အပြင်မှာလမ်းသွားရင်း သစ်ပင်အောက်ဝင်နားသူတွေ မိုးဝင်ခိုသူတွေ၊ နောက် ငါးဖမ်းသူတွေ၊ ဖားရိုက်သူတွေ၊ ရေမျောင်းတူးသူတွေနဲ့ အိမ်တံစက်မြိတ်မှာ မိုးရေခံသူတွေလို အပြင်မှာ ရေနဲ့ထိတွေ့ရသူတွေ၊ နောက်လမ်းမှာ စက်ဘီးတွန်းသူ၊ လယ်ထဲမှာလည်း လယ်ထွန်စက်မောင်းသူနဲ့ ပန်းရံလုပ်သူလို သံနဲ့သတ္တုပစ္စည်းတွေနဲ့ ထိတွေ့ထားသူတွေ၊ နောက် လယ်ယာတဲမှာနဲ့ လယ်ထဲသစ်ပင်ကြီးအောက် မိုးခိုသူတွေ၊ လမ်းသွားရင်း ဓမ္မာရုံလေးတွေမှာ မိုးဝင်ခိုသူတွေအပြင်၊ အိမ်ထဲမှာ လက်ကိုင်ဖုန်းသုံး အင်တာနက်သုံးသူနဲ့ ဖုန်းပြောသူတွေအထိ ပါနေပါတယ်။

အဓိက အများဆုံးသေဆုံးရသူတွေဖြစ်တဲ့ လယ်ယာလုပ်သား၊ ငါး၊ ဖားရှာသူနဲ့ ဆောက်လုပ်ရေးလုပ်သားတွေအနေနဲ့၊ ဒီ မိုးကြိုးပစ်နိုင်တဲ့ အနေအထားကို သိထားပြီး၊ သတိကြီးကြီးထား ရှောင်ရှားခြင်းဖြင့်၊ သေဆုံးရမူမှ ကာကွယ်နိုင်ပါတယ်။ မိုးကြိုးပစ်နိုင်တဲ့ အနေအထားကတော့၊ မိုးထစ်ချုန်းလွန်းပြီး လျှပ်စီးအလွန်လက်နေချိန်တွေမှာပါ။ ဒီလိုဖြစ်လာလျှင် လယ်ကွင်းထဲ လုပ်ကိုင်သူတွေအနေနဲ့ လုပ်ငန်းခေတ္တရပ်ပြီး၊ အခြားနေရာမရှိလျှင် လယ်တဲမှာ ခိုနိုင်သော်လည်း၊ လယ်တဲကို မိုးကြိုးပစ်ခံရတာတချို့ ရှိထားတာကိုတော့ သတိပြုသင့်ပါတယ်။ ဖြစ်နိုင်လျှင် မြေနိမ့်ရာမှာ လယ်တဲဆောက်ထားလျှင် အကောင်းဆုံးဖြစ်ပါတယ်။ အဓိကက လယ်ကွင်းထဲ ထီးထီးကြီး မြင့်မနေဖို့ပါ။ အကြောင်းက ကွင်းပြင်ထဲ ထီးထီးကြီး မြင့်နေတဲ့နေရာကို မိုးကြိုးပိုပစ်တတ်လို့ပါ။ ဒါကြောင့် လယ်ကွင်းထဲမှာ ထီးထီးကြီးရှိနေတဲ့ သစ်ပင်တွေအောက်တော့ လုံးဝ မခိုသင့်ပါဘူး။ မြေနိမ့်ပိုင်းမှာ ခိုသင့်ပါတယ်။ ဒါ့အပြင် လယ်ယာသုံး သံထည်ပစ္စည်းတွေဖြစ်တဲ့ ပေါက်တူးပေါက်ပြားတွေနဲ့ ထွန်စက်တွေနဲ့ ဝေးဝေးနေသင့်ပါတယ်။

ငါးဖမ်း၊ ဖားရိုက်နဲ့ အခြား ရေနဲ့နီးစပ်ရာမှာ ဝမ်းစာထွက်ရှာသူတွေအနေနဲ့လည်း အလားတူ မိုးထစ်ချုန်းလွန်းပြီး၊ လျှပ်စီးအလွန်လက်နေလျှင်၊ မြစ်ချောင်းအင်းအိုင်ကန်တွေမှာ ဆက်မနေဘဲ၊ ကုန်းပေါ် ချက်ချင်းတက်ကာ၊ ကွင်းပြင်ထဲ ထီးထီးကြီး မဟုတ်ဘဲ၊ အမိုး၊ အကာရှိတဲ့ အဆောက်အဦးအောက်မှာ ခိုနေသင့်ပါတယ်။ အကြောင်းက ရေနဲ့ထိစပ်နေချိန်မှာ မိုးကြိုးပစ်ခံရဖို့ များလို့ပါ။ ရေကူးနေသူတွေလဲ ဆက်မကူးဘဲ၊ အပေါ်တက် နားခိုသင့်ပါတယ်။ ငါးဖမ်း၊ ဖားရိုက်သူတွေမှာလည်း သံထည်နဲ့ သတ္တုပစ္စည်းတွေရှိနိုင်တာမို့ ခေတ္တဖယ်ရှားထားသင့်ပါတယ်။

ပန်းရံနဲ့ မြောင်းတူးတာအပါအဝင် ဆောက်လုပ်ရေးလုပ်ကိုင်ရသူတွေအေနနဲ့လည်း၊ အထပ်မြင့်တွေမှာ ပိုသတိထားကာ၊ အထပ်နိမ့်တွေမှာလည်း မိုးထစ်ချုန်းလွန်းပြီး လျှပ်စီးအလွန်လက်လာလျှင်၊ အလုပ်ချက်ချင်းရပ်လိုက်ကာ၊ သံထည်နဲ့သတ္တုအပြင်၊ ရေနဲ့ပါ ထိစပ်မနေဘဲ၊ ဝေးဝေးမှာ နားခိုနေဖို့ အရေးကြီးပါတယ်။

မိုးကြိုးပစ်မူတွေကို အသေးစိတ်စောင့်ကြည့်နေတဲ့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း, ကို ကိုဝင်းမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG