သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္လႈိင္းသစ္ ေရွ ႔ဆက္သက္ေရာက္ႏိုင္ေျခ


ျမန္မာႏိုင္ငံထဲ လက္ရွိ ကိုဗစ္-19 လႈိင္းေၾကာင့္ ၿမိဳ ႔ႀကီးေတြမွာ လူအေတာ္မ်ားမ်ား ကိုဗစ္ျဖစ္ထားၿပီးပုံရၿပီး၊ ေရွ ႔ဆက္ တျဖည္းျဖည္း ကူးစက္မႈက်ဆင္လားႏိုင္ေျခ ရွိတယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

လက္ရွိ က်န္းမာေရးဝန္ႀကီးဌာနက စစ္ေဆးေတြ႔ရွိခ်က္စာရင္းထက္ လက္ေတြ႔မွာ ၿမိဳ ႔ႀကီးေတြက လူအေတာ္မ်ားမ်ား ကူးစက္ခံခဲ့ရၿပီးျဖစ္ပုံရကာ နယ္ေတြကို ဆက္ကူးေနႏိုင္ေပမဲ့၊ ေရွ ႔မွာေတာ့ တႏိုင္ငံလုံး ကူးစက္မႈေတြ တျဖည္းျဖည္း က်ဆင္းလာမဲ့ပုံ ရွိေနတယ္လို႔ ဆရာဝန္ေတြက ဆိုပါတယ္။ ေရာဂါမျဖစ္ေသးဘဲ က်န္ေနသူေတြကလည္း အရင္အိုမီခ႐ြန္လႈိင္းမွာ ကူးစက္ခံခဲ့ရၿပီး၊ အားျဖည့္ကာကြယ္ေဆး အျပည့္ထိုးတားတာမို႔၊ ကိုယ္ခံအား (Immune System) ေကာင္းထားသူေတြ ျဖစ္ေနပုံရွိပါတယ္။ အခုတစ္ေခါက္ ကိုဗစ္ျဖစ္ၿပီး လူငယ္အမ်ားစု ျပန္ေကာင္းသြားႏိုင္ခ်ိန္မွာ၊ အႏၲရာယ္ႀကီးႏိုင္တဲ့ သက္ႀကီးေတြနဲ႔ ေရာဂါအခံရွိသူ တခ်ဳိ ႔ေတာ့ ဆက္ၿပီးေဆး႐ုံတက္ေနရတာနဲ႔ ျပင္းထန္ႏိုင္တဲ့တခ်ဳိ ႔ ဆက္ရွိေနႏိုင္ၿပီး၊ အသက္မဆုံးရႈံးရေအာင္ ကာကြယ္ကုသေပးဖို႔ေတာ့ အေရႀကီးေနပါေသးတယ္။

တခ်ိန္ထဲမွာ သက္ႀကီးေတြနဲ႔ ေရာဂါအခံရွိသူေတြအပါအဝင္ ျပန္သက္သာလာသူတခ်ဳိ ႔မွာ ဒီတစ္ေခါက္ ကိုဗစ္မ်ိဳးကြဲစိတ္သစ္ (BA.4 နဲ႔ BA.5) ရဲ႕ လကၡဏာတခ်ဳိ ႔ ေနာက္ဆက္တြဲအျဖစ္ ဆက္က်န္ႏိုင္ေျခလည္း ရွိေနပါတယ္။ အရင္ Delta ကိုဗစ္မ်ိဳးကြဲတုန္းက အခုလို လကၡဏာေနာက္ဆက္တြဲက်န္ခဲ့သူ (Long Covid) ရာခိုင္ႏႈန္းမ်ားခဲ့ၿပီး၊ ဒီတစ္ေခါက္ေတာ့ ေနာက္ဆက္တြဲ က်န္တာနည္းႏိုင္မဲ့ပုံရွိေနေပမဲ့ ဆက္ေစာင့္ၾကည့္ဖို႔ လိုေနပါေသးတယ္။ ဒီတစ္ေခါက္ တခ်ဳိ ႔မွာ ျပန္သက္သာေကာင္းမြန္လာၿပီး၊ တစ္ပတ္အတြင္းမွာ၊ လကၡဏာတခ်ဳိ ႔ (ႏွာေစး၊ ေခ်ာင္းဆိုး၊ ကိုယ္လက္နာ၊ အားမရွိ စတာမ်ိဳး) ျပန္ခံစားရေပမဲ့၊ ေရာဂါအခံမရွိဘဲ ကိုယ္ခံအားေကာင္းတဲ့ လူငယ္ေတြမွာ ခ်က္ခ်င္းျပန္ေကာင္းသြားေလ့ ရွိပါတယ္။ ဒါေပမဲ့ တခ်ဳိ ႔မွာ ဆက္က်န္ေနတတ္တဲ့ လကၡဏာ ေနာက္ဆက္တြဲေတြကေတာ့ ကိုယ္လက္ကိုက္ခဲတာ၊ ေညာင္းတာ၊ ႏုံးတာ၊ အာ႐ုံစိုက္ရခက္ေဝဝါးၿပီး မမွတ္မိတာ (Brain Fog)၊ အစားအေသာက္ပ်က္တာ၊ ဝမ္းပ်က္တာေတြပါ။ ဒါေၾကာင့္ ျပန္ေကာင္းလာသူေတြမွာ ကိုယ္ခံအားေကာင္းေအာင္ ေကာင္းေကာင္း စားေသာက္ၿပီး အိပ္စက္ အနားယူေပးဖို႔ အေရးႀကီးပါတယ္။ အထူးသျဖင့္ ေရာဂါအခံရွိထားသူေတြမွာ သက္ဆိုင္ရာအဂၤါ (ဥပမာ အသည္း၊ ေက်ာက္ကပ္၊ ႏွလုံး၊ ဦးေႏွာက္) စတာေတြ ဆက္ထိခိုက္တဲ့ လကၡဏာေတြ ရွိႏိုင္တာမို႔၊ ေရာဂါအခံေတြကိုလည္း ဆက္ကုသဖို႔ လိုပါတယ္။

အခုလို အက်ိဳးဆက္ေတြ ရွိႏိုင္တာေၾကာင့္ ကိုဗစ္က အစထဲက အကူးစက္မခံရလွ်င္ အေကာင္းဆုံးမို႔ ကာကြယ္ေရးေတြလည္း ေရွ ႔ဆက္လုပ္ၿပီး၊ ေရာဂါျဖစ္လာသူေတြမွာလည္း ပိုမဆိုးဘဲ၊ ေရရွည္မထိခိုက္ရေအာင္ ကုသမႈေတြခံယူဖို႔ အေရးႀကီးပါတယ္။ အထူးသျဖင့္ လူႀကီးေတြမွာ ျဖစ္ၿပီးလွ်င္ ျပန္နလန္ထူဖို႔ အခ်ိန္ယူရတတ္ပါတယ္။ ဒါ့အျပင္ လက္ရွိ ကေလးေတြအတြက္လည္း ေက်ာင္းေတြဖြင့္ထားခ်ိန္မို႔ ကူးစက္လြယ္ေနခ်ိန္မွာ အသက္အ႐ြယ္လိုက္ ထိုးႏိုင္တဲ့ ကာကြယ္ေဆးေတြ ထိုးထားဖို႔ အေရးႀကီးပါတယ္။ တခ်ိန္ထဲမွာ ကူးစက္မႈလြယ္တဲ့ ေနရာ (ဥပမာ အလုံပိတ္အခန္း၊ ေက်ာင္း၊ အလုပ္႐ုံ၊ ကား၊ ေလယာဥ္ စတာ) ေတြမွာ ေလဝင္ေလထြက္ (Ventilation) ေကာင္းေအာင္ (ဥပမာ ျပဴတင္းေပါက္ မၾကာမၾကာဖြင့္ေပးတာ၊ ေလစစ္စကာေတြ သန႔္ရွင္းေပးတာ) မ်ိဳးေတြလုပ္ေပးၿပီး၊ လူခ်င္းနီးေနခ်ိန္ ကာကြယ္ေရးနည္းလမ္းေတြျဖစ္တဲ့ ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) တပ္တာ၊ ခပ္ခြာခြာေနတာနဲ႔ မၾကာမၾကာလက္ေဆးတာ၊ ျဖစ္ႏိုင္လွ်င္ လူစုလူေဝးေတြေရွာင္တာေတြ ဆက္လုပ္ေပးသင့္ပါတယ္။

ဒီအေၾကာင္း ပိုမုိသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက ျမန္မာႏိုင္ငံမွာ က်န္းမာေရးပညာေပးမူေတြလုပ္ေပးေနတဲ့ အေထြေထြေရာဂါကုဆရာဝန္ ေဒါက္တာေ႐ႊဝါေအာင္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

===== Unicode ======

မြန်မာနိုင်ငံထဲ လက်ရှိ ကိုဗစ်-19 လှိုင်းကြောင့် မြို့ကြီးတွေမှာ လူအတော်များများ ကိုဗစ်ဖြစ်ထားပြီးပုံရပြီး၊ ရှေ့ဆက် တဖြည်းဖြည်း ကူးစက်မှုကျဆင်လားနိုင်ခြေ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိချက်စာရင်းထက် လက်တွေ့မှာ မြို့ကြီးတွေက လူအတော်များများ ကူးစက်ခံခဲ့ရပြီးဖြစ်ပုံရကာ နယ်တွေကို ဆက်ကူးနေနိုင်ပေမဲ့၊ ရှေ့မှာတော့ တနိုင်ငံလုံး ကူးစက်မှုတွေ တဖြည်းဖြည်း ကျဆင်းလာမဲ့ပုံ ရှိနေတယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ ရောဂါမဖြစ်သေးဘဲ ကျန်နေသူတွေကလည်း အရင်အိုမီခရွန်လှိုင်းမှာ ကူးစက်ခံခဲ့ရပြီး၊ အားဖြည့်ကာကွယ်ဆေး အပြည့်ထိုးတားတာမို့၊ ကိုယ်ခံအား (Immune System) ကောင်းထားသူတွေ ဖြစ်နေပုံရှိပါတယ်။ အခုတစ်ခေါက် ကိုဗစ်ဖြစ်ပြီး လူငယ်အများစု ပြန်ကောင်းသွားနိုင်ချိန်မှာ၊ အန္တရာယ်ကြီးနိုင်တဲ့ သက်ကြီးတွေနဲ့ ရောဂါအခံရှိသူ တချို့တော့ ဆက်ပြီးဆေးရုံတက်နေရတာနဲ့ ပြင်းထန်နိုင်တဲ့တချို့ ဆက်ရှိနေနိုင်ပြီး၊ အသက်မဆုံးရှုံးရအောင် ကာကွယ်ကုသပေးဖို့တော့ အရေကြီးနေပါသေးတယ်။

တချိန်ထဲမှာ သက်ကြီးတွေနဲ့ ရောဂါအခံရှိသူတွေအပါအဝင် ပြန်သက်သာလာသူတချို့မှာ ဒီတစ်ခေါက် ကိုဗစ်မျိုးကွဲစိတ်သစ် (BA.4 နဲ့ BA.5) ရဲ့ လက္ခဏာတချို့ နောက်ဆက်တွဲအဖြစ် ဆက်ကျန်နိုင်ခြေလည်း ရှိနေပါတယ်။ အရင် Delta ကိုဗစ်မျိုးကွဲတုန်းက အခုလို လက္ခဏာနောက်ဆက်တွဲကျန်ခဲ့သူ (Long Covid) ရာခိုင်နှုန်းများခဲ့ပြီး၊ ဒီတစ်ခေါက်တော့ နောက်ဆက်တွဲ ကျန်တာနည်းနိုင်မဲ့ပုံရှိနေပေမဲ့ ဆက်စောင့်ကြည့်ဖို့ လိုနေပါသေးတယ်။ ဒီတစ်ခေါက် တချို့မှာ ပြန်သက်သာကောင်းမွန်လာပြီး၊ တစ်ပတ်အတွင်းမှာ၊ လက္ခဏာတချို့ (နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်နာ၊ အားမရှိ စတာမျိုး) ပြန်ခံစားရပေမဲ့၊ ရောဂါအခံမရှိဘဲ ကိုယ်ခံအားကောင်းတဲ့ လူငယ်တွေမှာ ချက်ချင်းပြန်ကောင်းသွားလေ့ ရှိပါတယ်။ ဒါပေမဲ့ တချို့မှာ ဆက်ကျန်နေတတ်တဲ့ လက္ခဏာ နောက်ဆက်တွဲတွေကတော့ ကိုယ်လက်ကိုက်ခဲတာ၊ ညောင်းတာ၊ နုံးတာ၊ အာရုံစိုက်ရခက်ဝေဝါးပြီး မမှတ်မိတာ (Brain Fog)၊ အစားအသောက်ပျက်တာ၊ ဝမ်းပျက်တာတွေပါ။ ဒါကြောင့် ပြန်ကောင်းလာသူတွေမှာ ကိုယ်ခံအားကောင်းအောင် ကောင်းကောင်း စားသောက်ပြီး အိပ်စက် အနားယူပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ရောဂါအခံရှိထားသူတွေမှာ သက်ဆိုင်ရာအင်္ဂါ (ဥပမာ အသည်း၊ ကျောက်ကပ်၊ နှလုံး၊ ဦးနှောက်) စတာတွေ ဆက်ထိခိုက်တဲ့ လက္ခဏာတွေ ရှိနိုင်တာမို့၊ ရောဂါအခံတွေကိုလည်း ဆက်ကုသဖို့ လိုပါတယ်။

အခုလို အကျိုးဆက်တွေ ရှိနိုင်တာကြောင့် ကိုဗစ်က အစထဲက အကူးစက်မခံရလျှင် အကောင်းဆုံးမို့ ကာကွယ်ရေးတွေလည်း ရှေ့ဆက်လုပ်ပြီး၊ ရောဂါဖြစ်လာသူတွေမှာလည်း ပိုမဆိုးဘဲ၊ ရေရှည်မထိခိုက်ရအောင် ကုသမှုတွေခံယူဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် လူကြီးတွေမှာ ဖြစ်ပြီးလျှင် ပြန်နလန်ထူဖို့ အချိန်ယူရတတ်ပါတယ်။ ဒါ့အပြင် လက်ရှိ ကလေးတွေအတွက်လည်း ကျောင်းတွေဖွင့်ထားချိန်မို့ ကူးစက်လွယ်နေချိန်မှာ အသက်အရွယ်လိုက် ထိုးနိုင်တဲ့ ကာကွယ်ဆေးတွေ ထိုးထားဖို့ အရေးကြီးပါတယ်။ တချိန်ထဲမှာ ကူးစက်မှုလွယ်တဲ့ နေရာ (ဥပမာ အလုံပိတ်အခန်း၊ ကျောင်း၊ အလုပ်ရုံ၊ ကား၊ လေယာဉ် စတာ) တွေမှာ လေဝင်လေထွက် (Ventilation) ကောင်းအောင် (ဥပမာ ပြူတင်းပေါက် မကြာမကြာဖွင့်ပေးတာ၊ လေစစ်စကာတွေ သန့်ရှင်းပေးတာ) မျိုးတွေလုပ်ပေးပြီး၊ လူချင်းနီးနေချိန် ကာကွယ်ရေးနည်းလမ်းတွေဖြစ်တဲ့ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်တာ၊ ခပ်ခွာခွာနေတာနဲ့ မကြာမကြာလက်ဆေးတာ၊ ဖြစ်နိုင်လျှင် လူစုလူဝေးတွေရှောင်တာတွေ ဆက်လုပ်ပေးသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မြန်မာနိုင်ငံမှာ ကျန်းမာရေးပညာပေးမူတွေလုပ်ပေးနေတဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာရွှေဝါအောင် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG