သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Omicron မ်ိဳးစိတ္ကြဲသစ္ BA.4 နဲ႔ BA.5 အတြက္ ႀကိဳတင္ျပင္ဆင္မူ


BA.4 နဲ႔ BA.5 က ကူးစက္ျမန္လြန္းတာေၾကာင့္ ကူးစက္မခံရေအာင္နဲ႔ ကူးစက္ခံရလွ်င္လည္း ႀကိဳသိၿပီး၊ တျခားသူေတြကို မကူးစက္ေရး ႀကိဳျပင္သင့္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

Omicron BA.4 နဲ႔ BA. 5 ကူးစက္ျမန္လြန္းတာေၾကာင့္ အိမ္မွာတစ္ဦးျဖစ္လွ်င္ က်န္တဲ့သူေတြ ရက္တြင္းခ်င္း ကူးစက္သြားႏိုင္ပါတယ္။ ကူးစက္ပုံကေတာ့ အရင္ ကိုဗစ္မ်ိဳးကြဲေတြနဲ႔ အတူတူပဲမို႔ ပုံမွန္ကာကြယ္နည္းေတြကို အေလးအနက္ ပိုလုပ္ေပးသင့္ပါတယ္။ ဒီနည္းေတြကေတာ့ အျပင္ထြက္လွ်င္ ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) တပ္တာ၊ လက္မၾကာခဏေဆးတာ၊ အမ်ားသူငွာသြား၊ လူစုလူေဝးျဖစ္ႏိုင္တဲ့ေနရာ (ေစ်း၊ ႐ုပ္ရွင္႐ုံ၊ ပြဲလမ္းသဘင္) ေတြ တတ္ႏိုင္သမွ် ေရွာင္တာနဲ႔ ကိုဗစ္ကာကြယ္ေဆးကိုလည္း အနည္းဆုံး ၃ လုံး၊ ျဖစ္ႏိုင္လွ်င္၊ ဒီထက္ ပိုထိုးထားၾကတာပါ။ ကာကြယ္ေဆးထိုးထားျခင္းျဖင့္ ကိုဗစ္ကူးစက္ခံရလွ်င္ေတာင္ မျပင္းထန္ဘဲ၊ ပိုျမန္ျမန္သက္သာလာေစႏိုင္ပါတယ္။ လက္ရွိ အိႏၵိယမွာ ျဖစ္ေနတဲ့ မ်ိဳးစိတ္ကြဲသစ္ BA. 2.75 အပါအဝင္ ကိုဗစ္မ်ိဳးကြဲသစ္ေတြက အျမစ္ျဖတ္လို႔ မရႏိုင္တာမို႔၊ တုတ္ေကြးလိုပဲ အတူယွဥ္တြဲ ေနထိုင္ၿပီး အခုလို ဆက္ၿပီးကာကြယ္သြားရေတာ့မွာပါ။

အကယ္၍ မိမိကူးစက္ခံလွ်င္လည္း တျခားသူေတြကို မကူးစက္ေစဖို႔ ကိုဗစ္ စျဖစ္ျဖစ္ခ်င္း သိႏိုင္ဖို႔ အေရးႀကီးပါတယ္။ အခု BA.4 နဲ႔ BA.5 မ်ိဳးစိတ္ကြဲသစ္ေတြကလည္း အရင္ကိုဗစ္လကၡဏာ (လည္ပင္းနာ၊ ေခ်ာင္းဆိုး၊ အသံဝင္၊ ကိုယ္လက္ကိုက္၊ ႏုံးခ်ည့္၊ ဝမ္းေလွ်ာ၊ အနံ႔ေပ်ာက္၊ ဖ်ားနာတာ) ေတြနဲ႔ တူတာမို႔၊ ျဖစ္လာလွ်င္ ကိုဗစ္သံသယထားၿပီး၊ ခ်က္ခ်င္း ေဆးစစ္ၾကည့္သင့္ပါတယ္။ အခုလို ခ်က္ခ်င္းစစ္ႏိုင္ဖို႔ အျမန္စစ္ကရိယာ (Antigen Test/ RDT) အိမ္မွာ ေဆာင္ထားၿပီး၊ စစ္လွ်င္ ၁၅ မိနစ္အတြင္း အေျဖသိႏိုင္ပါတယ္။ ကိုဗစ္ပိုးေတြ႔လာလွ်င္ေတာ့ တျခားသူေတြကို မကူးစက္ေအာင္ မိမိရဲ႕ အလုပ္ (သို႔မဟုတ္) ေက်ာင္းကို အသိေပးၿပီး၊ အျပင္လည္းမထြက္ဘဲ၊ အိမ္ထဲမွာ သီးျခားခြဲေနထိုင္စားေသာက္သင့္ပါတယ္။ ဒါအျပင္ အိမ္ထဲမွာလည္း မိသားစုေတြ၊ အတူေနသူေတြကို ဆက္မကူးေအာင္ အထက္မွာေဖာ္ျပခဲ့တဲ့ ပုံမွန္ကာကြယ္နည္းေတြကို မေပါ့ေလ်ာ့ဘဲ အသုံးျပဳသင့္ပါတယ္။

ကုသမူအတြက္ေတာ့ အရင္လို ပုံမွန္နည္းေတြအျပင္၊ ေနာက္ပိုင္းေပၚလာတဲ့ ကိုဗစ္ သက္သာေအာင္ကုသရာမွာ သုံးတဲ့ေဆးေတြ (Paxlovid ၊ Molnupiravir) စတာေတြ ေသာက္ႏိုင္ပါတယ္။ ပုံမွန္ကုသနည္းေတြကေတာ့ ေရမ်ားမ်ားေသာက္တာ၊ ဖ်ားလာလွ်င္ ပါရာစီတေမာ အဖ်ားက်ေဆး၊ ႏွာေစးလွ်င္ ႏွာေစးေပ်ာက္ေဆး၊ ေခ်ာင္းသိပ္ဆိုးလွ်င္ ေခ်ာင္းဆိုးေပ်ာက္ေဆး စတာေတြ ေသာက္ႏိုင္ပါတယ္။ အသက္ရႈၾကပ္လွ်င္ေတာ့ ေအာက္ဆီဂ်င္ တိုင္းသင့္ပါတယ္။ ေအာက္ဆီဂ်င္က ၉၂ အထက္ရွိေနလွ်င္ စိတ္ပူစရာ မလိုပါဘူး။ ဒါေပမဲ့ အေရာင္က်ေဆးေတြနဲ႔ ပဋိဗီဝေဆးေတြကိုေတာ့ ေတာ္႐ုံတန္႐ုံအေနထားမွာ မလိုအပ္ဘဲ မေသာက္သင့္ပါဘူး။ ေမာလာလွ်င္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။ အင္တာနက္ လူမူမီဒီယာေတြမွာ ေရးထားတဲ့ ေဆးတခ်ဳိ ႔ကလည္း ကိုဗစ္အတြက္ တကယ္ မျဖစ္မေနလိုတဲ့ေဆးေတြ မဟုတ္ပါဘူး။ ဥပမာ ဗီတာမင္ စီ၊ သတၱဳဓာတ္ (Zinc) စတဲ့ေဆးေတြက မရွိမျဖစ္ လိုအပ္တဲ့ေဆးေတြ မဟုတ္တာမို႔၊ ႀကိဳစုေဆာင္းထားစရာ အမ်ားႀကီးေသာက္စရာ မလိုပါဘူး။ လိုအပ္လွ်င္ က်န္းမာေရးဝန္ထမ္းေတြနဲ႔ တိုင္ပင္၊ ျပသၿပီး သူတို႔ေျပာတာကို နားေထာင္သင့္ပါတယ္။

ကိုဗစ္ျဖစ္အၿပီး အလုပ္ျပန္ဆင္းဖို႔နဲ႔ ေက်ာင္းျပန္တက္ဖို႔အတြက္ေတာ့၊ အဖ်ားက်ၿပီး လကၡဏာေတြ သက္သာလာတာအျပင္ ေသခ်ာေအာင္ ေဆးျပန္စစ္ဖို႔ အေရးႀကီးပါတယ္။ အခု BA.4 နဲ႔ BA.5 ျဖစ္သူအမ်ားစုက ၄-၅ ရက္အတြင္း ျပန္ေကာင္းသြားတတ္ေပမဲ့၊ ေဆးျပန္စစ္ရာမွာ (၆ ရက္ေျမာက္ စစစ္ႏိုင္) ပိုးေတြ႔ေနေသးလွ်င္ အလုပ္ျပန္ဆင္းတာ ေက်ာင္းျပန္သြားတာေတြ မလုပ္သင့္ဘဲ ေနာက္ႏွစ္ရက္အၾကာမွာ ထပ္စစ္ၾကည့္သင့္ပါတယ္။ တခ်ဳိ ႔မွာ ေဆးစစ္ရလဒ္ အေရာင္ (ဥပမာ အျပာေရာင္) မ်ဥ္းေၾကာင္းေလးက အလြန္မွိန္ေနခ်ိန္မွာ တျခားကိုဗစ္လကၡဏာ (ေခ်ာင္းဆိုး၊ ႏွာေစး စတာ) ေတြ မရွိေတာ့ဘဲ၊ ျပန္ေကာင္းလာလွ်င္ေတာ့၊ အလုပ္ျပန္ဆင္း ေက်ာင္းျပန္တက္ႏိုင္ပါတယ္။ ဒါေပမဲ့ ေဆးစစ္ရလဒ္ မ်ဥ္းေၾကာင္းအေရာင္က သိသိသာသာ ထင္းလာလွ်င္ေတာ့ အလုပ္ျပန္ဆင္း၊ ေက်ာင္းျပန္တာမ်ိဳးေတြ မလုပ္သင့္ေသးဘဲ အိမ္မွာဆက္ေနကာ၊ ပိုးမေတြ႔တဲ့အခ်ိန္ထိ ၂ ရက္ျခား ဆက္စစ္ၾကည့္သင့္ပါတယ္။ အမ်ားစုမွာေတာ့ ၇ ရက္က ၉ ရက္အတြင္း ျပန္ေပ်ာက္သြားတတ္ၿပီး၊ အေတာ္မ်ားမ်ားလည္း ၅ ရက္အတြင္း ျပန္ေပ်ာက္သြားတတ္ေပမဲ့၊ တခ်ဳိ ႔မွာ ၁၇ ရက္အထိလည္း ၾကာသြားတတ္ပါတယ္။

ဒီေရာဂါဆိုင္ရာအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာျပည္က ကိုဗစ္လူနာေတြကိုလည္း ဖုန္းကတဆင့္ ကုသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

=== Unicode ===

BA.4 နဲ့ BA.5 က ကူးစက်မြန်လွန်းတာကြောင့် ကူးစက်မခံရအောင်နဲ့ ကူးစက်ခံရလျှင်လည်း ကြိုသိပြီး၊ တခြားသူတွေကို မကူးစက်ရေး ကြိုပြင်သင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

Omicron BA.4 နဲ့ BA. 5 ကူးစက်မြန်လွန်းတာကြောင့် အိမ်မှာတစ်ဦးဖြစ်လျှင် ကျန်တဲ့သူတွေ ရက်တွင်းချင်း ကူးစက်သွားနိုင်ပါတယ်။ ကူးစက်ပုံကတော့ အရင် ကိုဗစ်မျိုးကွဲတွေနဲ့ အတူတူပဲမို့ ပုံမှန်ကာကွယ်နည်းတွေကို အလေးအနက် ပိုလုပ်ပေးသင့်ပါတယ်။ ဒီနည်းတွေကတော့ အပြင်ထွက်လျှင် ပါးစပ်နဲ့နှာခေါင်းစည်း (Mask) တပ်တာ၊ လက်မကြာခဏဆေးတာ၊ အများသူငှာသွား၊ လူစုလူဝေးဖြစ်နိုင်တဲ့နေရာ (ဈေး၊ ရုပ်ရှင်ရုံ၊ ပွဲလမ်းသဘင်) တွေ တတ်နိုင်သမျှ ရှောင်တာနဲ့ ကိုဗစ်ကာကွယ်ဆေးကိုလည်း အနည်းဆုံး ၃ လုံး၊ ဖြစ်နိုင်လျှင်၊ ဒီထက် ပိုထိုးထားကြတာပါ။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ကိုဗစ်ကူးစက်ခံရလျှင်တောင် မပြင်းထန်ဘဲ၊ ပိုမြန်မြန်သက်သာလာစေနိုင်ပါတယ်။ လက်ရှိ အိန္ဒိယမှာ ဖြစ်နေတဲ့ မျိုးစိတ်ကွဲသစ် BA. 2.75 အပါအဝင် ကိုဗစ်မျိုးကွဲသစ်တွေက အမြစ်ဖြတ်လို့ မရနိုင်တာမို့၊ တုတ်ကွေးလိုပဲ အတူယှဉ်တွဲ နေထိုင်ပြီး အခုလို ဆက်ပြီးကာကွယ်သွားရတော့မှာပါ။

အကယ်၍ မိမိကူးစက်ခံလျှင်လည်း တခြားသူတွေကို မကူးစက်စေဖို့ ကိုဗစ် စဖြစ်ဖြစ်ချင်း သိနိုင်ဖို့ အရေးကြီးပါတယ်။ အခု BA.4 နဲ့ BA.5 မျိုးစိတ်ကွဲသစ်တွေကလည်း အရင်ကိုဗစ်လက္ခဏာ (လည်ပင်းနာ၊ ချောင်းဆိုး၊ အသံဝင်၊ ကိုယ်လက်ကိုက်၊ နုံးချည့်၊ ဝမ်းလျှော၊ အနံ့ပျောက်၊ ဖျားနာတာ) တွေနဲ့ တူတာမို့၊ ဖြစ်လာလျှင် ကိုဗစ်သံသယထားပြီး၊ ချက်ချင်း ဆေးစစ်ကြည့်သင့်ပါတယ်။ အခုလို ချက်ချင်းစစ်နိုင်ဖို့ အမြန်စစ်ကရိယာ (Antigen Test/ RDT) အိမ်မှာ ဆောင်ထားပြီး၊ စစ်လျှင် ၁၅ မိနစ်အတွင်း အဖြေသိနိုင်ပါတယ်။ ကိုဗစ်ပိုးတွေ့လာလျှင်တော့ တခြားသူတွေကို မကူးစက်အောင် မိမိရဲ့ အလုပ် (သို့မဟုတ်) ကျောင်းကို အသိပေးပြီး၊ အပြင်လည်းမထွက်ဘဲ၊ အိမ်ထဲမှာ သီးခြားခွဲနေထိုင်စားသောက်သင့်ပါတယ်။ ဒါအပြင် အိမ်ထဲမှာလည်း မိသားစုတွေ၊ အတူနေသူတွေကို ဆက်မကူးအောင် အထက်မှာဖော်ပြခဲ့တဲ့ ပုံမှန်ကာကွယ်နည်းတွေကို မပေါ့လျော့ဘဲ အသုံးပြုသင့်ပါတယ်။

ကုသမူအတွက်တော့ အရင်လို ပုံမှန်နည်းတွေအပြင်၊ နောက်ပိုင်းပေါ်လာတဲ့ ကိုဗစ် သက်သာအောင်ကုသရာမှာ သုံးတဲ့ဆေးတွေ (Paxlovid ၊ Molnupiravir) စတာတွေ သောက်နိုင်ပါတယ်။ ပုံမှန်ကုသနည်းတွေကတော့ ရေများများသောက်တာ၊ ဖျားလာလျှင် ပါရာစီတမော အဖျားကျဆေး၊ နှာစေးလျှင် နှာစေးပျောက်ဆေး၊ ချောင်းသိပ်ဆိုးလျှင် ချောင်းဆိုးပျောက်ဆေး စတာတွေ သောက်နိုင်ပါတယ်။ အသက်ရှုကြပ်လျှင်တော့ အောက်ဆီဂျင် တိုင်းသင့်ပါတယ်။ အောက်ဆီဂျင်က ၉၂ အထက်ရှိနေလျှင် စိတ်ပူစရာ မလိုပါဘူး။ ဒါပေမဲ့ အရောင်ကျဆေးတွေနဲ့ ပဋိဗီဝဆေးတွေကိုတော့ တော်ရုံတန်ရုံအနေထားမှာ မလိုအပ်ဘဲ မသောက်သင့်ပါဘူး။ မောလာလျှင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အင်တာနက် လူမူမီဒီယာတွေမှာ ရေးထားတဲ့ ဆေးတချို့ကလည်း ကိုဗစ်အတွက် တကယ် မဖြစ်မနေလိုတဲ့ဆေးတွေ မဟုတ်ပါဘူး။ ဥပမာ ဗီတာမင် စီ၊ သတ္တုဓာတ် (Zinc) စတဲ့ဆေးတွေက မရှိမဖြစ် လိုအပ်တဲ့ဆေးတွေ မဟုတ်တာမို့၊ ကြိုစုဆောင်းထားစရာ အများကြီးသောက်စရာ မလိုပါဘူး။ လိုအပ်လျှင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်၊ ပြသပြီး သူတို့ပြောတာကို နားထောင်သင့်ပါတယ်။

ကိုဗစ်ဖြစ်အပြီး အလုပ်ပြန်ဆင်းဖို့နဲ့ ကျောင်းပြန်တက်ဖို့အတွက်တော့၊ အဖျားကျပြီး လက္ခဏာတွေ သက်သာလာတာအပြင် သေချာအောင် ဆေးပြန်စစ်ဖို့ အရေးကြီးပါတယ်။ အခု BA.4 နဲ့ BA.5 ဖြစ်သူအများစုက ၄-၅ ရက်အတွင်း ပြန်ကောင်းသွားတတ်ပေမဲ့၊ ဆေးပြန်စစ်ရာမှာ (၆ ရက်မြောက် စစစ်နိုင်) ပိုးတွေ့နေသေးလျှင် အလုပ်ပြန်ဆင်းတာ ကျောင်းပြန်သွားတာတွေ မလုပ်သင့်ဘဲ နောက်နှစ်ရက်အကြာမှာ ထပ်စစ်ကြည့်သင့်ပါတယ်။ တချို့မှာ ဆေးစစ်ရလဒ် အရောင် (ဥပမာ အပြာရောင်) မျဉ်းကြောင်းလေးက အလွန်မှိန်နေချိန်မှာ တခြားကိုဗစ်လက္ခဏာ (ချောင်းဆိုး၊ နှာစေး စတာ) တွေ မရှိတော့ဘဲ၊ ပြန်ကောင်းလာလျှင်တော့၊ အလုပ်ပြန်ဆင်း ကျောင်းပြန်တက်နိုင်ပါတယ်။ ဒါပေမဲ့ ဆေးစစ်ရလဒ် မျဉ်းကြောင်းအရောင်က သိသိသာသာ ထင်းလာလျှင်တော့ အလုပ်ပြန်ဆင်း၊ ကျောင်းပြန်တာမျိုးတွေ မလုပ်သင့်သေးဘဲ အိမ်မှာဆက်နေကာ၊ ပိုးမတွေ့တဲ့အချိန်ထိ ၂ ရက်ခြား ဆက်စစ်ကြည့်သင့်ပါတယ်။ အများစုမှာတော့ ၇ ရက်က ၉ ရက်အတွင်း ပြန်ပျောက်သွားတတ်ပြီး၊ အတော်များများလည်း ၅ ရက်အတွင်း ပြန်ပျောက်သွားတတ်ပေမဲ့၊ တချို့မှာ ၁၇ ရက်အထိလည်း ကြာသွားတတ်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာပြည်က ကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG