သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ Omicron မ်ိဳးစိတ္ကြဲသစ္ BA.4 နဲ႔ BA.5 ထူးျခားမူ


Virus Outbreak-Omicron Variant

အခု မ်ိဳးစိတ္ကြဲသစ္ေတြ ကမာၻမွာ ပိုပ်ံလာခ်ိန္၊ ကူးစက္မူ ပိုျမန္လြန္းတာအျပင္ အရင္ ကိုဗစ္ျဖစ္ထားသူေတြမွာ ပို အခ်ိန္တိုအတြင္း ျပန္ျဖစ္တာေတြ႔ထားတယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။
ေတာင္အာဖရိက (South Africa) ကေန ဥေရာပႏိုင္ငံတခ်ဳိ ႔ကို စကူးလာတဲ့ BA.4 နဲ႔ BA.5 က ကိုဗစ္ကာကြယ္ေဆး ၃ ႀကိမ္ထိုးထားသူေတြမွာေတာင္ ျပန္ျဖစ္တာနဲ႔ ကိုဗစ္ျဖစ္ထားၿပီးသူေတြမွာ တစ္လမျပည့္ခင္ (၂ ပတ္၊ ၃ ပတ္ေလာက္အတြင္း) ျပန္ျဖစ္လာတာကို ထူးထူးျခားျခား ေတြ႔ရွိထားပါတယ္။ အခုလိုျဖစ္ရတာက ကိုဗစ္ကာကြယ္ေဆးနဲ႔ ကိုဗစ္ျဖစ္ခဲ့တာေၾကာင့္ ထြက္လာတဲ့ ပဋိပစၥည္း (Antibody) ကရတဲ့ ကိုယ္ခံအား (Immune) ကို ဒီ မ်ိဳးကြဲစိတ္သစ္ေတြက ပိုအလြယ္တကူ ထိုးေဖာက္သြားႏိုင္လို႔ပါ။ အရင္ တုပ္ေကြးမ်ိဳးကြဲသစ္ (ဥပမာ ဝက္တုပ္ေကြး H1N1) က ကာလတစ္ခုအတြင္း တုပ္ေကြး ျပန္ျဖစ္ေစတာရွိခဲ့ေပမဲ့၊ အခုက ကိုဗစ္မ်ိဳးစိတ္ကြဲသစ္ေတြက ပိုအခ်ိန္တို ျမန္လြန္းေနတာ အထူးသတိျပဳစရာ ျဖစ္လာေနပါတယ္။

ဒါေပမဲ့ လက္ရွိကာလအထိ အေမရိကန္ႏိုင္ငံမွာေတာ့ ျပင္းျပင္းထန္ထန္ျဖစ္တာ (ဥပမာ ေအာက္ဆီဂ်င္ လိုအပ္တာ၊ အထူးၾကပ္မတ္ကုသေဆာင္ ICU ေရာက္တာ) အရင္လို အမ်ားႀကီး မေတြ႔ရေသးပါဘူး။ ဒါေပမဲ့ တခ်ဳိ ႔ေရာဂါအခံ (ဥပမာ ကိုယ္ခံအားက်ေနသူေတြ၊ အဆုပ္ေရာဂါဆိုးဝါးေနသူေတြ၊ ရင္ၾကပ္နဲ႔ ႏွလုံးေရာဂါ ႏွလုံးေဖာက္ခဲ့တာမ်ိဳး) ရွိထားသူေတြမွာေတာ့၊ ပိုဆိုး ျပင္းထန္ေစႏိုင္တာ ေတြ႔ထားပါတယ္။ အေမရိကန္မွာ အခုလို ကူးစက္လြယ္ေပမဲ့ ေရာဂါအခံရွိသူေတြကလြဲလို႔ မျပင္းထန္တာကေတာ့၊ ကာကြယ္ေဆး အနည္းဆုံး ၂ လုံးထိုးထားသူေတြအမ်ားစုရွိလာၿပီး၊ ၃ လုံးထိုးထားသူ အေတာ္အသင့္ရွိကာ၊ ၄ လုံးထိုးထားသူက ခုခ်ိန္ထိ နည္းေနေသးလို႔ ျဖစ္ႏိုင္ပါတယ္။

ျမန္မာႏိုင္ငံအတြက္ သင္ခန္းစာကေတာ့ အလားတူ ကူးစက္ျမန္လြန္းၿပီး ကာကြယ္ေဆးထိုးထားသူေတြနဲ႔ အရင္ျဖစ္ထားၿပီးသူေတြမွာပါ ပိုအမ်ားအျပား ပိုအခ်ိန္တိုအတြင္း ကူးႏိုင္ေပမဲ့၊ အသက္အႏၲရာယ္ဆုံးႏိုင္တဲ့အတိေတာ့ ျပင္းထန္မူ နည္းႏိုင္တာပါ။ အေမရိကန္မွာ ထိုးထားတဲ့ ကာကြယ္ေဆးေလာက္ေတာ့ ျမန္မာမွာအသုံးမ်ားတဲ့ တ႐ုတ္ကာကြယ္ေဆးက ဆတူ အတိအက် အာနိသင္ေကာင္းတယ္လို႔ မေျပာႏိုင္ေပမဲ့၊ အရင္ ဒီကာကြယ္ေဆးရသူ တစုံတရာပိုမ်ားလာတဲ့ Omicron လႈိင္းတုံးက၊ ကာကြယ္ေဆးရနည္းခဲ့တဲ့ Delta လႈိင္းတုံးကနဲ႔ မတူဘဲ၊ လူ႔အသက္ေပါင္းမ်ားစြာကို ကယ္တင္ေပးႏိုင္ခဲ့တာေတာ့ ရွိခဲ့ပါတယ္။ ေနာက္ သင္ခန္းစာကေတာ့ ကိုဗစ္ျပန္အေတြ႔မ်ားလာတဲ့ နယူးေယာက္မွာ အမ်ားသူငွာသုံး သယ္ယူပို႔ေဆာင္ေရးယာဥ္ (ကား၊ ဘတ္စကား၊ ရထား စတာ) ေတြမွာ ပါးစပ္နဲ႔ႏွာေခါင္းစည္း (Mask) ကို အရင္ေျဖေလွ်ာ့ေပးခဲ့ရာကေန၊ အခု မျဖစ္မေနျပန္တပ္ဖို႔ စည္းစနစ္နဲ႔လုပ္ေနပါၿပီ။ ဒါ့အျပင္ ကိုဗစ္ အျဖစ္ျပန္စမ်ားလာေနတဲ့ တ႐ုတ္ၿမိဳ ႔ေတာ္ ဘီဂ်င္း (ပီကင္း) မွာလည္း အမ်ားသူငွာသြား လူစုလူေဝးျဖစ္ႏိုင္တဲ့ေနရာ (႐ုပ္ရွင္႐ုံ၊ ျပဇတ္႐ုံ စတာ) ေတြမွာ ဒီ Mask ကို မျဖစ္မေနတတ္ဖို႔ အမိန႔္ထုတ္ထားပါတယ္။ ဒါ့အျပင္ ကိုဗစ္ ကာကြယ္ေဆးကိုလည္း အနည္းဆုံး ၃ လုံး၊ ျဖစ္ႏိုင္လွ်င္ ဒီထက္ ပို ထိုးၾကဖို႔ ဒီႏိုင္ငံေတြမွာ တိုက္တြန္းေနပါတယ္။

အခုလို ကာကြယ္တဲ့ၾကားက ေရာဂါကူးစက္ခံရလွ်င္ ႀကိဳသိႏိုင္ဖို႔ ထူးျခားတဲ့ လကၡဏာေတာ့ မေတြ႔ေသးဘဲ၊ အရင္ ကိုဗစ္ျဖစ္တာေတြနဲ႔ ဆင္တူေနပါေသးတယ္။ အခုတစ္ေခါက္ကိုဗစ္လူနာေတြမွာလည္း လည္ပင္းနာတာ (တခ်ိဳ. အာေခါင္ကြဲမေလာက္နာႏိုင္)၊ ေခ်ာင္းဆိုးတာ (တခ်ဳိ ႔ မအိပ္ႏိုင္ေလာက္ေအာင္ဆိုးတာ)၊ ကိုယ္လက္ကိုက္တာ၊ ႏုံးတာ (တခ်ဳိ ႔အလုပ္မလုပ္ခ်င္ေလာက္ေအာင္ႏုံးတာ)၊ ဝမ္းေလွ်ာတာ၊ အနံ႔ေပ်ာက္တာ၊ ဖ်ားတာေတြပါ။ ကိုဗစ္ ကာကြယ္ေဆးထိုးထားသူေတြမွာ၊ ဒီ ေရာဂါလကၡဏာေတြအမ်ားစုက ၂ ရက္ ၃ ရက္သာျဖစ္ေလ့ရွိၿပီး၊ အလြန႔္အလြန္ဆုံး ၃ ရက္ ၄ ရက္ထက္ေတာ့ ပိုေလ့မရွိဘဲ ျပန္ေကာင္းလာေလ့ ရွိပါတယ္။ ဖ်ားတာကေတာ့ ၁ ရက္ ၂ ရက္အတြင္း ျပန္ေကာင္းေလ့ရွိေပမဲ့၊ ၃ ရက္ ၄ ရက္အထိ ေရာက္လာလွ်င္ေတာ့ သတိစထားၿပီး လိုအပ္လွ်င္ (တျခားလကၡဏာေတြလည္း မသက္သာဘဲ ဆက္ဆိုးလာလွ်င္) ေဆးခန္းျပသင့္ပါတယ္။

ဒီအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာျပည္က ကိုဗစ္လူနာေတြကိုလည္း ဖုန္းကတဆင့္ ကူေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==== Unicode ====

အခု မျိုးစိတ်ကွဲသစ်တွေ ကမ္ဘာမှာ ပိုပျံလာချိန်၊ ကူးစက်မူ ပိုမြန်လွန်းတာအပြင် အရင် ကိုဗစ်ဖြစ်ထားသူတွေမှာ ပို အချိန်တိုအတွင်း ပြန်ဖြစ်တာတွေ့ထားတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။
တောင်အာဖရိက (South Africa) ကနေ ဥရောပနိုင်ငံတချို့ကို စကူးလာတဲ့ BA.4 နဲ့ BA.5 က ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ်ထိုးထားသူတွေမှာတောင် ပြန်ဖြစ်တာနဲ့ ကိုဗစ်ဖြစ်ထားပြီးသူတွေမှာ တစ်လမပြည့်ခင် (၂ ပတ်၊ ၃ ပတ်လောက်အတွင်း) ပြန်ဖြစ်လာတာကို ထူးထူးခြားခြား တွေ့ရှိထားပါတယ်။ အခုလိုဖြစ်ရတာက ကိုဗစ်ကာကွယ်ဆေးနဲ့ ကိုဗစ်ဖြစ်ခဲ့တာကြောင့် ထွက်လာတဲ့ ပဋိပစ္စည်း (Antibody) ကရတဲ့ ကိုယ်ခံအား (Immune) ကို ဒီ မျိုးကွဲစိတ်သစ်တွေက ပိုအလွယ်တကူ ထိုးဖောက်သွားနိုင်လို့ပါ။ အရင် တုပ်ကွေးမျိုးကွဲသစ် (ဥပမာ ဝက်တုပ်ကွေး H1N1) က ကာလတစ်ခုအတွင်း တုပ်ကွေး ပြန်ဖြစ်စေတာရှိခဲ့ပေမဲ့၊ အခုက ကိုဗစ်မျိုးစိတ်ကွဲသစ်တွေက ပိုအချိန်တို မြန်လွန်းနေတာ အထူးသတိပြုစရာ ဖြစ်လာနေပါတယ်။

ဒါပေမဲ့ လက်ရှိကာလအထိ အမေရိကန်နိုင်ငံမှာတော့ ပြင်းပြင်းထန်ထန်ဖြစ်တာ (ဥပမာ အောက်ဆီဂျင် လိုအပ်တာ၊ အထူးကြပ်မတ်ကုသဆောင် ICU ရောက်တာ) အရင်လို အများကြီး မတွေ့ရသေးပါဘူး။ ဒါပေမဲ့ တချို့ရောဂါအခံ (ဥပမာ ကိုယ်ခံအားကျနေသူတွေ၊ အဆုပ်ရောဂါဆိုးဝါးနေသူတွေ၊ ရင်ကြပ်နဲ့ နှလုံးရောဂါ နှလုံးဖောက်ခဲ့တာမျိုး) ရှိထားသူတွေမှာတော့၊ ပိုဆိုး ပြင်းထန်စေနိုင်တာ တွေ့ထားပါတယ်။ အမေရိကန်မှာ အခုလို ကူးစက်လွယ်ပေမဲ့ ရောဂါအခံရှိသူတွေကလွဲလို့ မပြင်းထန်တာကတော့၊ ကာကွယ်ဆေး အနည်းဆုံး ၂ လုံးထိုးထားသူတွေအများစုရှိလာပြီး၊ ၃ လုံးထိုးထားသူ အတော်အသင့်ရှိကာ၊ ၄ လုံးထိုးထားသူက ခုချိန်ထိ နည်းနေသေးလို့ ဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံအတွက် သင်ခန်းစာကတော့ အလားတူ ကူးစက်မြန်လွန်းပြီး ကာကွယ်ဆေးထိုးထားသူတွေနဲ့ အရင်ဖြစ်ထားပြီးသူတွေမှာပါ ပိုအများအပြား ပိုအချိန်တိုအတွင်း ကူးနိုင်ပေမဲ့၊ အသက်အန္တရာယ်ဆုံးနိုင်တဲ့အတိတော့ ပြင်းထန်မူ နည်းနိုင်တာပါ။ အမေရိကန်မှာ ထိုးထားတဲ့ ကာကွယ်ဆေးလောက်တော့ မြန်မာမှာအသုံးများတဲ့ တရုတ်ကာကွယ်ဆေးက ဆတူ အတိအကျ အာနိသင်ကောင်းတယ်လို့ မပြောနိုင်ပေမဲ့၊ အရင် ဒီကာကွယ်ဆေးရသူ တစုံတရာပိုများလာတဲ့ Omicron လှိုင်းတုံးက၊ ကာကွယ်ဆေးရနည်းခဲ့တဲ့ Delta လှိုင်းတုံးကနဲ့ မတူဘဲ၊ လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်ခဲ့တာတော့ ရှိခဲ့ပါတယ်။ နောက် သင်ခန်းစာကတော့ ကိုဗစ်ပြန်အတွေ့များလာတဲ့ နယူးယောက်မှာ အများသူငှာသုံး သယ်ယူပို့ဆောင်ရေးယာဉ် (ကား၊ ဘတ်စကား၊ ရထား စတာ) တွေမှာ ပါးစပ်နဲ့နှာခေါင်းစည်း (Mask) ကို အရင်ဖြေလျှော့ပေးခဲ့ရာကနေ၊ အခု မဖြစ်မနေပြန်တပ်ဖို့ စည်းစနစ်နဲ့လုပ်နေပါပြီ။ ဒါ့အပြင် ကိုဗစ် အဖြစ်ပြန်စများလာနေတဲ့ တရုတ်မြို့တော် ဘီဂျင်း (ပီကင်း) မှာလည်း အများသူငှာသွား လူစုလူဝေးဖြစ်နိုင်တဲ့နေရာ (ရုပ်ရှင်ရုံ၊ ပြဇတ်ရုံ စတာ) တွေမှာ ဒီ Mask ကို မဖြစ်မနေတတ်ဖို့ အမိန့်ထုတ်ထားပါတယ်။ ဒါ့အပြင် ကိုဗစ် ကာကွယ်ဆေးကိုလည်း အနည်းဆုံး ၃ လုံး၊ ဖြစ်နိုင်လျှင် ဒီထက် ပို ထိုးကြဖို့ ဒီနိုင်ငံတွေမှာ တိုက်တွန်းနေပါတယ်။

အခုလို ကာကွယ်တဲ့ကြားက ရောဂါကူးစက်ခံရလျှင် ကြိုသိနိုင်ဖို့ ထူးခြားတဲ့ လက္ခဏာတော့ မတွေ့သေးဘဲ၊ အရင် ကိုဗစ်ဖြစ်တာတွေနဲ့ ဆင်တူနေပါသေးတယ်။ အခုတစ်ခေါက်ကိုဗစ်လူနာတွေမှာလည်း လည်ပင်းနာတာ (တချို. အာခေါင်ကွဲမလောက်နာနိုင်)၊ ချောင်းဆိုးတာ (တချို့ မအိပ်နိုင်လောက်အောင်ဆိုးတာ)၊ ကိုယ်လက်ကိုက်တာ၊ နုံးတာ (တချို့အလုပ်မလုပ်ချင်လောက်အောင်နုံးတာ)၊ ဝမ်းလျှောတာ၊ အနံ့ပျောက်တာ၊ ဖျားတာတွေပါ။ ကိုဗစ် ကာကွယ်ဆေးထိုးထားသူတွေမှာ၊ ဒီ ရောဂါလက္ခဏာတွေအများစုက ၂ ရက် ၃ ရက်သာဖြစ်လေ့ရှိပြီး၊ အလွန့်အလွန်ဆုံး ၃ ရက် ၄ ရက်ထက်တော့ ပိုလေ့မရှိဘဲ ပြန်ကောင်းလာလေ့ ရှိပါတယ်။ ဖျားတာကတော့ ၁ ရက် ၂ ရက်အတွင်း ပြန်ကောင်းလေ့ရှိပေမဲ့၊ ၃ ရက် ၄ ရက်အထိ ရောက်လာလျှင်တော့ သတိစထားပြီး လိုအပ်လျှင် (တခြားလက္ခဏာတွေလည်း မသက်သာဘဲ ဆက်ဆိုးလာလျှင်) ဆေးခန်းပြသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာပြည်က ကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကူပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG