သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Omicron ေနာက္ဆက္တြဲ ကုသမႈ


Virus Outbreak-Vaccines-Omicron

ျမန္မာႏိုင္ငံတြင္းမွာ ကိုဗစ္မ်ိဳးကြဲသစ္ Omicron ေၾကာင့္ ကိုဗစ္စတုတၳလႈိင္းနဲ႔ ႀကဳံေတြ႔ေနရခ်ိန္မွာ ေနာက္ဆက္တြဲ ျဖစ္ႏိုင္တာအတြက္ စီမံကုသမူေတြ ရွိေနတယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

ကိုဗစ္မ်ိဳးကြဲသစ္ရဲ႕ ထူျခားတဲ့ ေနာက္ဆက္တြဲ ႏွလုံး ထိခိုက္တာကို ကိုယ့္ဘာသာကိုယ္ ႀကိတ္မကုဘဲ ကြၽမ္းက်င္တဲ့ ဆရာဝန္နဲ႔ ျပသဖို႔၊ လိုအပ္လွ်င္ ေဆး႐ုံတက္ဖို႔ လိုပါတယ္။ ႏွလုံးေရာင္ၿပီး အခုလို ထိခိုက္တာက ကိုဗစ္ျဖစ္အၿပီး ရက္သတၱပတ္ တစ္ပတ္ေက်ာ္ကေန စေတြ႔ႏိုင္ကာ၊ ရင္ဘတ္ေအာင့္တာ (ေခ်ာင္းမဆိုးဘဲ)၊ ႏွလုံးခုန္မမွန္တာ (ျမန္တာ သို႔မဟုတ္ ေႏွးတာ)၊ ေအာက္ဆီဂ်င္မက်ဘဲ အသပ္႐ွဳၾကပ္တာေတြ ျဖစ္လာလွ်င္ အျမန္ဆံုး ဆရာဝန္ျပၿပီး၊ ေစာေစာသိ၊ ေစာေစာကုသမူကို ခံယူသင့္ပါတယ္။ ျမန္မာႏိုင္ငံထဲ ႏွလုံးအထူးကုဆရာဝန္ေတြအေနနဲ႔ လိုအပ္သလို ႏွလုံးဆိုင္ရာ ေဆးဝါးေတြနဲ႔ ထိေရာက္ေအာင္ ကုသေပးႏိုင္ပါတယ္။

ဒီတေခါက္ Omicron ကိုဗစ္မ်ိဳးကြဲသစ္က အရင္လို အဆုပ္ကို သိပ္မထိဘဲ၊ တျခား ကိုယ္တြင္းအဂၤါေတြကိုပါ ထိခိုက္ႏိုင္တာကို ေလ့လာေနဆဲ ျဖစ္ေပမဲ့၊ ကိုဗစ္အျဖစ္ၾကာကာ (Long COVID)၊ ႏုံးခ်ည့္ၿပီး၊ အလုပ္ျပန္မဆင္းခ်င္တာကိုေတာ့ စိုးရိမ္မူစ ရွိလာပါတယ္။ လကၡဏာေတြအေနနဲ႔ ကိုယ္လက္မသယ္ခ်င္တာ၊ ပင္ပန္းႏြမ္းနယ္တာ၊ စြမ္းအားမရွိတာ၊ သြားလာလူပ္ရွားမူ ေႏွးလာတာ၊ တခ်ိန္လုံး အိပ္ခ်င္ေနတာ၊ အိပ္ယာက မထခ်င္တာ၊ တကိုယ္လုံး ကိုက္ခဲတာ၊ အာ႐ုံစိုက္မွတ္သားအလုပ္လုပ္ရ (Concentration) ခက္တာ စသည္ျဖင့္ ေတြ႕လာရတတ္ပါတယ္။ ဒါေပမဲ့ အခုလို ျဖစ္လာတာက နာတာရွည္မဟုတ္ဘဲ၊ ေရာဂါလကၡဏာတခ်ဳိ ႔ က်န္ေနတာသာျဖစ္တာမို႔၊ နည္းနည္းစီ (ဥပမာ တပတ္မွာ နာရီပိုင္း / ရက္အနည္းငယ္ကစ) တျဖည္းျဖည္း အလုပ္ေတြ ျပန္ႀကိဳးစားလုပ္ျခင္းျဖင့္၊ သက္သာလာေလ့ ရွိပါတယ္။

ေနာက္အေရးႀကီးတာကေတာ့ ကိုဗစ္ပိုးစစ္လို႔ မေတြ႔တိုင္း မေပါ့ဆသင္ပါဘူး။ ဒီတစ္ေခါက္ Omicron မ်ိဳးကြဲရဲ႕ ထူးျခားတဲ့ လကၡဏာေတြျဖစ္တဲ့ လည္ပင္းနာတာ၊ ေခ်ာင္းဆိုးတာ၊ ႏွာစည္းတာေတြ ျဖစ္လာလွ်င္ေတာ့၊ ပိုးစစ္လို႔ မေတြ႔လွ်င္ေတာင္ တျခားတုပ္ေကြးေတြထက္ Omicron ကူးစက္ခံရဖို႔ မ်ားတယ္လို႔ စဥ္းစားၿပီး၊ ေစာေစာ ကုသမူခံယူျခင္းျဖင့္ ေနာက္ဆက္တြဲ ျပင္းထန္ႏိုင္ေျခကို ေလွ်ာ့ခ်ႏိုင္ပါတယ္။ စီမံကုသရာမွာလည္း တခ်ဳိ ႔က (၅) ရက္နဲ႔ ျပန္ေပ်ာက္သြားတတ္ေပမဲ့၊ တခ်ဳိ ႔မွာေတာ့ (၁၀) ရက္ေက်ာ္ကေန လနဲ႔ခ်ီၾကာတတ္ၿပီး တျဖည္းျဖည္းေတာ့ ျပန္ေကာင္းသြားေလ့ ရွိပါတယ္။

ဒီေရာဂါအေၾကာင္း ပိုမုိသိရိွႏိုင္ေအာင္ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ရိွ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ျမန္မာျပည္ရိွ ကိုဗစ္လူနာေတြကိုလည္း ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္, ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode ==

မြန်မာနိုင်ငံတွင်းမှာ ကိုဗစ်မျိုးကွဲသစ် Omicron ကြောင့် ကိုဗစ်စတုတ္ထလှိုင်းနဲ့ ကြုံတွေ့နေရချိန်မှာ နောက်ဆက်တွဲ ဖြစ်နိုင်တာအတွက် စီမံကုသမူတွေ ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ကိုဗစ်မျိုးကွဲသစ်ရဲ့ ထူခြားတဲ့ နောက်ဆက်တွဲ နှလုံး ထိခိုက်တာကို ကိုယ့်ဘာသာကိုယ် ကြိတ်မကုဘဲ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသဖို့၊ လိုအပ်လျှင် ဆေးရုံတက်ဖို့ လိုပါတယ်။ နှလုံးရောင်ပြီး အခုလို ထိခိုက်တာက ကိုဗစ်ဖြစ်အပြီး ရက်သတ္တပတ် တစ်ပတ်ကျော်ကနေ စတွေ့နိုင်ကာ၊ ရင်ဘတ်အောင့်တာ (ချောင်းမဆိုးဘဲ)၊ နှလုံးခုန်မမှန်တာ (မြန်တာ သို့မဟုတ် နှေးတာ)၊ အောက်ဆီဂျင်မကျဘဲ အသပ်ရှုကြပ်တာတွေ ဖြစ်လာလျှင် အမြန်ဆုံး ဆရာဝန်ပြပြီး၊ စောစောသိ၊ စောစောကုသမူကို ခံယူသင့်ပါတယ်။ မြန်မာနိုင်ငံထဲ နှလုံးအထူးကုဆရာဝန်တွေအနေနဲ့ လိုအပ်သလို နှလုံးဆိုင်ရာ ဆေးဝါးတွေနဲ့ ထိရောက်အောင် ကုသပေးနိုင်ပါတယ်။

ဒီတခေါက် Omicron ကိုဗစ်မျိုးကွဲသစ်က အရင်လို အဆုပ်ကို သိပ်မထိဘဲ၊ တခြား ကိုယ်တွင်းအင်္ဂါတွေကိုပါ ထိခိုက်နိုင်တာကို လေ့လာနေဆဲ ဖြစ်ပေမဲ့၊ ကိုဗစ်အဖြစ်ကြာကာ (Long COVID)၊ နုံးချည့်ပြီး၊ အလုပ်ပြန်မဆင်းချင်တာကိုတော့ စိုးရိမ်မူစ ရှိလာပါတယ်။ လက္ခဏာတွေအနေနဲ့ ကိုယ်လက်မသယ်ချင်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ စွမ်းအားမရှိတာ၊ သွားလာလူပ်ရှားမူ နှေးလာတာ၊ တချိန်လုံး အိပ်ချင်နေတာ၊ အိပ်ယာက မထချင်တာ၊ တကိုယ်လုံး ကိုက်ခဲတာ၊ အာရုံစိုက်မှတ်သားအလုပ်လုပ်ရ (Concentration) ခက်တာ စသည်ဖြင့် တွေ့လာရတတ်ပါတယ်။ ဒါပေမဲ့ အခုလို ဖြစ်လာတာက နာတာရှည်မဟုတ်ဘဲ၊ ရောဂါလက္ခဏာတချို့ ကျန်နေတာသာဖြစ်တာမို့၊ နည်းနည်းစီ (ဥပမာ တပတ်မှာ နာရီပိုင်း / ရက်အနည်းငယ်ကစ) တဖြည်းဖြည်း အလုပ်တွေ ပြန်ကြိုးစားလုပ်ခြင်းဖြင့်၊ သက်သာလာလေ့ ရှိပါတယ်။

နောက်အရေးကြီးတာကတော့ ကိုဗစ်ပိုးစစ်လို့ မတွေ့တိုင်း မပေါ့ဆသင်ပါဘူး။ ဒီတစ်ခေါက် Omicron မျိုးကွဲရဲ့ ထူးခြားတဲ့ လက္ခဏာတွေဖြစ်တဲ့ လည်ပင်းနာတာ၊ ချောင်းဆိုးတာ၊ နှာစည်းတာတွေ ဖြစ်လာလျှင်တော့၊ ပိုးစစ်လို့ မတွေ့လျှင်တောင် တခြားတုပ်ကွေးတွေထက် Omicron ကူးစက်ခံရဖို့ များတယ်လို့ စဉ်းစားပြီး၊ စောစော ကုသမူခံယူခြင်းဖြင့် နောက်ဆက်တွဲ ပြင်းထန်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ စီမံကုသရာမှာလည်း တချို့က (၅) ရက်နဲ့ ပြန်ပျောက်သွားတတ်ပေမဲ့၊ တချို့မှာတော့ (၁၀) ရက်ကျော်ကနေ လနဲ့ချီကြာတတ်ပြီး တဖြည်းဖြည်းတော့ ပြန်ကောင်းသွားလေ့ ရှိပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်အောင် ကိုဝင်းမင်းက နယူးယောက်မြို့ရှိ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာပြည်ရှိ ကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်, ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG