သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Omicron ေနာက္ဆက္တြဲ ႏွလံုးထိခိုက္မႈ


Virus Outbreak-Pfizer-Omicron Vaccine

ကိုဗစ္မ်ိဳးကြဲသစ္ Omicron ေတြ႕ရွိအၿပီး၊ အခုဆိုရင္ ျမန္မာႏိုင္ငံမွာလည္း ကိုဗစ္စတုတၳလႈိင္းနဲ႔အတူ လူအေတာ္မ်ားမ်ား ေရာဂါကူးစက္ခံရခ်ိန္မွာ၊ ေနာက္ဆက္တြဲ စိုးရိမ္မူတခ်ိဳ႕ ရွိလာတယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

အရင္ျဖစ္ခဲ့တဲ့ ကိုဗစ္မ်ိဳးကြဲေတြနဲ႔ မတူဘဲ၊ အခုမ်ိဳးကြဲသစ္ Omicron အေနနဲ႔ ႏွလုံးေရာင္ရမ္းမႈဆိုင္ရာ ေနာက္ဆက္တြဲတခ်ိဳ႕ စျဖစ္ေစတာကို ေတြ႕ရွိထားပါတယ္။ ဒါကို ကိုဗစ္ျဖစ္အၿပီး ရက္သတၱပတ္ တစ္ပတ္ေက်ာ္ကာလမွာ စေတြ႕တတ္ၿပီး၊ ရင္ဘတ္ေအာင့္တာနဲ႔ ႏွလုံးခုန္မမွန္တဲ့ (ႏွလုံးခုန္ျမန္တာ သို႔မဟုတ္ ေႏွးတာ)၊ ႏွလုံးအားနည္းမူ (Heart Failure) လကၡဏာေတြ ျပတာကိုပါ ေတြ႕ရွိရပါတယ္။ အထူးသျဖင့္ ကိုဗစ္ကာကြယ္ေဆး မထိုးထားသူေတြမွာ စေတြ႕တာျဖစ္ၿပီး၊ လူငယ္ေတြမွာပါ အဓိကျဖစ္လာတာမို႔ စိုးရိမ္စရာ စျဖစ္လာတာပါ။

ကိုဗစ္ ပထမဆုံးလႈိင္းတုန္းကေတာ့ အဆုပ္ေပါက္တာ (Pneumomediastinum) နဲ႔ ေသြးတြင္းသၾကား (Sugar) ဓာတ္ အလြန္အကြၽံတက္ၿပီး ဆီးခ်ိဳ (Diabetes) စျဖစ္တာ (သို႔မဟုတ္) ပိုဆိုးလာတာ (ျပင္းထန္တဲ့ DKA – Diabetes Ketoacidosis အဆင့္ထိ) ေတြကို အဓိက ေတြ႕ခဲ့ရတယ္။ ဒါေတြကို ၿပီးခဲ့တဲ့ Delta မ်ိဳးကြဲလႈိင္းမွာေတာ့ သိပ္ဆက္မေတြ႕ရေတာ့ဘဲ၊ ေအာက္ဆီဂ်င္ ထိုးက်ဆင္းတာၿပီး ေသဆုံးရတာကို အဓိက ေျပာင္းေတြ႕ရတယ္။ အခု Omicron မွာေတာ့ အဆုပ္နဲ႔ဆီးခ်ိဳ ျပႆနာေတြကို သိပ္မေတြ႕ရေတာ့ဘဲ၊ ႏွလုံးထိတာမ်ိဳးကို ေတြ႕ရတယ္။

Omicron မ်ိဳးကြဲသစ္ကို အားေပ်ာ့တယ္လို႔ အမ်ားယူဆထားေပမဲ့၊ ကူးစက္မူပိုင္းမွာေတာ့ ျမန္ၿပီး၊ ျဖစ္ပြားမႈမ်ားလြန္ေနတာအျပင္၊ အခုလို ႏွလုံးကို အားနည္းေစမူ ျဖစ္ေစတဲ့ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ိဳးကို စေတြ႕ရတဲ့အတြက္ အထူးသတိျပဳသင့္ဖို႔ လိုပါတယ္။ သတိထားရမယ့္ လကၡဏာေတြအျဖစ္ ရင္ဘတ္ေအာင့္တာ (ေခ်ာင္းမဆိုးဘဲ) နဲ႔ ႏွလုံးခုန္ႏႈန္း မမွန္တာအျပင္၊ အသက္ရႉၾကပ္တာကိုပါ ေတြ႕ရေပမဲ့၊ ေအာက္ဆီဂ်င္ က်ဆင္းတာမ်ိဳးကိုေတာ့ မေတြ႕ရေသးပါဘူး။ ဒါက သာမန္စိုးရိမ္ႀကီးတာ (Anxiety) နဲ႔ ဆက္စပ္ႏိုင္ေပမဲ့၊ လုံးဝ ေပါ့ေပါ့ဆဆ ပစ္မထားသင့္ပါဘူး။ အေရးႀကီးတာက အခုအေျခအေနကေန၊ ေသြးေပါင္ခ်ိန္ ခ်က္ခ်င္းက်သြားႏိုင္တဲ့ အႏၲရာယ္ရွိတာကို ေတြ႕ထားတာမို႔၊ အထက္ပါ လကၡဏာေတြ စျပခ်ိန္မွာ ဆရာဝန္ျပဖို႔၊ လိုအပ္ပါက အခ်ိန္မီ ဓာတ္မွန္႐ိုက္ (Echo - Echocardiogram)၊ ေဆးစစ္ၿပီး၊ ေစာေစာစီးစီး သိႏိုင္ ကုသႏိုင္ႏိုင္ဖို႔ အထူး အေရးႀကီးပါတယ္။

ဒီအေၾကာင္း ပိုမိုသိရွိနားလည္ႏိုင္ဖို႔ နယူးေယာက္ၿမိဳ႕ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမႉးနဲ႔ ျမန္မာျပည္ရွိ ကိုဗစ္လူနာေတြကိုလည္း ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==Unicode ==

ကိုဗစ်မျိုးကွဲသစ် Omicron တွေ့ရှိအပြီး၊ အခုဆိုရင် မြန်မာနိုင်ငံမှာလည်း ကိုဗစ်စတုတ္ထလှိုင်းနဲ့အတူ လူအတော်များများ ရောဂါကူးစက်ခံရချိန်မှာ၊ နောက်ဆက်တွဲ စိုးရိမ်မူတချို့ ရှိလာတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

အရင်ဖြစ်ခဲ့တဲ့ ကိုဗစ်မျိုးကွဲတွေနဲ့ မတူဘဲ၊ အခုမျိုးကွဲသစ် Omicron အနေနဲ့ နှလုံးရောင်ရမ်းမှုဆိုင်ရာ နောက်ဆက်တွဲတချို့ စဖြစ်စေတာကို တွေ့ရှိထားပါတယ်။ ဒါကို ကိုဗစ်ဖြစ်အပြီး ရက်သတ္တပတ် တစ်ပတ်ကျော်ကာလမှာ စတွေ့တတ်ပြီး၊ ရင်ဘတ်အောင့်တာနဲ့ နှလုံးခုန်မမှန်တဲ့ (နှလုံးခုန်မြန်တာ သို့မဟုတ် နှေးတာ)၊ နှလုံးအားနည်းမူ (Heart Failure) လက္ခဏာတွေ ပြတာကိုပါ တွေ့ရှိရပါတယ်။ အထူးသဖြင့် ကိုဗစ်ကာကွယ်ဆေး မထိုးထားသူတွေမှာ စတွေ့တာဖြစ်ပြီး၊ လူငယ်တွေမှာပါ အဓိကဖြစ်လာတာမို့ စိုးရိမ်စရာ စဖြစ်လာတာပါ။

ကိုဗစ် ပထမဆုံးလှိုင်းတုန်းကတော့ အဆုပ်ပေါက်တာ (Pneumomediastinum) နဲ့ သွေးတွင်းသကြား (Sugar) ဓာတ် အလွန်အကျွံတက်ပြီး ဆီးချို (Diabetes) စဖြစ်တာ (သို့မဟုတ်) ပိုဆိုးလာတာ (ပြင်းထန်တဲ့ DKA – Diabetes Ketoacidosis အဆင့်ထိ) တွေကို အဓိက တွေ့ခဲ့ရတယ်။ ဒါတွေကို ပြီးခဲ့တဲ့ Delta မျိုးကွဲလှိုင်းမှာတော့ သိပ်ဆက်မတွေ့ရတော့ဘဲ၊ အောက်ဆီဂျင် ထိုးကျဆင်းတာပြီး သေဆုံးရတာကို အဓိက ပြောင်းတွေ့ရတယ်။ အခု Omicron မှာတော့ အဆုပ်နဲ့ဆီးချို ပြဿနာတွေကို သိပ်မတွေ့ရတော့ဘဲ၊ နှလုံးထိတာမျိုးကို တွေ့ရတယ်။

Omicron မျိုးကွဲသစ်ကို အားပျော့တယ်လို့ အများယူဆထားပေမဲ့၊ ကူးစက်မူပိုင်းမှာတော့ မြန်ပြီး၊ ဖြစ်ပွားမှုများလွန်နေတာအပြင်၊ အခုလို နှလုံးကို အားနည်းစေမူ ဖြစ်စေတဲ့ နောက်ဆက်တွဲဆိုးကျိုးမျိုးကို စတွေ့ရတဲ့အတွက် အထူးသတိပြုသင့်ဖို့ လိုပါတယ်။ သတိထားရမယ့် လက္ခဏာတွေအဖြစ် ရင်ဘတ်အောင့်တာ (ချောင်းမဆိုးဘဲ) နဲ့ နှလုံးခုန်နှုန်း မမှန်တာအပြင်၊ အသက်ရှူကြပ်တာကိုပါ တွေ့ရပေမဲ့၊ အောက်ဆီဂျင် ကျဆင်းတာမျိုးကိုတော့ မတွေ့ရသေးပါဘူး။ ဒါက သာမန်စိုးရိမ်ကြီးတာ (Anxiety) နဲ့ ဆက်စပ်နိုင်ပေမဲ့၊ လုံးဝ ပေါ့ပေါ့ဆဆ ပစ်မထားသင့်ပါဘူး။ အရေးကြီးတာက အခုအခြေအနေကနေ၊ သွေးပေါင်ချိန် ချက်ချင်းကျသွားနိုင်တဲ့ အန္တရာယ်ရှိတာကို တွေ့ထားတာမို့၊ အထက်ပါ လက္ခဏာတွေ စပြချိန်မှာ ဆရာဝန်ပြဖို့၊ လိုအပ်ပါက အချိန်မီ ဓာတ်မှန်ရိုက် (Echo - Echocardiogram)၊ ဆေးစစ်ပြီး၊ စောစောစီးစီး သိနိုင် ကုသနိုင်နိုင်ဖို့ အထူး အရေးကြီးပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာပြည်ရှိ ကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG