သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မီးပိုးေကာင္ေလာင္ျခင္း


Paederus Dermatitis @ Photo Credit: Google
မီးပိုးေကာင္ေလာင္ျခင္း
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ မီးပိုးေကာင္ေလာင္တာ အျဖစ္မ်ားလာေနၿပီး၊ အျခားအေရျပားေရာဂါေတြနဲ႔ မွားကုတတ္ၾကတယ္လို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေျပာဆိုပါတယ္။

အင္းဆက္ပိုးတစ္မ်ိဳးျဖစ္တဲ့ မီးပိုးေကာင္ကထြက္တဲ့ အဆိပ္ေၾကာင့္ အေရျပားေလာင္ၿပီး၊ ယားနာပုံစံမ်ိဳးအနာ ျဖစ္လာတာပါ။ အင္းဆက္ပိုးက မိုးတြင္းအျပင္၊ မိုးအကုန္ ေဆာင္းအကူးမွာလည္း အထြက္မ်ားၿပီး၊ မီးပိုးေကာင္လို႔ေခၚတဲ့အတိုင္း မီးေရာင္ကို ႀကိဳက္တာေၾကာင့္ လူေတြနားကို ေရာက္လာတာပါ။ မီးပိုးေကာင္ေလးက အ႐ြယ္ေသးငယ္ၿပီး၊ အၿမီးေကာ့ေကာ့ပုံစံနဲ႔ သြားတတ္ပါတယ္။ ဒီပိုး အတုတ္ခံရတာေၾကာင့္ျဖစ္ေစ၊ လာထိမိတဲ့ ပိုးေကာင္ကို လက္နဲ႔ဖယ္လိုက္ရာက၊ ေျခလိုက္ရာက အဆိပ္ပန္းခံရတာေၾကာင့္ျဖစ္ေစ၊ ဒီပိုးက အဝတ္ေတြ လွန္းထားတာထဲ ျဖတ္သြားၿပီး အဆိပ္ရည္ ခ်န္ခဲ့တာေၾကာင့္ျဖစ္ေစ၊ လူ႔အေရျပားကို ထိခိုက္ေစၿပီး ေရာင္ရမ္းနာ ျဖစ္လာတာပါ။ ဒါကို လူနာအမ်ားစုက ေရယုန္ေရာဂါလို႔ ထင္မွတ္မွားတတ္ၾကပါတယ္။

ဒီေရာဂါေၾကာင့္ အေရျပား နီၿပီး၊ စပ္ကာ၊ အရည္ၾကည္ဖုေလးေတြလည္း ေပၚလာတတ္တာေၾကာင့္၊ လူနာေတြနဲ႔ တခ်ဳိ ႔ဆရာဝန္ေတြပါ၊ ေရယုန္ေရာဂါလို႔ ထင္ၿပီး မွားကုတတ္ၾကပါတယ္။ အဓိက ခြဲဖို႔ လကၡဏာေတြကေတာ့ ဒီအဆိပ္နဲ႔ထိၿပီး ႐ုတ္တရက္ အေရျပားအနာ စျဖစ္လာတာ (ဥပမာ - ညကအေကာင္း၊ မနက္အိပ္ယာထထခ်င္းမွ စသိတာ)၊ အကြက္လိုက္ အစင္းလိုက္ ယားနာလကၡဏာေတြက ကိုယ္၊ လက္၊ မ်က္ႏွာ စတာေတြမွာ ေပၚလာၿပီး နီေန၊ စပ္ေနတာေတြ ျဖစ္ပါတယ္။ ဒီအနာေတြက ပထမ တရက္မွာ မကုသဘဲ ထားလိုက္လွ်င္၊ ေနာက္တရက္မွာ ခ်က္ခ်င္း ပိုဆိုးလာတတ္ပါတယ္။ အေၾကာင္းက ဒီ မီးပိုးေကာင္ အဆိပ္ေၾကာင့္ အေရျပားအလႊာအားလုံးကို အက္ဆစ္ကဲ့သို႔ စားသြားလို႔ပါ။ အနာပုံစံက အလယ္မွာ ျဖဴၿပီး (အေရျပားအလႊာအားလုံး ေသသြားတာေၾကာင့္)၊ ေဘးနားမွာ နီေနေလ့ရွိပါတယ္။

အျဖစ္မ်ားတဲ့ ေနရာေတြကေတာ့ ကိုယ္ခႏၲာအျပင္မွာေပၚေနတဲ့ မ်က္ႏွာ၊ ကိုယ္၊ လက္စတဲ့ အျပင္ပိုင္းေတြျဖစ္ၿပီး၊ ကိုယ္ခႏၶာအတြင္းပိုင္းမွာေတာ့ အျဖစ္နည္းပါတယ္။ ဒါ့အျပင္ ဒီအဆိပ္က အေရျပားအာ႐ုံေၾကာေတြကိုပါ ထိခိုက္တာေၾကာင့္၊ အလြန္နာေန၊ စပ္ေနၿပီး၊ ယားသလိုလို ေနရထိုင္ရခက္ေစပါတယ္။ တစ္ရက္ႏွစ္ရက္ထက္ ပိုၾကာလာလွ်င္ေတာ့၊ အနာေတြက နီရာကေန ညိဳလာၿပီး၊ ေနာက္ မဲလာကာ၊ ေနာက္တဆင့္မွာ ေျခာက္လာၿပီး၊ အနာေဖးျဖစ္ကာ တျဖည္းျဖည္းကြာက်ၿပီး၊ ေနာက္ဆုံး အသားႏုတက္ အနာျပန္က်က္လာေလ့ ရွိပါတယ္။ ဒါေပမဲ့ ဒီ ၾကားအဆင့္ေတြအထိ ေစာင့္မေနႏိုင္ဘဲ၊ အနာစျဖစ္ၿပီး ရက္အနည္းငယ္အတြင္းမွာ၊ စပ္ၿပီး၊ အလြန္ ကသိကေအာက္ ျဖစ္တာေၾကာင့္၊ ေဆး႐ုံ၊ေဆးခန္း လာျပၾကတာမ်ားပါတယ္။ အဆိပ္မ်ားမ်ားထိလွ်င္ေတာ့ အနာပိုႀကီးၿပီး ပိုနက္ဝင္သြားေလ့ရွိပါတယ္။

အကယ္၍ အနာကို ဂ႐ုမစိုက္ဘဲထားမိပါက၊ ေနာက္ဆက္တြဲ ဘက္တီးရီးယားပိုးေတြ ဝင္လာတတ္ပါတယ္။ ဒါ့အျပင္ ဒီအနာကို ကုတ္ဖဲ့မိတာေၾကာင့္ အညိဳအမဲစြဲတာနဲ႔၊ မလိမ္းသင့္တာေတြ လိမ္းမိတာေၾကာင့္ အနာေပ်ာက္ေသာ္လည္း အမာ႐ြက္က်န္တာေတြ ျဖစ္တတ္ပါတယ္။ အနာက မ်က္ႏွာ၊ လက္နဲ႔ လည္ပင္းလို အျပင္ပန္းမွာ ျဖစ္ေလ့ရွိတာမို႔၊ အမာ႐ြတ္ကလည္း ထင္းကနဲ ေပၚလြင္ေနတတ္ပါတယ္။ မ်က္ႏွာမွာျဖစ္လာလွ်င္ အမာ႐ြတ္က်န္ႏိုင္ၿပီး ၾကည့္ရဆိုးႏိုင္တာေၾကာင့္၊ ကိုယ့္ဟာကိုယ္မကုဘဲ အေရျပားဆရာဝန္နဲ႔ အျမန္ကုသသင့္ပါတယ္။ လူနာအနည္းအက်ဥ္းမွာေတာ့ အဆိပ္ျပင္းလြန္းတာေၾကာင့္ အနာက အမ်ားႀကီးနက္ဝင္ေနၿပီး၊ အနာပိုရင္းလာကာ၊ မီးေလာင္သကဲ့သို႔ အေရျပားတလႊာလုံး ကြာလာလွ်င္ေတာ့ ေဆး႐ုံတင္ ကုသရေလ့ရွိပါတယ္။

ကုသမူအေနနဲ႔ ထိမိတဲ့ အင္းဆက္ပိုးအဆိပ္ကို အျမန္ဆုံး ေရ၊ ဆပ္ျပာနဲ႔ ဖြဖြေလး အသာအယာေဆးၿပီး ဖယ္ရွားပစ္ဖို႔ လိုပါတယ္။ အဆိပ္ၾကာၾကာထိေလ အနာျပင္းထန္ေလ ျဖစ္လို႔ပါ။ အထူးအေရးႀကီးတာတစ္ခုက အရက္ပ်ံ လုံးဝမသုံးသင့္ပါဘူး။ အရက္ပ်ံေၾကာင့္ အနာကို ပိုရင္းၿပီး ပိုဆိုးသြားေစကာ၊ အမာ႐ြတ္ က်န္ေစႏိုင္လို႔ပါ။ လိမ္းေပးသင့္တာက ဒီအဆိပ္ကို ေျပေစတဲ့ အိုင္အိုဒင္းပါတဲ့၊ တင္ခ်ာအိုင္အိုဒင္းနဲ႔ ဘီတာဒင္း (Betadine) ေဆးရည္ေတြပါ။ ဒါ့အျပင္ ပိုးမဝင္ႏိုင္ေအာင္ ပဋိဇီဝ ပိုးသတ္ေဆးလိမ္းေဆး၊ အယားေပ်ာက္ေဆး၊ အေရာင္က်ေဆးေတြတြဲေပးၿပီး၊ ေရခဲအဝတ္ကပ္ေပး တာပါလုပ္ေပးႏိုင္ပါတယ္။ အခုလို စနစ္တက်ကုသလွ်င္ အနာျမန္ျမန္က်က္ၿပီး၊ ရက္ပိုင္းအတြင္း (၅ ရက္မွ ၁၀ ရက္အတြင္း) ေပ်ာက္သြားႏိုင္ပါတယ္။

ကာကြယ္ဖို႔အတြက္ မီးပိုးေကာင္ အေရအတြက္ နည္းသြားေအာင္ အင္းဆက္သတ္ေဆးျဖန္းတာ၊ အင္းဆက္ပိုး ခိုေအာင္းႏိုင္တဲ့ ပိတ္ေလွာင္တဲ့ေနရာေတြကို ရွင္းလင္းေပးတာေတြ လုပ္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ အင္းဆက္ပိုး အနားမလာႏိုင္ေအာင္၊ ျပဴတင္းေပါက္ေတြ ပိတ္ထားတာနဲ႔ အင္းဆက္ လာမထိေစတဲ့ ေဆးရည္လိမ္းတာေတြ လုပ္ေပးသင့္ပါတယ္။ ပိုးေကာင္ေလးေတြ႕လွ်င္လည္း လက္နဲ႔ မေျခမိဖို႔ လိုပါတယ္။

ဒီေရာဂါပိုးအေၾကာင္း ပိုမုိသိရိွနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က ျမန္မာႏိုင္ငံက အေရးျပားအထူးကု ဆရာဝန္ႀကီး ေဒါက္တာစိုးဝင္းဦး ကို ဆက္သြယ္ေမးျမန္းတင္ျပထားပါတယ္။

==Unicode==

မြန်မာနိုင်ငံမှာ မီးပိုးကောင်လောင်တာ အဖြစ်များလာနေပြီး၊ အခြားအရေပြားရောဂါတွေနဲ့ မှားကုတတ်ကြတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။

အင်းဆက်ပိုးတစ်မျိုးဖြစ်တဲ့ မီးပိုးကောင်ကထွက်တဲ့ အဆိပ်ကြောင့် အရေပြားလောင်ပြီး၊ ယားနာပုံစံမျိုးအနာ ဖြစ်လာတာပါ။ အင်းဆက်ပိုးက မိုးတွင်းအပြင်၊ မိုးအကုန် ဆောင်းအကူးမှာလည်း အထွက်များပြီး၊ မီးပိုးကောင်လို့ခေါ်တဲ့အတိုင်း မီးရောင်ကို ကြိုက်တာကြောင့် လူတွေနားကို ရောက်လာတာပါ။ မီးပိုးကောင်လေးက အရွယ်သေးငယ်ပြီး၊ အမြီးကော့ကော့ပုံစံနဲ့ သွားတတ်ပါတယ်။ ဒီပိုး အတုတ်ခံရတာကြောင့်ဖြစ်စေ၊ လာထိမိတဲ့ ပိုးကောင်ကို လက်နဲ့ဖယ်လိုက်ရာက၊ ခြေလိုက်ရာက အဆိပ်ပန်းခံရတာကြောင့်ဖြစ်စေ၊ ဒီပိုးက အဝတ်တွေ လှန်းထားတာထဲ ဖြတ်သွားပြီး အဆိပ်ရည် ချန်ခဲ့တာကြောင့်ဖြစ်စေ၊ လူ့အရေပြားကို ထိခိုက်စေပြီး ရောင်ရမ်းနာ ဖြစ်လာတာပါ။ ဒါကို လူနာအများစုက ရေယုန်ရောဂါလို့ ထင်မှတ်မှားတတ်ကြပါတယ်။

ဒီရောဂါကြောင့် အရေပြား နီပြီး၊ စပ်ကာ၊ အရည်ကြည်ဖုလေးတွေလည်း ပေါ်လာတတ်တာကြောင့်၊ လူနာတွေနဲ့ တချို့ဆရာဝန်တွေပါ၊ ရေယုန်ရောဂါလို့ ထင်ပြီး မှားကုတတ်ကြပါတယ်။ အဓိက ခွဲဖို့ လက္ခဏာတွေကတော့ ဒီအဆိပ်နဲ့ထိပြီး ရုတ်တရက် အရေပြားအနာ စဖြစ်လာတာ (ဥပမာ - ညကအကောင်း၊ မနက်အိပ်ယာထထချင်းမှ စသိတာ)၊ အကွက်လိုက် အစင်းလိုက် ယားနာလက္ခဏာတွေက ကိုယ်၊ လက်၊ မျက်နှာ စတာတွေမှာ ပေါ်လာပြီး နီနေ၊ စပ်နေတာတွေ ဖြစ်ပါတယ်။ ဒီအနာတွေက ပထမ တရက်မှာ မကုသဘဲ ထားလိုက်လျှင်၊ နောက်တရက်မှာ ချက်ချင်း ပိုဆိုးလာတတ်ပါတယ်။ အကြောင်းက ဒီ မီးပိုးကောင် အဆိပ်ကြောင့် အရေပြားအလွှာအားလုံးကို အက်ဆစ်ကဲ့သို့ စားသွားလို့ပါ။ အနာပုံစံက အလယ်မှာ ဖြူပြီး (အရေပြားအလွှာအားလုံး သေသွားတာကြောင့်)၊ ဘေးနားမှာ နီနေလေ့ရှိပါတယ်။

အဖြစ်များတဲ့ နေရာတွေကတော့ ကိုယ်ခန္တာအပြင်မှာပေါ်နေတဲ့ မျက်နှာ၊ ကိုယ်၊ လက်စတဲ့ အပြင်ပိုင်းတွေဖြစ်ပြီး၊ ကိုယ်ခန္ဓာအတွင်းပိုင်းမှာတော့ အဖြစ်နည်းပါတယ်။ ဒါ့အပြင် ဒီအဆိပ်က အရေပြားအာရုံကြောတွေကိုပါ ထိခိုက်တာကြောင့်၊ အလွန်နာနေ၊ စပ်နေပြီး၊ ယားသလိုလို နေရထိုင်ရခက်စေပါတယ်။ တစ်ရက်နှစ်ရက်ထက် ပိုကြာလာလျှင်တော့၊ အနာတွေက နီရာကနေ ညိုလာပြီး၊ နောက် မဲလာကာ၊ နောက်တဆင့်မှာ ခြောက်လာပြီး၊ အနာဖေးဖြစ်ကာ တဖြည်းဖြည်းကွာကျပြီး၊ နောက်ဆုံး အသားနုတက် အနာပြန်ကျက်လာလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီ ကြားအဆင့်တွေအထိ စောင့်မနေနိုင်ဘဲ၊ အနာစဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာ၊ စပ်ပြီး၊ အလွန် ကသိကအောက် ဖြစ်တာကြောင့်၊ ဆေးရုံ၊ဆေးခန်း လာပြကြတာများပါတယ်။ အဆိပ်များများထိလျှင်တော့ အနာပိုကြီးပြီး ပိုနက်ဝင်သွားလေ့ရှိပါတယ်။

အကယ်၍ အနာကို ဂရုမစိုက်ဘဲထားမိပါက၊ နောက်ဆက်တွဲ ဘက်တီးရီးယားပိုးတွေ ဝင်လာတတ်ပါတယ်။ ဒါ့အပြင် ဒီအနာကို ကုတ်ဖဲ့မိတာကြောင့် အညိုအမဲစွဲတာနဲ့၊ မလိမ်းသင့်တာတွေ လိမ်းမိတာကြောင့် အနာပျောက်သော်လည်း အမာရွက်ကျန်တာတွေ ဖြစ်တတ်ပါတယ်။ အနာက မျက်နှာ၊ လက်နဲ့ လည်ပင်းလို အပြင်ပန်းမှာ ဖြစ်လေ့ရှိတာမို့၊ အမာရွတ်ကလည်း ထင်းကနဲ ပေါ်လွင်နေတတ်ပါတယ်။ မျက်နှာမှာဖြစ်လာလျှင် အမာရွတ်ကျန်နိုင်ပြီး ကြည့်ရဆိုးနိုင်တာကြောင့်၊ ကိုယ့်ဟာကိုယ်မကုဘဲ အရေပြားဆရာဝန်နဲ့ အမြန်ကုသသင့်ပါတယ်။ လူနာအနည်းအကျဉ်းမှာတော့ အဆိပ်ပြင်းလွန်းတာကြောင့် အနာက အများကြီးနက်ဝင်နေပြီး၊ အနာပိုရင်းလာကာ၊ မီးလောင်သကဲ့သို့ အရေပြားတလွှာလုံး ကွာလာလျှင်တော့ ဆေးရုံတင် ကုသရလေ့ရှိပါတယ်။

ကုသမူအနေနဲ့ ထိမိတဲ့ အင်းဆက်ပိုးအဆိပ်ကို အမြန်ဆုံး ရေ၊ ဆပ်ပြာနဲ့ ဖွဖွလေး အသာအယာဆေးပြီး ဖယ်ရှားပစ်ဖို့ လိုပါတယ်။ အဆိပ်ကြာကြာထိလေ အနာပြင်းထန်လေ ဖြစ်လို့ပါ။ အထူးအရေးကြီးတာတစ်ခုက အရက်ပျံ လုံးဝမသုံးသင့်ပါဘူး။ အရက်ပျံကြောင့် အနာကို ပိုရင်းပြီး ပိုဆိုးသွားစေကာ၊ အမာရွတ် ကျန်စေနိုင်လို့ပါ။ လိမ်းပေးသင့်တာက ဒီအဆိပ်ကို ပြေစေတဲ့ အိုင်အိုဒင်းပါတဲ့၊ တင်ချာအိုင်အိုဒင်းနဲ့ ဘီတာဒင်း (Betadine) ဆေးရည်တွေပါ။ ဒါ့အပြင် ပိုးမဝင်နိုင်အောင် ပဋိဇီဝ ပိုးသတ်ဆေးလိမ်းဆေး၊ အယားပျောက်ဆေး၊ အရောင်ကျဆေးတွေတွဲပေးပြီး၊ ရေခဲအဝတ်ကပ်ပေး တာပါလုပ်ပေးနိုင်ပါတယ်။ အခုလို စနစ်တကျကုသလျှင် အနာမြန်မြန်ကျက်ပြီး၊ ရက်ပိုင်းအတွင်း (၅ ရက်မှ ၁၀ ရက်အတွင်း) ပျောက်သွားနိုင်ပါတယ်။

ကာကွယ်ဖို့အတွက် မီးပိုးကောင် အရေအတွက် နည်းသွားအောင် အင်းဆက်သတ်ဆေးဖြန်းတာ၊ အင်းဆက်ပိုး ခိုအောင်းနိုင်တဲ့ ပိတ်လှောင်တဲ့နေရာတွေကို ရှင်းလင်းပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အင်းဆက်ပိုး အနားမလာနိုင်အောင်၊ ပြူတင်းပေါက်တွေ ပိတ်ထားတာနဲ့ အင်းဆက် လာမထိစေတဲ့ ဆေးရည်လိမ်းတာတွေ လုပ်ပေးသင့်ပါတယ်။ ပိုးကောင်လေးတွေ့လျှင်လည်း လက်နဲ့ မခြေမိဖို့ လိုပါတယ်။

ဒီရောဂါပိုးအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG