သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ ေနာက္ဆက္တြဲျပႆနာ ေနာက္ဆုံးေတြ႔ရွိခ်က္


ျမန္မာႏိုင္ငံထဲမွာ လက္ရွိ ကိုဗစ္-19 လႈိင္း တျဖည္းျဖည္း ျပန္က်လာပုံရခ်ိန္မွာ၊ ကိုဗစ္ျဖစ္ၿပီးသူေတြအေနနဲ႔ ေနာက္ဆက္တြဲ သတိျပဳစရာေတြရွိေပမဲ့၊ ျပင္းထန္မႈကေတာ့ နည္းလာေနတယ္လို႔ က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

ကိုဗစ္ေရာဂါ ခံစားရၿပီး၊ ျပန္သက္သာလာခ်ိန္မွာ ေနာက္ဆက္တြဲျပႆနာ (Post-Covid Syndrome) အျဖစ္ ႏုံးခ်ိ ႔တာ (အားမရွိတာ၊ မလုပ္လုပ္ခ်င္စိတ္ မရွိတာ)၊ ေခ်ာင္းဆိုးတာ၊ အသက္ရွဳ သိပ္မဝတာေတြ တခ်ဳိ ႔မွာ လပိုင္းအထိ ဆက္ရွိေနေပမဲ့၊ ေအာက္ဆီဂ်င္ ဆက္ရွဳရတာနဲ႔ အဆုပ္ (Lung) မွာ ထာဝရ အမာ႐ြတ္က်န္ခဲ့တာေတြေၾကာင့္၊ ေရရွည္ (လေပါင္းမ်ားစြာနဲ႔ ႏွစ္နဲ႔ခ်ီ) အဆုပ္ထိခိုက္ အလုပ္မလုပ္ႏိုင္တာမ်ိဳး အေစာပိုင္း စိုးရိမ္ခဲ့ရတာမ်ဳိးေတြ သိပ္မေတြ႔ရေတာ့ပါဘူး။ ဆီးခ်ိဳလည္း ကိုဗစ္ျဖစ္အၿပီး အေစာပိုင္းျဖစ္လာတာ မ်ားခဲ့တာကို ေတြ႔ရေပမဲ့၊ ကိုဗစ္မျဖစ္ခင္ထဲက အစပ်ိဳးေနခဲ့တာလား၊ ကိုဗစ္ျဖစ္ၿပီးမွ အက်ိဳးဆက္ျဖစ္လာတာလားဆိုတာလည္း ခြဲရခက္တဲ့အေနအထားမွာ ရွိလာခဲ့ပါတယ္။ ၾသစေတ်းလ်ဘက္မွာေတာ့ အခုကိုဗစ္လႈိင္း က်လာေနခ်ိန္၊ ေနာက္ဆက္တြဲအေနနဲ႔ ကိုဗစ္ျဖစ္ခဲ့သူ သုံးပုံတစ္ပုံခန႔္မွာ ႏုံးတာနဲ႔ ေခ်ာင္းဆိုးတာအျပင္၊ ႏွလုံးခုန္ျမန္တာ၊ အ႐ိုးအဆစ္ႂကြက္သားကိုက္တာနဲ႔ အိပ္မရတာေတြ ၄ ပတ္ေက်ာ္ၾကာ ျဖစ္တာကို ၾသစေတ်းလ်အမ်ိဳးသားတကၠသိုလ္ (ANU) ရဲ႕ အခုလ ေအာက္တိုဘာလလယ္ထုတ္ သုေတသန ထုတ္ျပန္ခ်က္မွာ ေတြ႔ရွိထားပါတယ္။

အခုလို ကိုဗစ္ေနာက္ဆက္တြဲျပႆနာေတြ ျပင္းထန္မႈနည္းလာတာက၊ ကိုဗစ္ျဖစ္တာ ျပင္းထန္လာခဲ့လွ်င္ စနစ္တက် ကုသမႈခံယူတာ (လိုအပ္လွ်င္ Steroid ေဆးသုံးတာ) နဲ႔ ေနာက္ဆက္တြဲျပႆနာ ရွိလာလွ်င္ (သက္ဆိုင္ရာလကၡဏာ၊ သက္သာေဆးသုံးတာ)၊ အရင္ အားျဖည့္ကာကြယ္ေဆးအထိ ထိုးထားတာနဲ႔ လိုအပ္သူေတြမွာ ကိုဗစ္ကုသရာမွာသုံးတဲ့ေဆး (အထူးသျဖင့္ ေသာက္ေဆး) ေတြ တြင္တြင္က်ယ္က်ယ္ သုံးလာႏိုင္တာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ အေၾကာင္းက ကိုဗစ္ေနာက္ဆက္တြဲ အျဖစ္မ်ားသူေတြဟာ ကိုဗစ္ကာကြယ္ေဆး လုံးဝမထိုးတားသူ၊ ထိုးထားလွ်င္လည္း ပထမႏွစ္ႀကိမ္သာ ထိုးထားၿပီး၊ အားျဖည့္ကာကြယ္ေဆး ဆက္မထိုးထားခဲ့သူေတြ အမ်ားစု ျဖစ္ေနတာ ေတြ႔ရွိထားလို႔ပါ။ ဒါ့အျပင္ အခုလို ကာကြယ္ေဆး မထိုးထားခဲ့သူေတြမွာေတာင္၊ ကိုဗစ္ျဖစ္လာလွ်င္ အႏၲရာယ္ႀကီးႏိုင္သူ ျဖစ္ပါက၊ လိုအပ္တဲ့ ကိုဗစ္ေသာက္ေဆး (ျမန္မာႏိုင္ငံမွာရတဲ့ Paxlovid နဲ႔ Molnupiravir အပါအဝင္) ေတြ ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔ သုံးခဲ့သူေတြမွာ၊ ကိုဗစ္ျဖစ္လာခ်ိန္ လကၡဏာမျပင္းတာအျပင္၊ ကိုဗစ္ျဖစ္ၿပီး ဒီေနာက္ဆက္တြဲေတြလည္း မျဖစ္သေလာက္နည္းတာ ေတြ႔ထားပါတယ္။ ကာကြယ္ေဆးထိုးထားသူေတြမွာေတာ့ ဒီေနာက္ဆက္တြဲမ်ိဳးက မျဖစ္သေလာက္ အျဖစ္နည္းတာလည္း ေတြ႔ရွိထားပါတယ္။

လက္ရွိမွာ ေနာက္ဆုံး ကိုဗစ္မ်ိဳးကြဲစိတ္သစ္ (BA.4 နဲ႔ BA.5) ကိုပါ ပစ္မွတ္ထားၿပီး၊ အရင္ကာကြယ္ေဆးနဲ႔ ေပါင္းစပ္ထုတ္လုပ္ထားတဲ့ ကာကြယ္ေဆး (Bivalent) ကေတာ့ အေမရိကန္ႏိုင္ငံမွာသာ အဓိက ရေနေသးၿပီး၊ ျမန္မာအပါအဝင္ တျခားႏိုင္ငံေတြမွာ မရႏိုင္ေသးသေလာက္ ျဖစ္ေနပါေသးတယ္။ ဒါေပမဲ့ ျမန္မာႏိုင္ငံမွာ ရေနတဲ့ လက္ရွိကာကြယ္ေဆးေတြနဲ႔ပဲ အခုလို ေနာက္ဆက္တြဲျပႆနာေတြ မျဖစ္သေလာက္နည္းအာင္ ႀကိဳတင္ကာကြယ္ႏိုင္ပါတယ္။ တကယ္ေတာ့ ေနာက္ဆုံးေပၚ Bivalent ကိုဗစ္ကာကြယ္ေဆး ထိုးထားသူေတြမွာလည္း ကိုဗစ္မျဖစ္ေအာင္ အျပည့္မကာကြယ္ႏိုင္တာအျပင္၊ ေနာက္ ပိုးမ်ိဳးကြဲသစ္ေတြ ေပၚလာလွ်င္လည္း ထိေရာက္မႈက ေျပာင္းသြားႏိုင္ၿပီး၊ ေနာက္ထပ္ ကာကြယ္ေဆးသစ္ေတြလည္း ဆက္ေပၚလာႏိုင္ကာ၊ တုပ္ေကြး (Flu) လိုမ်ိဳး ႏွစ္စဥ္ကာကြယ္ေဆးထိုးၿပီး ကိုဗစ္ကို ဆက္ကာကြယ္သြားရမဲ့ အေနအထားမွာ ရွိလာႏိုင္ပါတယ္။

ဒီေရာဂါအေၾကာင္း ပိုမိုသိရိွနားလည္ႏိုင္ဖုိ႔ ကိုဝင္းမင္းက နယူးေယာက္ၿမိဳ ႔ Wyckoff Heights ေဆး႐ုံက ၫြန္ၾကားေရးမွဴးနဲ႔ ကိုဗစ္လူနာေတြကို ဖုန္းကတဆင့္ ကူညီကုသေပးေနတဲ့၊ ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္ ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

==== Unicode =====

မြန်မာနိုင်ငံထဲမှာ လက်ရှိ ကိုဗစ်-19 လှိုင်း တဖြည်းဖြည်း ပြန်ကျလာပုံရချိန်မှာ၊ ကိုဗစ်ဖြစ်ပြီးသူတွေအနေနဲ့ နောက်ဆက်တွဲ သတိပြုစရာတွေရှိပေမဲ့၊ ပြင်းထန်မှုကတော့ နည်းလာနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ကိုဗစ်ရောဂါ ခံစားရပြီး၊ ပြန်သက်သာလာချိန်မှာ နောက်ဆက်တွဲပြဿနာ (Post-Covid Syndrome) အဖြစ် နုံးချိ့တာ (အားမရှိတာ၊ မလုပ်လုပ်ချင်စိတ် မရှိတာ)၊ ချောင်းဆိုးတာ၊ အသက်ရှု သိပ်မဝတာတွေ တချို့မှာ လပိုင်းအထိ ဆက်ရှိနေပေမဲ့၊ အောက်ဆီဂျင် ဆက်ရှုရတာနဲ့ အဆုပ် (Lung) မှာ ထာဝရ အမာရွတ်ကျန်ခဲ့တာတွေကြောင့်၊ ရေရှည် (လပေါင်းများစွာနဲ့ နှစ်နဲ့ချီ) အဆုပ်ထိခိုက် အလုပ်မလုပ်နိုင်တာမျိုး အစောပိုင်း စိုးရိမ်ခဲ့ရတာမျိုးတွေ သိပ်မတွေ့ရတော့ပါဘူး။ ဆီးချိုလည်း ကိုဗစ်ဖြစ်အပြီး အစောပိုင်းဖြစ်လာတာ များခဲ့တာကို တွေ့ရပေမဲ့၊ ကိုဗစ်မဖြစ်ခင်ထဲက အစပျိုးနေခဲ့တာလား၊ ကိုဗစ်ဖြစ်ပြီးမှ အကျိုးဆက်ဖြစ်လာတာလားဆိုတာလည်း ခွဲရခက်တဲ့အနေအထားမှာ ရှိလာခဲ့ပါတယ်။ သြစတျေးလျဘက်မှာတော့ အခုကိုဗစ်လှိုင်း ကျလာနေချိန်၊ နောက်ဆက်တွဲအနေနဲ့ ကိုဗစ်ဖြစ်ခဲ့သူ သုံးပုံတစ်ပုံခန့်မှာ နုံးတာနဲ့ ချောင်းဆိုးတာအပြင်၊ နှလုံးခုန်မြန်တာ၊ အရိုးအဆစ်ကြွက်သားကိုက်တာနဲ့ အိပ်မရတာတွေ ၄ ပတ်ကျော်ကြာ ဖြစ်တာကို သြစတျေးလျအမျိုးသားတက္ကသိုလ် (ANU) ရဲ့ အခုလ အောက်တိုဘာလလယ်ထုတ် သုတေသန ထုတ်ပြန်ချက်မှာ တွေ့ရှိထားပါတယ်။

အခုလို ကိုဗစ်နောက်ဆက်တွဲပြဿနာတွေ ပြင်းထန်မှုနည်းလာတာက၊ ကိုဗစ်ဖြစ်တာ ပြင်းထန်လာခဲ့လျှင် စနစ်တကျ ကုသမှုခံယူတာ (လိုအပ်လျှင် Steroid ဆေးသုံးတာ) နဲ့ နောက်ဆက်တွဲပြဿနာ ရှိလာလျှင် (သက်ဆိုင်ရာလက္ခဏာ၊ သက်သာဆေးသုံးတာ)၊ အရင် အားဖြည့်ကာကွယ်ဆေးအထိ ထိုးထားတာနဲ့ လိုအပ်သူတွေမှာ ကိုဗစ်ကုသရာမှာသုံးတဲ့ဆေး (အထူးသဖြင့် သောက်ဆေး) တွေ တွင်တွင်ကျယ်ကျယ် သုံးလာနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ အကြောင်းက ကိုဗစ်နောက်ဆက်တွဲ အဖြစ်များသူတွေဟာ ကိုဗစ်ကာကွယ်ဆေး လုံးဝမထိုးတားသူ၊ ထိုးထားလျှင်လည်း ပထမနှစ်ကြိမ်သာ ထိုးထားပြီး၊ အားဖြည့်ကာကွယ်ဆေး ဆက်မထိုးထားခဲ့သူတွေ အများစု ဖြစ်နေတာ တွေ့ရှိထားလို့ပါ။ ဒါ့အပြင် အခုလို ကာကွယ်ဆေး မထိုးထားခဲ့သူတွေမှာတောင်၊ ကိုဗစ်ဖြစ်လာလျှင် အန္တရာယ်ကြီးနိုင်သူ ဖြစ်ပါက၊ လိုအပ်တဲ့ ကိုဗစ်သောက်ဆေး (မြန်မာနိုင်ငံမှာရတဲ့ Paxlovid နဲ့ Molnupiravir အပါအဝင်) တွေ ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးခဲ့သူတွေမှာ၊ ကိုဗစ်ဖြစ်လာချိန် လက္ခဏာမပြင်းတာအပြင်၊ ကိုဗစ်ဖြစ်ပြီး ဒီနောက်ဆက်တွဲတွေလည်း မဖြစ်သလောက်နည်းတာ တွေ့ထားပါတယ်။ ကာကွယ်ဆေးထိုးထားသူတွေမှာတော့ ဒီနောက်ဆက်တွဲမျိုးက မဖြစ်သလောက် အဖြစ်နည်းတာလည်း တွေ့ရှိထားပါတယ်။

လက်ရှိမှာ နောက်ဆုံး ကိုဗစ်မျိုးကွဲစိတ်သစ် (BA.4 နဲ့ BA.5) ကိုပါ ပစ်မှတ်ထားပြီး၊ အရင်ကာကွယ်ဆေးနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေး (Bivalent) ကတော့ အမေရိကန်နိုင်ငံမှာသာ အဓိက ရနေသေးပြီး၊ မြန်မာအပါအဝင် တခြားနိုင်ငံတွေမှာ မရနိုင်သေးသလောက် ဖြစ်နေပါသေးတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရနေတဲ့ လက်ရှိကာကွယ်ဆေးတွေနဲ့ပဲ အခုလို နောက်ဆက်တွဲပြဿနာတွေ မဖြစ်သလောက်နည်းအာင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ တကယ်တော့ နောက်ဆုံးပေါ် Bivalent ကိုဗစ်ကာကွယ်ဆေး ထိုးထားသူတွေမှာလည်း ကိုဗစ်မဖြစ်အောင် အပြည့်မကာကွယ်နိုင်တာအပြင်၊ နောက် ပိုးမျိုးကွဲသစ်တွေ ပေါ်လာလျှင်လည်း ထိရောက်မှုက ပြောင်းသွားနိုင်ပြီး၊ နောက်ထပ် ကာကွယ်ဆေးသစ်တွေလည်း ဆက်ပေါ်လာနိုင်ကာ၊ တုပ်ကွေး (Flu) လိုမျိုး နှစ်စဉ်ကာကွယ်ဆေးထိုးပြီး ကိုဗစ်ကို ဆက်ကာကွယ်သွားရမဲ့ အနေအထားမှာ ရှိလာနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ ကိုဗစ်လူနာတွေကို ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

XS
SM
MD
LG