သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသင့်စား အသားလုံး အသားချောင်းများ ဘေးအန္တရာယ်


 junk food
junk food

မစားသုံးသင့်တဲ့ အသားလုံး အသားချောင်းတွေကို ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ထုတ်ပြန်လိုက်တာက အထူးသတိပြုစရာ ဖြစ်တယ်လို့ အစာအဟာရပညာရှင်တွေက ဆိုကြပါတယ်။ ကျန်းမာရေးထိခိုက်နိုင်တဲ့ ထပ်ဖြည့်ပစ္စည်းတွေ ပုံမှန်ထက်ပိုသုံးထားတာ စစ်ဆေးတွေ့ရှိကာ၊ ယားယံ၊ ပျို့အန်၊ ဗိုက်နာ၊ ခေါင်းကိုက်တာအပြင်၊ ရေရှည်မှာလည်း ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်နိုင်ကြောင်း FDA က ထုတ်ပြန်ထားပါတယ်။ ဘယ်လို သတိပြုစရာတွေပါလဲ။

ပြီးခဲ့တဲလ မတ်လမှာ ထုတ်ပြန်လိုက်တဲ့ အသားလုံး၊ အသားချောင်း (၁၈) မျိုးအပြင် တခြားသတိပြုစရာ အသင့်လုပ် အစားအသောက်တွေ ရှိနေပါတယ်။ အထူးသဖြင့် ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မူ ပုံစံအောက်မှာ လူငယ်လူလတ်ပိုင်း (၁၈-၃၀ နှစ်အတွင်း) အများစုက ကိုယ်တိုင်ချက်ပြုတ်ဖို့ အချိန်မပေးဘဲ၊ အခုလို အသင့်စားသုံးတဲ့ ပစ္စည်းတွေကို ပိုစားလာကြပါတယ်။ အကြောင်းက ဝယ်ရလွယ်ကူတာ၊ ဈေးသက်သာတာ၊ အရသာကောင်း စွဲစေတာတွေကြောင့်ပါ။ အစုံရခေတ်ပေါ်ဈေးဆိုင်ကြီး (Supermarket) တွေမှာ အဆင်သင့်ရပြီး၊ အသင့်စားသောက်နိုင်တဲ့ ခေါက်ဆွဲထုတ်တွေ၊ ကော်ဖီထုတ် (Coffee Mix) တွေ၊ လက်ဘက်ရည်ထုတ် (Tea Mix) တွေနဲ့ အချိုရည်တွေကလည်း အလားတူ စစ်ဆေးသင့်တဲ့ အသင့်လုပ် အစားအသောက်တွေ ဖြစ်နေပါတယ်။ အခုရေပန်းစားနေပြီး ပူပူနွေးနွေး စားသောက်ကြတဲ့ ဟော့ပေါ့ (Hot Pot)၊ ကြေးအိုး စတာတွေမှာ ဒီ အသင့်စား အသားလုံး၊ အသားချောင်းတွေကို အများကြီး သုံးလာကြတာအပြင်၊ တချို့ဆို ထမင်းနဲ့တောင် ဟင်းအဖြစ် တွဲစားလာနေကြပါတယ်။

ဒါပေမဲ့ ဒီအသင့်စား အစားအစာတွေထဲမှာပါတဲ့ အာဟာရတန်ဖိုးနဲ့ ထည့်သွင်းပစ္စည်း (Ingredients) တွေကိုတော့ မြန်မာနိုင်ငံရှိ လူအများစုက အရေးတယူဖတ်လေ့ မရှိကြပါဘူး။ ဒါတွေကို ဖတ်ရခက်အောင် စာလုံးသေးလွန်းတာနဲ့ ရေးထားတာကြောင့်လည်း ဖြစ်နိုင်ပေမဲ့၊ ဒီ အစားအသောက်တွေထဲမှာ ရှေရှည်ခံအောင်၊ အူတဲ့အနံ့ ပုပ်တဲ့အနံ့ မထွက်အောင် ထည့်ထားတဲ့ ပစ္စည်းတွေအပြင်၊ အရသာပါ ပိုကောင်းအောင် ယမ်းစိမ်း၊ သကြားဓာတ်၊ အဆီဓာတ်နဲ့ အငန်ဓာတ်တွေ အလွန်အကျွံ ထည့်ထားလေ့ ရှိပါတယ်။ ဒါ့အပြင် ဒီအသားချောင်းတွေ လုပ်ရာမှာလည်း တကယ့်အာဟာရရှိတဲ့ အသားစစ်စစ်အကာင်းတွေကို မသုံးဘဲ၊ အဆီ အရွတ်အရွဲတွေကိုသာ ရောထောင်းကြိတ်လေ့ရှိတာမို့ အာဟာရတန်ဖိုးကလည်း အလွန်နည်းလွန်းပြီး ကျန်းမာရေးထိခိုက်နိုင်တဲ့ ကယ်လိုရီတွေသာ ပိုများနေတတ်ပါတယ်။

အခုနောက်ပိုင်းမှာ ဝက်အူချောင်း၊ ကြက်အူချောင်းနဲ့ တိုဖူး (Tofu) တွေကိုလည်း အလားတူ ရေရှည်ခံအောင် လုပ်လာတာအပြင် ခေတ်မှီအောင်စားကြတဲ့ ဘာဂါ (Burger) ပေါင်မုန့်အဖြူ ဟော့ဒေါ့ (Hot Dog) ပေါင်မုန့်အဖြူတွေမှာလည်း အလားတူ အသင့်စား အသားတွေကိုညှပ်ပြီး စားသုံးတာ များလာနေပါတယ်။ အထူးသဖြင့် မြို့ကြီးတွေမှာ ပိုသိသိသာသာ တွေ့လာရပေမဲ့၊ နယ်တွေကိုလည်း ဒီလို အစာအစားတချို့ ရောက်လာနေပါပြီ။ မြို့မှာအပြင် နယ်တွေအတွက် ပိုပြဿနာရှိတာက အသင့်စာ အစားအစာတွေကို ရေရှည်ခံအောင် ရေခဲသေတ္တာထဲ အလွန်အေးတဲ့ ရေခဲအဆင့် (Freezer) မှာ တောက်လျှောက် သိမ်းဆည်းနိုင်မှသာ ကျန်းမာရေး အန္တရာယ်ကင်းတာပါ။ ဒီကြားထဲ မြန်မာနိုင်ငံမှာက မီးပိုပြတ်လာတာကြောင့် လိုအပ်တဲ့အအေးမှာ ထိန်းမထားနိုင်ဘဲ နွေရာသီပိုပူလာချိန် အလွယ်တကူ ပျက်စီးကုန်နိုင်ပါတယ်။ ဒါ့အပြင် နောက်ဆုံးထားစားရမဲ့ရက် (Expiration Date) လည်း ရှိနေတာချိန်မှာ တချို့က အလေးထား မဖတ်မှတ်ကြသလို၊ ရက်လွန်သွားလျှင်တော့ မစားသင့်တော့ပါဘူး။ ဒါပေမဲ့ တချို့က ရက်လွန်လျှင်တောင် လွှင့်ပစ်ရမှာ နှမျှောတာအပြင်၊ ပူအောင်ချက်ပြုတ်လိုက်ပါက ပိုးကင်းစင်ပြီလို့ မှားယွင်းယူဆ စားသုံးတတ်ကြပါတယ်။ ဒါတွေက ရေရှည်ခံပစ္စည်းတွေ ထည့်ထားတာမို့ တစ်ရက်လွန်သွားလျှင်တောင် ကျန်းမာရေး အန္တရာယ် ပိုရှိသွားတာပါ။

ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်၊ Cornell တက္ကသိုလ်၊ နိုင်ငံတကာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode===






XS
SM
MD
LG