သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိပ္ေရးပ်က္ျခင္း ဆိုးက်ိဳးမ်ား


Yawn
အိပ္ေရးပ်က္ျခင္း ဆိုးက်ိဳးမ်ား
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

အိပ်ရေးပျက်တာကြောင့် ပင်ပန်းနွမ်းနယ်ပြီး အလုပ်ကောင်းကောင်းမလုပ်နိုင်ကာ၊ ခွန်အားပြည့်ဝအောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးလို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

အိပ်စက်ခြင်းဖြစ်စဉ်အရ မျက်လုံးအမြန်မလှုပ်တဲ့အဆင့် (Non Rapid Eye Movement -NREM) နဲ့ မျက်လုံးအမြန်လှုပ်တဲ့အဆင့် (Rapid Eye Movement – REM) တလှည့်စီ ဖြစ်စဉ်အကြား၊ အိပ်လိုက် နိုးလိုက်သဘောဖြစ်ပေမယ့် ပုံမှန်အားဖြင့် သတိမပြုမိကြပါဘူး။ ဒါပေမဲ့ ဆူညံတဲ့ပတ်ဝန်းကျင်မှာ အိပ်ရသူတွေနဲ့ စိုးရိမ်စိတ်ရှိသူ၊ စိတ်ဓာတ်ကျနေသူ စတဲ့သူတွေမှာတော့၊ ဒီ အဆင့်တွေကြားထဲ ပြတ်ပြတ်သွားတာကို သတိပြုပြီး၊ ပြန်နိုးကာ အိပ်ရေးပျက်နိုင်ပါတယ်။

အိပ်ရေးပျက်ခြင်း ဆိုးကျိုးတွေကတော့ ဗိုက်ဆာချိန်နဲ့ ဗိုက်ပြည့်ချိန်ကို ထိန်းညှိုပေးတဲ့ဟော်မုန်းတွေ ကမောက်ကမဖြစ်တာကြောင့် ဝလာတာ၊ အဝလွန်တာအပြင်၊ ဦးနှောက်စွမ်းရည်ကျပြီး (မှတ်ဉာဏ်ကျ၊ အာရုံစိုက်မူကျ၊ ကောင်းကောင်းမတွေးနိုင်၊ ဆုံးဖြတ်ချက်မချနိုင်)၊ ပေါင်းသင်းဆက်ဆံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ (စိုးရိမ်စိတ်များ၊ စိတ်ဓာတ်ကျ) ထိခိုက်ကာ၊ စိတ်ကျန်းမာရေးရောဂါဖြစ်နေလျှင် ပိုဆိုးစေပြီး၊ ရောဂါပြီးစနစ်နဲ့ ကိုယ်ခန္ဓာကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ အိပ်ရေးပျက်တာများလာတာကြောင့် ကိုယ်ခန္ဓာကျန်းမာရေးထိခိုက်ရာမှာ၊ ဆီချို၊ သွေးတိုး၊ နှလုံးနဲ့ လေဖြတ်ရောဂါဖြစ်တာ၊ သွေးပေါင်ချိန်ကျတာ၊ မတော်တဆ ထိခိုက်မူဖြစ်တာ၊ ခန္ဓာကိုယ် ဟန်ချက်ထိန်းညှိုမူထိခိုက်တာ၊ လိင်မူကိစ္စ စိတ်မပါတာတွေအပြင်၊ စောစောအသက်ဆုံးနိုင်တဲ့အထိပါ ဖြစ်နိုင်ပါတယ်။

အခုလို ဆိုးကျိုးတွေ ပြင်းထန်တာကြောင့် အိပ်ရေးပျက်တာကို သတိပြုမိဖို့ အရေးကြီးပါတယ်။ အနည်းဆုံး အိပ်ချိန် (၇) နာရီထက် နည်းသွားလျှင် အိပ်ရေးပျက်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ သတိပြုရမယ့် လက္ခဏာတွေကတော့ အိပ်ချင်စိတ်အလွန်များတာ၊ မကြာခဏ သမ်းဝေတာ၊ အထိမခံ စိတ်တိုလွယ်တာ၊ နေ့ခင်းပိုင်း အလွန်ပင်ပန်းနေတာတွေဖြစ်ပါတယ်။ ခုလိုပင်ပန်းနေတာကို သက်သာစေဖို့ ကော်ဖီလို အိပ်ချင်သက်သာစေတာတွေကို နေ့ခင်းပိုင်း သောက်မိလျှင်လည်း၊ နောက်တစ်ည ထပ်ကောင်းကောင်းမအိပ်နိုင်ဘဲ ပိုဆိုးလာမှာကို စိုးရိမ်ရပါတယ်။ အီပ်ရေးပျက်တာများလာခြင်းကြောင့် ကိုယ်ခန္ဓာတွင်းအင်္ဂါနဲ့ အဖွဲ့အစည်းတွေ လုပ်ဆောင်မူအားလုံး တလွဲတချော်ဖြစ်ကာ ဒုက္ခတွေ စပေးနိုင်ပါတယ်။

ဒီအကြောင်းကို ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဉာဏ်ဝင်းကျော် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

==ZawGyi==

အိပ္ေရးပ်က္တာေၾကာင့္ ပင္ပန္းႏြမ္းနယ္ၿပီး အလုပ္ေကာင္းေကာင္းမလုပ္ႏိုင္ကာ၊ ခြန္အားျပည့္ဝေအာင္ျမင္တဲ့ဘဝကို ပိုင္ဆိုင္ႏိုင္မွာ မဟုတ္ဘူးလို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေနပါတယ္။

အိပ္စက္ျခင္းျဖစ္စဥ္အရ မ်က္လုံးအျမန္မလႈပ္တဲ့အဆင့္ (Non Rapid Eye Movement -NREM) နဲ႔ မ်က္လုံးအျမန္လႈပ္တဲ့အဆင့္ (Rapid Eye Movement – REM) တလွည့္စီ ျဖစ္စဥ္အၾကား၊ အိပ္လိုက္ ႏိုးလိုက္သေဘာျဖစ္ေပမယ့္ ပုံမွန္အားျဖင့္ သတိမျပဳမိၾကပါဘူး။ ဒါေပမဲ့ ဆူညံတဲ့ပတ္ဝန္းက်င္မွာ အိပ္ရသူေတြနဲ႔ စိုးရိမ္စိတ္ရွိသူ၊ စိတ္ဓာတ္က်ေနသူ စတဲ့သူေတြမွာေတာ့၊ ဒီ အဆင့္ေတြၾကားထဲ ျပတ္ျပတ္သြားတာကို သတိျပဳၿပီး၊ ျပန္ႏိုးကာ အိပ္ေရးပ်က္ႏိုင္ပါတယ္။

အိပ္ေရးပ်က္ျခင္း ဆိုးက်ိဳးေတြကေတာ့ ဗိုက္ဆာခ်ိန္နဲ႔ ဗိုက္ျပည့္ခ်ိန္ကို ထိန္းညႇိဳေပးတဲ့ေဟာ္မုန္းေတြ ကေမာက္ကမျဖစ္တာေၾကာင့္ ဝလာတာ၊ အဝလြန္တာအျပင္၊ ဦးေႏွာက္စြမ္းရည္က်ၿပီး (မွတ္ဉာဏ္က်၊ အာ႐ုံစိုက္မူက်၊ ေကာင္းေကာင္းမေတြးႏိုင္၊ ဆုံးျဖတ္ခ်က္မခ်ႏိုင္)၊ ေပါင္းသင္းဆက္ဆံေရးနဲ႔ စိတ္ပိုင္းဆိုင္ရာ (စိုးရိမ္စိတ္မ်ား၊ စိတ္ဓာတ္က်) ထိခိုက္ကာ၊ စိတ္က်န္းမာေရးေရာဂါျဖစ္ေနလွ်င္ ပိုဆိုးေစၿပီး၊ ေရာဂါၿပီးစနစ္နဲ႔ ကိုယ္ခႏၶာက်န္းမာေရးကိုလည္း ထိခိုက္ႏိုင္ပါတယ္။ အိပ္ေရးပ်က္တာမ်ားလာတာေၾကာင့္ ကိုယ္ခႏၶာက်န္းမာေရးထိခိုက္ရာမွာ၊ ဆီခ်ိဳ၊ ေသြးတိုး၊ ႏွလုံးနဲ႔ ေလျဖတ္ေရာဂါျဖစ္တာ၊ ေသြးေပါင္ခ်ိန္က်တာ၊ မေတာ္တဆ ထိခိုက္မူျဖစ္တာ၊ ခႏၶာကိုယ္ ဟန္ခ်က္ထိန္းညႇိဳမူထိခိုက္တာ၊ လိင္မူကိစၥ စိတ္မပါတာေတြအျပင္၊ ေစာေစာအသက္ဆုံးႏိုင္တဲ့အထိပါ ျဖစ္ႏိုင္ပါတယ္။

အခုလို ဆိုးက်ိဳးေတြ ျပင္းထန္တာေၾကာင့္ အိပ္ေရးပ်က္တာကို သတိျပဳမိဖို႔ အေရးႀကီးပါတယ္။ အနည္းဆုံး အိပ္ခ်ိန္ (၇) နာရီထက္ နည္းသြားလွ်င္ အိပ္ေရးပ်က္တယ္လို႔ သတ္မွတ္ႏိုင္ပါတယ္။ သတိျပဳရမယ့္ လကၡဏာေတြကေတာ့ အိပ္ခ်င္စိတ္အလြန္မ်ားတာ၊ မၾကာခဏ သမ္းေဝတာ၊ အထိမခံ စိတ္တိုလြယ္တာ၊ ေန႔ခင္းပိုင္း အလြန္ပင္ပန္းေနတာေတြျဖစ္ပါတယ္။ ခုလိုပင္ပန္းေနတာကို သက္သာေစဖို႔ ေကာ္ဖီလို အိပ္ခ်င္သက္သာေစတာေတြကို ေန႔ခင္းပိုင္း ေသာက္မိလွ်င္လည္း၊ ေနာက္တစ္ည ထပ္ေကာင္းေကာင္းမအိပ္ႏိုင္ဘဲ ပိုဆိုးလာမွာကို စိုးရိမ္ရပါတယ္။ အီပ္ေရးပ်က္တာမ်ားလာျခင္းေၾကာင့္ ကိုယ္ခႏၶာတြင္းအဂၤါနဲ႔ အဖြဲ႕အစည္းေတြ လုပ္ေဆာင္မူအားလုံး တလြဲတေခ်ာ္ျဖစ္ကာ ဒုကၡေတြ စေပးႏိုင္ပါတယ္။

ဒီအေၾကာင္းကို ပိုမိုသိရွိနားလည္ႏိုင္ဖို႔ ကိုဝင္းမင္း က စိတ္က်န္းမာေရး အထူးကုဆရာဝန္ႀကီး ပါေမာကၡ ေဒါက္တာဉာဏ္ဝင္းေက်ာ္ ကို ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

XS
SM
MD
LG