သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခါးဆစ်ရောင် လေးဘက်နာ (အပိုင်း-၁)


ခါးကိုက်ခါးနာခြင်း
ခါးကိုက်ခါးနာခြင်း
ခါးဆစ်ရောင် လေးဘက်နာ (အပိုင်း-၁)
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

ခါးဆစ်ရောင် လေးဘက်နာရောဂါက မြန်မာနိုင်ငံမှာ ပိုတွေ့လာရပြီး၊ စောစောသိနိုင်ဖို့ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ခါးဆစ်ရောင် လေးဘက်နာက အခြား သွေးလေးဖက်နာနဲ့ အရေပြားလေးဖက်နာကဲ့သို့၊ မျိုးရိုးဗီဇပါတာ၊ ပတ်ဝန်းကျင် (အစားအသောက်၊ လေထု) ညစ်ညမ်းတာတွေကြောင့် ကိုယ်တွင်း ခုခံအားစံလွဲပြီး ဖြစ်ရတာပါ။ ဒါပေမဲ့ ခုခံအားစံလွဲရာမှာတော့၊ သွေးလေးဖက်နာနဲ့ အရေပြားလေးဖက်နာတွေမှာကဲ့သို့၊ ခုခံဓာတ်ထုတ် သွေးဖြူဥအမျိုးအစား စံလွဲတာ မဟုတ်ဘဲ၊ ၎င်းတို့ကို ထိန်းချုပ်တဲ့ သွေးဖြူဥအမျိုးအစား စံလွဲတာဖြစ်ပြီး၊ သွေးစစ်လျှင် ခုခံဓာတ်များလာတာ မပေါ်ဘဲ ဒုက္ခပေးတတ်တာကို၊ နောက်ပိုင်းမှာ တွေ့ရှိလာခဲ့ပါတယ်။ အခုလို ခုခံအားစံလွဲတဲ့ အကြောင်းရင်းအမျိုးအစားကို မတွေ့ရှိခင်တုံးကတော့၊ ဒီ ထိန်းချုပ်သွေးဖြူဥကို ပြန်ငြိမ်အောင်ထိန်းပေးမယ့် ကုထုံးဆေးမရှိဘဲ၊ နာတာရောင်တာ ယာယီသက်သာတဲ့ဆေးတွေသာ ပေးခဲ့ရပါတယ်။

ခါးဆစ်ရောင် ခါးနာတာကို စောစောသိနိုင်ဖို့အတွက်၊ အခြား ရိုးရိုး (ခါးဆစ် မရောင်ဘဲ အနေအထိုင်လွဲလွဲတဲ့) ခါးနာတာ (Mechanical Pain) တွေနဲ့ ခွဲတတ်ဖို့ လိုပါတယ်။ ခါးနာတဲ့ အချိန်နဲ့ သက်သာနိုင်ပုံအပေါ် မူတည်ပြီး ခွဲခြားနိုင်ပါတယ်။ တညလုံးအိပ်ပြီး မနက်အိပ်ယာထချိန်မှာ နာလျှင် ရောင်တာကြောင့်ဖြစ်ပြီး ခါးဆစ်ရောင် ခါးနာတာဖြစ်ကာ၊ ညနေမှာနာလျှင်တော့ တနေကုန်သွားလာလှုပ်ရှားရင်း ခါးကို အသုံးများလာတာကြောင့်ဖြစ်ပြီး မရောင်ဘဲ အနေအထိုင်လွဲတဲ့ (အလေးမတာ၊ စောင်းအိပ်တာ၊ ထိုင်ခုံ အချိုးမကျတာ စတာကြောင့်) ခါးနာတာ ဖြစ်ပါတယ်။ ခါးဆစ်ရောင် ခါးနာတာက လှုပ်ရှားလိုက်လျှင် သက်သာသွားတာမို့၊ မနက်အိပ်ရာထ ခါးနာချိန်မှာ ကိုယ်လက်လှုပ်ရှားမူလုပ်ပေးလျှင် မကြာခင် သက်သာသွားပါတယ်။ ဒါပေမဲ့ ရိုးရိုး ခါးနာတာ ကတော့၊ မလှုပ်ရှားဘဲ၊ အနားယူလိုက်လျှင် (လဲလျှောင်းတာ အပါအဝင်) သက်သာသွားပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အရိုး၊အကြော၊အဆစ် အထူးကု နဲ့ ဆေးတက္ကသိုလ် (၁) အရိုး၊အကြော၊အဆစ် ဆေးပညာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ ချစ်စိုး ကို ဆက်သွယ်မးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG