သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အ႐ြယ္မတိုင္မီ ႏွလုံးေဖာက္ ေသဆုံးျခင္း


Heart Attack Stock

ျမန္မာႏိုင္ငံမွာ ႐ုတ္တရက္ ႏွလုံးေဖာက္ (Heart Attack) ျဖစ္တာက၊ အေစာပိုင္းမွာ အသက္ႀကီးမွ ျဖစ္တာကေန၊ တျဖည္းျဖည္း အသက္အ႐ြယ္ ပိုငယ္သူေတြမွာပါ ျဖစ္လာေနတယ္လို႔၊ ႏွလုံးအထူးကုေတြက သတိေပးလိုက္ပါတယ္။

ႏွလုံးေဖာက္တာက အရင္တုံးက ပ်မ္းမွ်အသက္ (၆၀) ဝန္းက်င္မွာ ျဖစ္ေလ့ရွိတာကေန၊ အခုေတာ့ အသက္ (၄၀) နဲ႔ (၂၀) ဝန္းက်င္အထိ အ႐ြယ္ငယ္စဥ္မွာကို ျဖစ္လာေနတာ ေတြ႕ရွိထားပါတယ္။ အခုလို ႏွလုံးေဖာက္တာ အဓိက ျဖစ္ေစတာကေတာ့၊ ႏွလုံးေသြးေၾကာ က်ဥ္းလာတာနဲ႔ ေသြးေၾကာပိတ္သြားတာေတြေၾကာင့္ပါ။ ႏွလုံးေသြးေၾကာက်ဥ္းတာကိုေတာ့ ျပင္ပေဆးခန္းေတြမွာ အဓိကကုသေလ့ ရွိၿပီး၊ ႏွလုံးပိတ္တာကေတာ့ ေဆး႐ုံေရာက္လာေလ့ ရွိပါတယ္။ မႏၲေလးအေထြေထြေဆး႐ုံႀကီး မွတ္တမ္းေတြအေရေတာ့ ေသြးေၾကာပိတ္ၿပီး ေရာက္လာသူေတြထဲ အငယ္ဆုံးက (၂၁) ႏွစ္အ႐ြယ္ထိ ျဖစ္လာေနပါတယ္။ ရာခိုင္ႏႈန္းအားျဖင့္ေတာ့ အသက္ (၃၀) ေအာက္မွာ အခုလိုျဖစ္တာက စုစုေပါင္းရဲ႕ (၁၀)% ဝန္းက်င္အထိရွိလာၿပီး၊ အသက္ (၄၀) ေအာက္ကလည္း (၂၅)% ဝန္းက်င္အထိ ျဖစ္လာေနပါတယ္။ ဒီအထဲ အမ်ိဳးသားေတြက အမ်ိဳးသမီးေတြထက္ ပိုျဖစ္တာေတြ႕ထားရာမွာ၊ အဓိက ျဖစ္ရတာက ေဆးလိပ္ (E-စီးကရက္/Vape ရႈတာ အပါအဝင္) နဲ႔ ေဆး႐ြက္ႀကီး (ကြမ္းမွာထည့္စားတာ) ေၾကာင့္ပါ။

အခုလို ေသြးေၾကာက်ဥ္း၊ ေသြးေၾကာပိတ္တာကေန ႐ုတ္တရက္ ႏွလုံးခုန္ရပ္ ႏွလုံးေဖာက္ ေသဆုံးတာ (Sudden Cardiac Death) မျဖစ္ေအာင္၊ အဓိကကာကြယ္ဖို႔ကေတာ့၊ ႏွလုံးမထိခိုက္ေအာင္ ႀကိဳတင္ကာကြယ္ဖို႔ပါ။ ပုံမွန္ သဘာဝအားျဖင့္ေတာ့ အသက္အ႐ြယ္ႀကီးလာခ်ိန္မွာ ႏွလုံးေသြးေၾကာမာလာတာ၊ ေသြးေၾကာထဲ အဆီမ်ားလာတာေတြေၾကာင့္ အခုလို ေသြးေက်ာက်ဥ္း၊ ေသြးေၾကာပိတ္တာေတြ ျဖစ္လာေလ့ရွိပါတယ္။ ဒါေပမဲ့ အသက္အ႐ြယ္ မႀကီးေသးသူေတြအတြက္ေတာ့ ျပဳျပင္လို႔မရတဲ့ ေမြးရာပါႏွလုံးေရာဂါနဲ႔ မ်ိဳး႐ိုးလိုက္တာကလြဲၿပီး၊ အခုလို ႏွလုံးမထိခိုက္ေအာင္ ႀကိဳတင္ကြယ္ႏိုင္ပါတယ္။ ဒီ ႏွလုံးေသြးေၾကာပိတ္၊ ေသြးေၾကာက်ဥ္းတာေတြကို အေျခခံျဖစ္ေစတဲ့ အေၾကာင္းရင္းေတြကေတာ့ ေသြးတိုး ဆီးခ်ိဳ၊ ေသြးတြင္းအဆီမ်ားတာ၊ ေဆးလိပ္၊ ကြမ္း (ေဆး႐ြက္ႀကီးထည့္) သုံးစြဲတာ၊ အဝလြန္တာ၊ ကိုယ္လက္လႈပ္ရွားမူနည္းတာနဲ႔ စိတ္ဖိစီးမူ (ေဒါသနဲ႔ ၿပိဳင္ဆိုမူေၾကာင့္ အပါအဝင္) မ်ားတာေတြေၾကာင့္ပါ။

ဒါေၾကာင့္ ႀကိဳတင္ကာကြယ္ႏိုင္ေရးအတြက္၊ ေသြးတိုး ဆီးခ်ိဳ၊ ေသြးတြင္းအဆီမ်ားတာေတြ ျဖစ္လာလွ်င္ အေသအခ်ာကုသၿပီး စားေသာက္ေနထိုင္ပုံ ေျပာင္းယူတာ၊ ေဆးလိပ္နဲ႔ ကြမ္း (ေဆး႐ြက္ႀကီးပါ) မသုံးစြဲတာ၊ အရက္ကို က်န္းမာေရး မထိခိုက္ေအာင္ေသာက္တာ (ပ်မ္းမွ် ေန႔စဥ္ တစ္ပက္ပမာဏ ဝန္းက်င္)၊ အဝမလြန္ေစတာ၊ ကိုယ္လက္လႈပ္ရွား အားကစား ပုံမွန္လုပ္တာနဲ႔ စိတ္ဖိစီးမူ ဂ႐ုစိုက္ဆင္ျခင္ေပးတာေတြ လုပ္ေပးဖို႔ အေရးႀကီးပါတယ္။ စိတ္ဖိစီးမႈေၾကာင့္ ေသြးတိုးတာ၊ ႏွလုံးခုန္ျမန္တာ၊ ႏွလုံး ပိုအလုပ္လုပ္ရတာ၊ အိပ္ေရးပ်က္တာေတြ ျဖစ္ေစကာ ႏွလုံးကိုထိခိုက္လာေစတာပါ။ ဒါ့အျပင္ မ်ိဳး႐ိုးလိုက္သူ (ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အခုလို ႏွလုံးေဖာက္ေသဆုံးတာနဲ႔ ေလျဖတ္တာ ေဆြမ်ိဳးထဲရွိသူ) ေတြမွာလည္း ႀကိဳတင္ေဆးစစ္ၿပီး၊ ပိုကာကြယ္မူေတြ လုပ္ေဆာင္သင့္ပါတယ္။

ဒီႏွလုံးေရာဂါဆိုင္ရာအေၾကာင္း ပိုမိုသိရွိနားလည္ႏိုင္ဖို႔ ကိုဝင္းမင္းက မႏၲေလးေဆး႐ုံႀကီးက ႏွလုံးေရာဂါအထူးကုနဲ႔ မႏၲေလး ေဆးတကၠသိုလ္၊ ႏွလုံးေရာဂါအထူးကုဌာန ပါေမာကၡဌာနမႉး ေဒါက္တာေက်ာ္စိုးဝင္း ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

* မၾကာခင္က ႏွလုံးေဖာက္တာနဲ႔ ဆက္စပ္ၿပီး အ႐ြယ္မတိုင္ခင္ အသက္ဆုံးခဲ့ရတဲ့ မိတ္ေဆြလုပ္ေဖာ္ကိုင္ဖက္မ်ားအတြက္ အထူးအမွတ္တရ။

===Unicode ====

မြန်မာနိုင်ငံမှာ ရုတ်တရက် နှလုံးဖောက် (Heart Attack) ဖြစ်တာက၊ အစောပိုင်းမှာ အသက်ကြီးမှ ဖြစ်တာကနေ၊ တဖြည်းဖြည်း အသက်အရွယ် ပိုငယ်သူတွေမှာပါ ဖြစ်လာနေတယ်လို့၊ နှလုံးအထူးကုတွေက သတိပေးလိုက်ပါတယ်။

နှလုံးဖောက်တာက အရင်တုံးက ပျမ်းမျှအသက် (၆၀) ဝန်းကျင်မှာ ဖြစ်လေ့ရှိတာကနေ၊ အခုတော့ အသက် (၄၀) နဲ့ (၂၀) ဝန်းကျင်အထိ အရွယ်ငယ်စဉ်မှာကို ဖြစ်လာနေတာ တွေ့ရှိထားပါတယ်။ အခုလို နှလုံးဖောက်တာ အဓိက ဖြစ်စေတာကတော့၊ နှလုံးသွေးကြော ကျဉ်းလာတာနဲ့ သွေးကြောပိတ်သွားတာတွေကြောင့်ပါ။ နှလုံးသွေးကြောကျဉ်းတာကိုတော့ ပြင်ပဆေးခန်းတွေမှာ အဓိကကုသလေ့ ရှိပြီး၊ နှလုံးပိတ်တာကတော့ ဆေးရုံရောက်လာလေ့ ရှိပါတယ်။ မန္တလေးအထွေထွေဆေးရုံကြီး မှတ်တမ်းတွေအရေတော့ သွေးကြောပိတ်ပြီး ရောက်လာသူတွေထဲ အငယ်ဆုံးက (၂၁) နှစ်အရွယ်ထိ ဖြစ်လာနေပါတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ အသက် (၃၀) အောက်မှာ အခုလိုဖြစ်တာက စုစုပေါင်းရဲ့ (၁၀)% ဝန်းကျင်အထိရှိလာပြီး၊ အသက် (၄၀) အောက်ကလည်း (၂၅)% ဝန်းကျင်အထိ ဖြစ်လာနေပါတယ်။ ဒီအထဲ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုဖြစ်တာတွေ့ထားရာမှာ၊ အဓိက ဖြစ်ရတာက ဆေးလိပ် (E-စီးကရက်/Vape ရှုတာ အပါအဝင်) နဲ့ ဆေးရွက်ကြီး (ကွမ်းမှာထည့်စားတာ) ကြောင့်ပါ။

အခုလို သွေးကြောကျဉ်း၊ သွေးကြောပိတ်တာကနေ ရုတ်တရက် နှလုံးခုန်ရပ် နှလုံးဖောက် သေဆုံးတာ (Sudden Cardiac Death) မဖြစ်အောင်၊ အဓိကကာကွယ်ဖို့ကတော့၊ နှလုံးမထိခိုက်အောင် ကြိုတင်ကာကွယ်ဖို့ပါ။ ပုံမှန် သဘာဝအားဖြင့်တော့ အသက်အရွယ်ကြီးလာချိန်မှာ နှလုံးသွေးကြောမာလာတာ၊ သွေးကြောထဲ အဆီများလာတာတွေကြောင့် အခုလို သွေးကျောကျဉ်း၊ သွေးကြောပိတ်တာတွေ ဖြစ်လာလေ့ရှိပါတယ်။ ဒါပေမဲ့ အသက်အရွယ် မကြီးသေးသူတွေအတွက်တော့ ပြုပြင်လို့မရတဲ့ မွေးရာပါနှလုံးရောဂါနဲ့ မျိုးရိုးလိုက်တာကလွဲပြီး၊ အခုလို နှလုံးမထိခိုက်အောင် ကြိုတင်ကွယ်နိုင်ပါတယ်။ ဒီ နှလုံးသွေးကြောပိတ်၊ သွေးကြောကျဉ်းတာတွေကို အခြေခံဖြစ်စေတဲ့ အကြောင်းရင်းတွေကတော့ သွေးတိုး ဆီးချို၊ သွေးတွင်းအဆီများတာ၊ ဆေးလိပ်၊ ကွမ်း (ဆေးရွက်ကြီးထည့်) သုံးစွဲတာ၊ အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမူနည်းတာနဲ့ စိတ်ဖိစီးမူ (ဒေါသနဲ့ ပြိုင်ဆိုမူကြောင့် အပါအဝင်) များတာတွေကြောင့်ပါ။

ဒါကြောင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက်၊ သွေးတိုး ဆီးချို၊ သွေးတွင်းအဆီများတာတွေ ဖြစ်လာလျှင် အသေအချာကုသပြီး စားသောက်နေထိုင်ပုံ ပြောင်းယူတာ၊ ဆေးလိပ်နဲ့ ကွမ်း (ဆေးရွက်ကြီးပါ) မသုံးစွဲတာ၊ အရက်ကို ကျန်းမာရေး မထိခိုက်အောင်သောက်တာ (ပျမ်းမျှ နေ့စဉ် တစ်ပက်ပမာဏ ဝန်းကျင်)၊ အဝမလွန်စေတာ၊ ကိုယ်လက်လှုပ်ရှား အားကစား ပုံမှန်လုပ်တာနဲ့ စိတ်ဖိစီးမူ ဂရုစိုက်ဆင်ခြင်ပေးတာတွေ လုပ်ပေးဖို့ အရေးကြီးပါတယ်။ စိတ်ဖိစီးမှုကြောင့် သွေးတိုးတာ၊ နှလုံးခုန်မြန်တာ၊ နှလုံး ပိုအလုပ်လုပ်ရတာ၊ အိပ်ရေးပျက်တာတွေ ဖြစ်စေကာ နှလုံးကိုထိခိုက်လာစေတာပါ။ ဒါ့အပြင် မျိုးရိုးလိုက်သူ (ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလို နှလုံးဖောက်သေဆုံးတာနဲ့ လေဖြတ်တာ ဆွေမျိုးထဲရှိသူ) တွေမှာလည်း ကြိုတင်ဆေးစစ်ပြီး၊ ပိုကာကွယ်မူတွေ လုပ်ဆောင်သင့်ပါတယ်။

ဒီနှလုံးရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မန္တလေးဆေးရုံကြီးက နှလုံးရောဂါအထူးကုနဲ့ မန္တလေး ဆေးတက္ကသိုလ်၊ နှလုံးရောဂါအထူးကုဌာန ပါမောက္ခဌာနမှူး ဒေါက်တာကျော်စိုးဝင်း ကို ဆက်သွယ်မေးမြန်းထားပါတယ်။

* မကြာခင်က နှလုံးဖောက်တာနဲ့ ဆက်စပ်ပြီး အရွယ်မတိုင်ခင် အသက်ဆုံးခဲ့ရတဲ့ မိတ်ဆွေလုပ်ဖော်ကိုင်ဖက်များအတွက် အထူးအမှတ်တရ။

XS
SM
MD
LG