သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အပိုေဆာင္းကာကြယ္ေဆး တိုက္ေကြၽး၊ ထိုးႏွံမူ


vaccination
အပိုေဆာင္းကာကြယ္ေဆး တိုက္ေကြၽး၊ ထိုးႏွံမူ
please wait

No media source currently available

0:00 0:07:00 0:00
တိုက္႐ိုက္ လင့္ခ္

ပိုလီယို၊ ဝက္သက္-ဂ်ိဳက္သိုး အပိုေဆာင္းကာကြယ္ေဆးေတြကို အခု ေအာက္တိုဘာ (၂၅) ရက္ ကေန (၂၉) ရက္ အတြင္း တိုက္ေကြၽး၊ ထိုးႏွံမယ္လို႔ ကေလးအထူးကုေတြက ေျပာဆိုပါတယ္။

ပိုလီယိုကာကြယ္ေဆးကို အခု ေအာက္တိုဘာလမွာ အပိုေဆာင္းတိုက္ေကြၽးရျခင္း အေၾကာင္းရင္းက၊ ပုံမွန္ ကာကြယ္ေဆးတိုက္ေကြၽးခဲ့ရာမွာ လႊမ္းၿခဳံမူအားနည္းခဲ့တဲ့ ၿမိဳ.ေပါင္း (၉၆) ၿမိဳ.မွာ၊ ပိုလီယိုေရာဂါ ျဖစ္လာႏိုင္တာကို ကာကြယ္ႏိုင္ဖို႔ ျဖစ္ပါတယ္။ မၾကာခင္ ဇြန္လတုန္းက ကရင္ျပည္နယ္ ဖားပြန္ၿမိဳ.တဝိုက္မွာ ဒီကာကြယ္ေဆးမရခဲ့တဲ့ ကေလးေတြမွာ ပိုလီယိုအသြင္ေျပာင္းပိုးေၾကာင့္ အေၾကာေသေရာဂါ ျဖစ္လာခဲ့အၿပီး၊ ၾသဂုတ္လမွာ ပထမအႀကိမ္ တိုက္ေကြၽးခဲ့ကာ၊ အခု ဒုတိယအႀကိမ္ တိုက္ေကြၽးမွာျဖစ္ပါတယ္။ ကေလးအ႐ြယ္ (၂) လ၊ (၄) လနဲ႔ (၆) လမွာ ပုံမွန္ ပိုလီယိုကာကြယ္ေဆး တိုက္ေကြၽးခဲ့ခ်ိန္မွာ၊ က်န္ခဲ့ရတဲ့ ဒီၿမိဳ.ေတြက ကေလးေတြ (၉ လကေန (၅) ႏွစ္ခြဲအ႐ြယ္အတြင္း) ကို သက္ဆိုင္ရာ ရပ္ကြက္ေတြအတြင္း အခုလို အပိုေဆာင္း တိုက္ေကြၽးမွာျဖစ္ပါတယ္။

တခ်ိန္တည္းမွာ ဝက္သက္-ဂ်ိဳက္သိုး ကာကြယ္ေဆးကိုလည္း ဒီ ၿမိဳ ႔ေပါင္း (၉၆) ၿမိဳ.နယ္မွာ တၿပိဳင္နက္ အခုထပ္မံထိုးေပးရျခင္းအေၾကာင္းရင္းက ကမာၻေပၚမွာ ဝက္သက္ေရာဂါ လုံးဝပေပ်ာက္ေရးလုပ္ငန္းစဥ္ေအာက္တြင္ အေရွ ႔ေတာင္အာရွႏိုင္ငံေတြအေနနဲ႔ ၂၀၂၃ ခုႏွစ္မွာ ဝက္သက္လုံးဝပေပ်ာက္ေရး ရည္မွန္းထားလို႔ ျဖစ္ပါတယ္။ ဒီရည္မွန္းခ်က္ျပည့္မီေစရန္ ျမန္မာႏိုင္ငံမွာလည္း (၁၂) လတာ ကာလပတ္လုံး ဝက္သက္ကူးစက္မူ မရွိေၾကာင္းျပႏိုင္ဖို႔ လိုလာပါတယ္။ ဒီဝက္သက္ကာကြယ္ေဆးကို ကေလး (၉) လအ႐ြယ္မွာ ပထမအႀကိမ္နဲ႔ တစ္ႏွစ္ခြဲအ႐ြယ္မွာ ဒုတိယအႀကိမ္ ပုံမွန္ ထိုးေပးခဲ့ေပမယ့္၊ လြမ္းၿခဳံမူ အျပည့္အဝ မရခဲ့တာေတြေၾကာင့္၊ (၃) ႏွစ္နဲ႔ (၄) ႏွစ္ တစ္ႀကိမ္ ဝက္သက္ေရာဂါက ကပ္ေရာဂါအသြင္ ျပန္ျဖစ္လာခဲ့ပါတယ္။ မၾကာခင္ ေနာက္ဆုံးျပန္ျဖစ္ခဲ့တာကေတာ့ ၂၀၁၉ ခုႏွစ္ အစပိုင္းမွာျဖစ္ၿပီး၊ အျဖစ္မ်ားခဲ့တဲ့ ရန္ကုန္တဝိုက္ၿမိဳ ႔ေတြမွာ ဒီ အပိုေဆာင္းကာကြယ္ေဆးကို၊ အခုႏွစ္ ေဖေဖာ္ဝါရီလမွာ ထိုးေပးခဲ့ကာ၊ အခု ေအာက္တိုဘာလမွာလည္း ကာကြယ္ေဆးလႊမ္းၿခဳံမူနည္းခဲ့တဲ့ ၿမိဳ ႔ေတြမွာ (၉) လကေန (၅) ႏွစ္ခြဲအ႐ြယ္ကေလးေတြကို အပိုေဆာင္းထိုးေပးမွာျဖစ္ပါတယ္။ ဒါ့အျပင္ အခုတစ္ေခါက္မွာက်န္ခဲ့တဲ့၊ တႏိုင္ငံလုံးက ၿမိဳ.ေပါင္း (၂၃၄) ၿမိဳ.မွာလည္း၊ ဒုတိယအႀကိမ္အျဖစ္ ေရွ ႔လ ႏိုဝင္ဘာလ (၂၆) နဲ႔ (၂၈) ရက္အတြင္းမွာ ဒီ ဝက္သက္-ဂ်ိဳက္သိုးကာကြယ္ေဆး အပိုေဆာင္းထိုးေပးမွာ ျဖစ္ပါတယ္။

အခုလို အပိုေဆာင္းကာကြယ္ေဆးေတြ တိုက္ေကြၽး၊ ထိုးႏွံရာမွာ ယခင္ ဒီကာကြယ္ေဆးေတြ ရတားၿပီးတဲ့ ကေလးေတြကိုလည္း ထပ္မံတိုက္ေကြၽး၊ ထိုးႏွံသင့္ပါတယ္။ အေၾကာင္းက အခုလို အပိုေဆာင္းကာကြယ္ေဆး ထပ္မံ တိုက္ေကြၽး၊ ထိုးႏွံတာေၾကာင့္ အႏၲရာယ္မရွိတာအျပင္၊ ကာကြယ္မူသက္တမ္းပါ ပိုရွည္လာႏိုင္တဲ့ အက်ိဳးေက်းဇူးရွိေနလို႔ပါ။ ဒါေၾကာင့္ မိဘေတြအေနနဲ႔ အျပင္မွာ ကုန္က်စရိတ္မ်ားႏိုင္တဲ့ ဒီကာကြယ္ေဆးေတြကို၊ ႏိုင္ငံေတာ္အေနနဲ႔ အခမဲ့ အခုလို တိုက္ေကြၽး၊ ထိုးႏွံေပးေနခ်ိန္မွာ၊ ဒီအခြင့္အေရးကို လက္လႊတ္မခံဘဲ၊ မိမိကေလးေတြကို တိုက္ေကြၽးထိုးႏွံ႔ေပးတာအျပင္၊ မသိေသးတဲ့ မိဘေတြကိုပါ ကူညီရွင္းျပေပးသင့္ပါတယ္။ က်န္းမာေရးဝန္ထမ္းေတြအေနနဲ႔လည္း ဒီအပိုေဆာင္းကာကြယ္ေဆးေတြရဲ႕ အက်ိဳးရွိပုံကို၊ မိမိတို႔ လူနာေတြနဲ႔ ပတ္ဝန္းက်င္မွာ ဆြဲေဆာင္ရွင္းျပေပးသင့္ပါတယ္။

ဒီေရာဂါဆိုင္ရာအေၾကာင္း ပိုမိုသိရိွနားလည္ႏုိင္ဖို႔ ကိုဝင္းမင္းက ေကလးအထူးကုနဲ႔ ေဆးတကၠသိုလ္ (၁) ကေလးက်န္းမာ၊ပညာဌာန အၿငိမ္းစား ဌာနမွဴးပါေမာကၡ ေဒါက္တာေစာဝင္း ကို ဆက္သြယ္ေမးျမန္း ေဆြးေႏြးတင္ျပထားပါတယ္။

==Unicode==

ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး အပိုဆောင်းကာကွယ်ဆေးတွေကို အခု အောက်တိုဘာ (၂၅) ရက် ကနေ (၂၉) ရက် အတွင်း တိုက်ကျွေး၊ ထိုးနှံမယ်လို့ ကလေးအထူးကုတွေက ပြောဆိုပါတယ်။

ပိုလီယိုကာကွယ်ဆေးကို အခု အောက်တိုဘာလမှာ အပိုဆောင်းတိုက်ကျွေးရခြင်း အကြောင်းရင်းက၊ ပုံမှန် ကာကွယ်ဆေးတိုက်ကျွေးခဲ့ရာမှာ လွှမ်းခြုံမူအားနည်းခဲ့တဲ့ မြို.ပေါင်း (၉၆) မြို.မှာ၊ ပိုလီယိုရောဂါ ဖြစ်လာနိုင်တာကို ကာကွယ်နိုင်ဖို့ ဖြစ်ပါတယ်။ မကြာခင် ဇွန်လတုန်းက ကရင်ပြည်နယ် ဖားပွန်မြို.တဝိုက်မှာ ဒီကာကွယ်ဆေးမရခဲ့တဲ့ ကလေးတွေမှာ ပိုလီယိုအသွင်ပြောင်းပိုးကြောင့် အကြောသေရောဂါ ဖြစ်လာခဲ့အပြီး၊ သြဂုတ်လမှာ ပထမအကြိမ် တိုက်ကျွေးခဲ့ကာ၊ အခု ဒုတိယအကြိမ် တိုက်ကျွေးမှာဖြစ်ပါတယ်။ ကလေးအရွယ် (၂) လ၊ (၄) လနဲ့ (၆) လမှာ ပုံမှန် ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခဲ့ချိန်မှာ၊ ကျန်ခဲ့ရတဲ့ ဒီမြို.တွေက ကလေးတွေ (၉ လကနေ (၅) နှစ်ခွဲအရွယ်အတွင်း) ကို သက်ဆိုင်ရာ ရပ်ကွက်တွေအတွင်း အခုလို အပိုဆောင်း တိုက်ကျွေးမှာဖြစ်ပါတယ်။

တချိန်တည်းမှာ ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးကိုလည်း ဒီ မြို့ပေါင်း (၉၆) မြို.နယ်မှာ တပြိုင်နက် အခုထပ်မံထိုးပေးရခြင်းအကြောင်းရင်းက ကမ္ဘာပေါ်မှာ ဝက်သက်ရောဂါ လုံးဝပပျောက်ရေးလုပ်ငန်းစဉ်အောက်တွင် အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ၂၀၂၃ ခုနှစ်မှာ ဝက်သက်လုံးဝပပျောက်ရေး ရည်မှန်းထားလို့ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ပြည့်မီစေရန် မြန်မာနိုင်ငံမှာလည်း (၁၂) လတာ ကာလပတ်လုံး ဝက်သက်ကူးစက်မူ မရှိကြောင်းပြနိုင်ဖို့ လိုလာပါတယ်။ ဒီဝက်သက်ကာကွယ်ဆေးကို ကလေး (၉) လအရွယ်မှာ ပထမအကြိမ်နဲ့ တစ်နှစ်ခွဲအရွယ်မှာ ဒုတိယအကြိမ် ပုံမှန် ထိုးပေးခဲ့ပေမယ့်၊ လွမ်းခြုံမူ အပြည့်အဝ မရခဲ့တာတွေကြောင့်၊ (၃) နှစ်နဲ့ (၄) နှစ် တစ်ကြိမ် ဝက်သက်ရောဂါက ကပ်ရောဂါအသွင် ပြန်ဖြစ်လာခဲ့ပါတယ်။ မကြာခင် နောက်ဆုံးပြန်ဖြစ်ခဲ့တာကတော့ ၂၀၁၉ ခုနှစ် အစပိုင်းမှာဖြစ်ပြီး၊ အဖြစ်များခဲ့တဲ့ ရန်ကုန်တဝိုက်မြို့တွေမှာ ဒီ အပိုဆောင်းကာကွယ်ဆေးကို၊ အခုနှစ် ဖေဖော်ဝါရီလမှာ ထိုးပေးခဲ့ကာ၊ အခု အောက်တိုဘာလမှာလည်း ကာကွယ်ဆေးလွှမ်းခြုံမူနည်းခဲ့တဲ့ မြို့တွေမှာ (၉) လကနေ (၅) နှစ်ခွဲအရွယ်ကလေးတွေကို အပိုဆောင်းထိုးပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် အခုတစ်ခေါက်မှာကျန်ခဲ့တဲ့၊ တနိုင်ငံလုံးက မြို.ပေါင်း (၂၃၄) မြို.မှာလည်း၊ ဒုတိယအကြိမ်အဖြစ် ရှေ့လ နိုဝင်ဘာလ (၂၆) နဲ့ (၂၈) ရက်အတွင်းမှာ ဒီ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးပေးမှာ ဖြစ်ပါတယ်။

အခုလို အပိုဆောင်းကာကွယ်ဆေးတွေ တိုက်ကျွေး၊ ထိုးနှံရာမှာ ယခင် ဒီကာကွယ်ဆေးတွေ ရတားပြီးတဲ့ ကလေးတွေကိုလည်း ထပ်မံတိုက်ကျွေး၊ ထိုးနှံသင့်ပါတယ်။ အကြောင်းက အခုလို အပိုဆောင်းကာကွယ်ဆေး ထပ်မံ တိုက်ကျွေး၊ ထိုးနှံတာကြောင့် အန္တရာယ်မရှိတာအပြင်၊ ကာကွယ်မူသက်တမ်းပါ ပိုရှည်လာနိုင်တဲ့ အကျိုးကျေးဇူးရှိနေလို့ပါ။ ဒါကြောင့် မိဘတွေအနေနဲ့ အပြင်မှာ ကုန်ကျစရိတ်များနိုင်တဲ့ ဒီကာကွယ်ဆေးတွေကို၊ နိုင်ငံတော်အနေနဲ့ အခမဲ့ အခုလို တိုက်ကျွေး၊ ထိုးနှံပေးနေချိန်မှာ၊ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ၊ မိမိကလေးတွေကို တိုက်ကျွေးထိုးနှံ့ပေးတာအပြင်၊ မသိသေးတဲ့ မိဘတွေကိုပါ ကူညီရှင်းပြပေးသင့်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့လည်း ဒီအပိုဆောင်းကာကွယ်ဆေးတွေရဲ့ အကျိုးရှိပုံကို၊ မိမိတို့ လူနာတွေနဲ့ ပတ်ဝန်းကျင်မှာ ဆွဲဆောင်ရှင်းပြပေးသင့်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကေလးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ပညာဌာန အငြိမ်းစား ဌာနမှူးပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG