သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

California သေနတ်သမား အိမ် ဗုံးကျည်ဆံ အများအပြား တွေ့ရှိ


ကယ်လီဖိုးနီးယားပြည်နယ်တွင်း စစ်ဆေးနေဆဲ နေအိမ်။ (ဒီဇင်ဘာ ၃၊ ၂၀၁၅)
ကယ်လီဖိုးနီးယားပြည်နယ်တွင်း စစ်ဆေးနေဆဲ နေအိမ်။ (ဒီဇင်ဘာ ၃၊ ၂၀၁၅)

ကယ်လီဖိုးနီးယားပြည်နယ်က အားလပ်ရက် ပါတီပွဲတခုမှာ လူ ၁၄ ယောက် အထိ သေဆုံးခဲ့တဲ့အထိ သေနတ်နဲ့ပစ်ခဲ့တဲ့ လင်မယား ၂ ယောက်ရဲ့ နေအိမ်ခန်းမှာ ပိုက်လုံးနဲ့ လုပ်ထားတဲ့ ဗုံး ၁၂ ခု၊ ဗုံးလုပ်တဲ့ ပစ္စည်းတွေနဲ့ ကျည်ဆံထောင်နဲ့ချီ တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ဆာယစ် ဖာရွတ် (Syed Rizwan Farook) နဲ့ ဇနီးဖြစ်သူ တက်ရှ်ဖင်း မာလစ်ခ် (Tashfeen Malik) တို့ လင်မယားကတော့ လူပေါင်း ၁၄ ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့ရာ ဆန် ဘာနာဒီနိုမြို့ (San Bernardino) က မသန်မစွမ်းသူတွေကို လေ့ကျင့်ပြုစုရာဌာန အနီးက လူနေရပ်ကွက်တခုအတွင်း ရဲတပ်ဖွဲ့နဲ့ အပြန်အလှန်ပစ်ခတ်ရာက သေဆုံးခဲ့တာပါ။ ဆန် ဘာနာဒီနိုမြို့ဟာ ဆိုရင်တော့ လော့စ်အိန်ဂျလိစ်မြို့ရဲ့ အရှေ့ဖက် တနာရီလောက် အကွာမှာရှိပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဆန် ဘာနာဒီနိုမြို့က ရဲမှူး ဂျာရော့ဒ် ဘာဂူအန် (Jarrod Burguan) ကတော့ သေဆုံးသွားသူ စုံတွဲဟာ သေနတ်နဲ့ အချက်ပေါင်း ၇၅ ချက် လောက်ပစ်ခတ်ခဲ့သလို၊ ပိုက်လုံးတွေနဲ့ လုပ်ထားတဲ့ဗုံး ၃ လုံးတပ်ဆင်ထားတဲ့ အဝေးထိန်းကစားစရာ ကားတစင်းကိုလည်း ချန်ထားခဲ့ပေမဲ့ ပေါက်ကွဲမှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဒါပေမဲ့လည်း အခုလို ဘာကြောင့်တိုက်ခိုက်ခဲ့ရသလဲ ဆိုတာကတော့ ဧရာမမေးခွန်းအဖြစ် ရှိနေဆဲပါ။ သေဆုံးသူအမျိုးသား ဖာရွတ်ဟာ ရှီကာဂိုမြို့မှာ မွေးဖွားခဲ့သူတဦးဖြစ်ပြီး အစိုးရရဲ့ ကျန်းမာရေး စစ်ဆေးရေးအရာရှိ တဦးလည်းဖြစ်ပါတယ်။

ဇနီးဖြစ်သူကတော့ ပါကစ္စတန်နိုင်ငံသူဖြစ်ပြီး ချစ်သူအဖြစ်နဲ့ ပြည်ဝင်ခွင့်ဗီဇာရပြီး အမေရိကန်ကို ရောက်လာခဲ့သူပါ။ ၂ ယောက်စလုံးဟာ ရာဇဝတ်ပြစ်မှု နောက်ကြောင်း တစုံတရာမရှိသလို၊ စောင့်ကြည့်ခံရတဲ့ စာရင်းမှာလည်း မပါဝင်ပါဘူး

သမ္မတ ဘရက်ခ် အိုဘားမား ကတော့ ဒီကိစ္စကို ရေဆုံးရေဖျား စုံစမ်းမှာ ဖြစ်တဲ့အကြောင်း ကြာသပတေးနေ့ကပဲ အမေရိကန် ပြည်သူတွေကို ကတိပြုပြောကြားခဲ့ပါတယ်။

XS
SM
MD
LG