သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်တွေနဲ့ တိုက်ပွဲပြင်းထန်


Russia Ukraine War Canada
Russia Ukraine War Canada

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Bakhmut နဲ့ Maryinka မြို့နားမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ ယူကရိန်းတပ်တွေက ရုရှားတွေရဲ့ ထိုးစစ်တွေကို ပြန်ပြီးတော့ တွန်းလှန်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က မနေ့ကပြောလိုက်ပါတယ်။ ရုရှားတပ်တွေဟာ ဆက်ပြီးတော့ အကြီးအကျယ်ထိခိုက် ကျဆုံးနေပြီး၊ ဒါကို ရုရှားတွေဘက်က ဖုံးကွယ်ဖို့ ကြိုးပမ်းနေတယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။

ရုရှားတပ်တွေဟာတွေဟာ လေကြောင်းတိုက်ခိုက်မှု ၆၆ ကြိမ် နဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်တာ ၃၉ ကြိမ် လုပ်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ လူနေအိမ်တွေ နဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးတာတွေရှိခဲ့တယ်လို့ ယူကရိန်းဘက်က မနေ့က ပြောကြောင်း Radio Free Europe/Radio Liberty တို့က ဖော်ပြပါတယ်။

စနေနေ့ အစောပိုင်းတုန်းကတော့ ယူကရိန်းဘက်က လိုအပ်တဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေနဲ့ ခုခံကာကွယ်မှုတွေကို လုပ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က အတည်ပြုပြောဆိုပေမဲ့ တိတိကျကျတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ ကိဗ်မြို့မှာ ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ အတူ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ အားလုံးက စိတ်ဓာတ်တက်ကြွနေကြပြီး ဒါကို ပူတင်သိအောင် ပြောလိုက်ပါလို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ညစဉ်ပြောကြားတဲ့ မိန့်ခွန်းထဲမှာတော့ သမ္မတဇလင်စကီးက တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတဲ့ နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းက ရှေ့တန်းစစ်မျက်နှာတွေမှာ မိမိရဲ့ခြေကုပ်စခန်းတွေမှာ ကြံ့ကြံ့ခံတိုက်နေကြတဲ့သူတွေရော၊ ရှေ့ကိုတက်နိုင်တဲ့ သူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG