သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကယ္လီဖိုးနီးယားျပည္နယ္မွာ မၾကဳံစဖူး ႏွင္းမုန္တိုင္းဒဏ္ခံေနရ


Massive US storm brings tornadoes to South, blizzard threat

အေမရိကန္ျပည္ေထာင္စုမွာ ပုံမွန္အားျဖင့္ ႏွင္းက်ေလ့က်ထ မ႐ွိတဲ့ ကယ္လီဖိုးနီးယားျပည္နယ္အပါအဝင္ အေနာက္ဘက္ျခမ္းက ျပည္နယ္ေတြမွာ ေဆာင္းရာသီမုန္တိုင္းဒဏ္ကို ခံေနၾကရပါတယ္။ ကယ္လီဖိုးနီးယားျပည္နယ္ ေတာင္ပိုင္းမွာ ေသာၾကာေန႔က ႏွင္းေတြအထူအထပ္ က်ခဲ့သလို၊ ေလာ့စ္အိန္ဂ်ဲလိစ္ ခ႐ိုင္ထဲက ေတာင္တန္းေဒသေတြမွာဆိုရင္ ဆယ္စုႏွစ္နဲ႔ခ်ီအတြင္း ပထမဆုံး ႏွင္းမုန္တိုင္းကို ရင္ဆိုင္ခဲ့ၾကရပါတယ္။

ထူထပ္တဲ့ႏွင္းေတြ က်တဲ့အတြက္ ကယ္လီဖိုးနီးယားျပည္နယ္ ေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္းကို ဆက္သြယ္ထားတဲ့ အဓိက အေဝးေျပးလမ္းမႀကီးျဖစ္တဲ့ Interstate 5 ကို ေသာၾကာေန႔က ပိတ္ထားခဲ့ရပါတယ္။ ေအးၿပီး အႏၲရာယ္႐ွိတဲ့ မုန္တိုင္းဒဏ္ကို ဒီေန႔ စေနေန႔မွာလည္း ခံရလိမ့္မယ္လို႔ မိုးေလဝသဌာနက သတိေပးထားပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္ကေန အေနာက္ေတာင္ပိုင္းေဒသဘက္ကို အင္အားျပင္း ေဆာင္းမုန္တိုင္း ဆက္လက္ေ႐ြ႕လ်ားသြားမွာ ျဖစ္တာနဲ႔အတူ ႏွင္းမုန္တိုင္းေတြနဲ႔ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေရႀကီးႏိုင္တယ္လို႔ သတိေပးထားတာပါ။ ကယ္လီဖိုးနီးယားျပည္နယ္ ေတာင္ပိုင္းနဲ႔ စီးရားနီဗားဒါး ေတာင္တန္းေဒသေတြမွာ ၅ ေပေလာက္အထိ ႏွင္းက်ႏိုင္တယ္လို႔လည္း ခန္႔မွန္းထားပါတယ္။

တနဂၤေႏြေန႔က်ရင္လည္း အေနာက္ပိုင္းနဲ႔ အေနာက္အလယ္ပိုင္း ေဒသတခ်ဳိ ႔မွာ ျပင္းထန္နဲ႔ မုန္တိုင္းက်ေရာက္မယ္လို႔လည္း သတိေပးထားပါတယ္။ ဆယ္စုႏွစ္ေပါင္းမ်ားစြာအတြင္း ေအးခဲတဲ့ ႏွင္းမုန္တိုင္းဒဏ္ခံထားရတဲ့ ႏိုင္ငံေျမာက္ဘက္ျခမ္းက မစ္႐ွီဂန္ျပည္နယ္မွာလည္း ႏွင္းမုန္တိုင္းေၾကာင္း မီးေတြျပတ္ေနတဲ့အတြက္ လူေပါင္း ေထာင္ေပါင္းမ်ားစြာ အပူေပးစနစ္ကို မသုံးႏိုင္ၾကဘဲ အေအးဒဏ္ကို ခံေနၾကရပါတယ္။

==== Unicode =====

အမေရိကန်ပြည်ထောင်စုမှာ ပုံမှန်အားဖြင့် နှင်းကျလေ့ကျထ မရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ်အပါအဝင် အနောက်ဘက်ခြမ်းက ပြည်နယ်တွေမှာ ဆောင်းရာသီမုန်တိုင်းဒဏ်ကို ခံနေကြရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ သောကြာနေ့က နှင်းတွေအထူအထပ် ကျခဲ့သလို၊ လော့စ်အိန်ဂျဲလိစ် ခရိုင်ထဲက တောင်တန်းဒေသတွေမှာဆိုရင် ဆယ်စုနှစ်နဲ့ချီအတွင်း ပထမဆုံး နှင်းမုန်တိုင်းကို ရင်ဆိုင်ခဲ့ကြရပါတယ်။

ထူထပ်တဲ့နှင်းတွေ ကျတဲ့အတွက် ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ အဓိက အဝေးပြေးလမ်းမကြီးဖြစ်တဲ့ Interstate 5 ကို သောကြာနေ့က ပိတ်ထားခဲ့ရပါတယ်။ အေးပြီး အန္တရာယ်ရှိတဲ့ မုန်တိုင်းဒဏ်ကို ဒီနေ့ စနေနေ့မှာလည်း ခံရလိမ့်မယ်လို့ မိုးလေဝသဌာနက သတိပေးထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ကနေ အနောက်တောင်ပိုင်းဒေသဘက်ကို အင်အားပြင်း ဆောင်းမုန်တိုင်း ဆက်လက်ရွေ့လျားသွားမှာ ဖြစ်တာနဲ့အတူ နှင်းမုန်တိုင်းတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနိုင်တယ်လို့ သတိပေးထားတာပါ။ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းနဲ့ စီးရားနီဗားဒါး တောင်တန်းဒေသတွေမှာ ၅ ပေလောက်အထိ နှင်းကျနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

တနင်္ဂနွေနေ့ကျရင်လည်း အနောက်ပိုင်းနဲ့ အနောက်အလယ်ပိုင်း ဒေသတချို့မှာ ပြင်းထန်နဲ့ မုန်တိုင်းကျရောက်မယ်လို့လည်း သတိပေးထားပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အေးခဲတဲ့ နှင်းမုန်တိုင်းဒဏ်ခံထားရတဲ့ နိုင်ငံမြောက်ဘက်ခြမ်းက မစ်ရှီဂန်ပြည်နယ်မှာလည်း နှင်းမုန်တိုင်းကြောင်း မီးတွေပြတ်နေတဲ့အတွက် လူပေါင်း ထောင်ပေါင်းများစွာ အပူပေးစနစ်ကို မသုံးနိုင်ကြဘဲ အအေးဒဏ်ကို ခံနေကြရပါတယ်။

XS
SM
MD
LG