သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မှာ Heineken ဘီယာစက်ရုံဖွင့်


ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ထဲမှာ ဆောက်ထားတဲ့ Heineken ဘီယာချက်စက်ရုံအတွင်း အလုပ်သမားတွေ ထုတ်ပိုးနေပုံ။ (ဇူလိုင် ၁၂၊ ၂၀၁၅)
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ထဲမှာ ဆောက်ထားတဲ့ Heineken ဘီယာချက်စက်ရုံအတွင်း အလုပ်သမားတွေ ထုတ်ပိုးနေပုံ။ (ဇူလိုင် ၁၂၊ ၂၀၁၅)

Heineken ဘီယာကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဒေါ်လာ သန်း ၆၀ တန် ဘီယာချက်စက်ရုံ ဖွင့်လိုက်ပါတယ်။ နှစ်စဉ် ဘီယာ လီတာပေါင်း ၃၃ သန်း ထုတ်လုပ်မယ့်စက်ရုံမှာ ဒေသခံအလုပ်သမား ၂၀၀ ကျော်ကို အလုပ်ခန့်မယ်လို့ Amsterdam မြို့မှာ ထုတ်ပြန်တဲ့ Heineken ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အခုလို ဘီယာစက်ရုံဖွင့်လိုက်တာဟာ Heineken ရဲ့ တိုးတက်နှုန်းမြင့်ဈေးကွက်တွေနဲ့ ထိတွေ့မှုကို တိုးချဲ့လိုက်တာဖြစ်တယ်လို့လည်း Heineken က ဖော်ပြထားပါတယ်။

မှော်ဘီမြို့နယ်မှာ တည်ဆောက်ထားတဲ့ Heineken ဘီယာစက်ရုံ
မှော်ဘီမြို့နယ်မှာ တည်ဆောက်ထားတဲ့ Heineken ဘီယာစက်ရုံ

Heineken ဘီဟာစက်ရုံကို မှော်ဘီမြို့နယ်မှာဖွင့်ထားပြီး Heineken ဘီယာကို ထုတ်လုပ်မှာဖြစ်သလို မြန်မာဈေးကွက်အတွက် အထူးထုတ်လုပ်ထားတဲ့ Regal 7 တံဆိပ်သစ် ဘီယာကိုလည်း ထုတ်လုပ်မှာဖြစ်ပါတယ်။

အခုချိန်မှာ မြန်မာနိုင်ငံ စီးပွားရေးတိုးတက်မှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေဖြစ်လာတာနဲ့အမျှ လူတွေဟာ ပြည်ပဘီယာပိုသောက်ချင်လာလိမ့်မယ်လို့ နိုင်ငံတကာ ဘီယာကုမ္ပဏီတွေက မျှော်လင့်နေပြီး မြန်မာနိုင်ငံကို တဖြည်းဖြည်းဝင်လာနေကြပါတယ်။

ပြီးခဲ့တဲ့မေလကလည်း Carlsberg ဘီယာကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ပြည်ပဘီယာကုမ္ပဏီတခုအနေနဲ့ ပထမဦးဆုံး ဘီယာစက်ရုံဖွင့်လိုက်ပြီး Tuborg နဲ့ Yoma တံဆိပ်ဘီယာတွေထုတ်လုပ်နေပါတယ်။

ဒါပေမယ့် Euromonitor International သုတေသန ကုမ္ပဏီရဲ့တွေ့ရှိချက်အရ ၂၀၁၃ ခုနှစ်မှာဆိုရင် မြန်မာနိုင်ငံရဲ့ လူတဦးချင်း ဘီယာသောက်သုံးမှုဟာ ၃.၂ လီတာပဲရှိပြီး တဦးချင်း ဘီယာ ၃၁ လီတာ သောက်သုံးတဲ့ ထိုင်းနိုင်ငံနဲ့ ယှဉ်ရင်အများကြီးနည်းနေပါတယ်။

XS
SM
MD
LG