သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNICEF အကြီးကဲသစ် ကုလခန့်အပ်


Henrietta Holsman Fore
Henrietta Holsman Fore

ကုလသမဂ္ဂ အတွင်ေးရးမှုးချုပ် Antonio Guterres က ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှုး အသစ်အဖြစ် Henrietta Holsman Fore ကို ခန့်အပ်လိုက်ပါတယ်။

သူဟာ UNICEF အမှုဆောင် ဒါရိုက်တာအဖြစ် ၂၀၁၀ ကတည်းက တာဝန်ယူခဲ့သူ Anthony Lake ရဲ့ နေရာကို ဆက်ခံခဲ့တာ ဖြစ်ပါတယ်။

မစ္စ Fore ဟာ USAID အမေရိကန် ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီရဲ့ ပထမဆုံး အမျိုးသမီး အုပ်ချုပ်ရေးမှုးအဖြစ် ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ မစ္စ Fore ဟာ USAID မှာ အာရှဒေသဆိုင်ရာ လက်ထောက် အုပ်ချုပ်ရေးမှုး အဖြစ်နဲ့ လည်း အစောပိုင်းက တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန မှာရော အမေရိကန် ပြည်ထောင်စု ငွေဒင်္ဂါးသွန်း စက်ရုံ မှာပါ ထမ်းဆောင်ခဲ့သူပါ။

သူဟာ မိသားစုပိုင် Holsman နိုင်ငံတကာ ကုမ္မဏီရဲ့ ဘုတ်အဖွဲ့ အကြီးအကဲအဖြစ် ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်ထုတ်လုပ်မှုဆိုင်ရာ အကြံပေး ဖြစ်ပြီး အမေရိကန်နဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်း ၆ ခုရဲ့ ဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

မစ္စ Fore ဟာ စီးပွါးရေးဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ ကျန်းမာရေး အပြင် လူသားချင်းစာနာမှု အထောက်အကူနဲ့ ကာကွယ်စောင့်ရှောက်မှု အလိုအပ်ဆုံးသူတွေအတွက် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ကူညီရေး ကိစ္စရပ်တွေကို နှစ်ပေါင်း ၄၀ ကျော်လုပ်ဆောင်ခဲ့သူဖြစ်ကြောင် ကုလသမဂ္ဂကရော အမေရိကန် နိုင်ငံခြားရေးဌာနကပါ ပြောကြားခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဌာနကတော့ အခုလို ကုလသမဂ္ဂက သူမကို တာဝန်ပေးအပ်မှု အတွက် ဂုဏ်ယူကြောင်း ပြောပါတယ်။

UNICEF အကြီးကဲသစ် ကုလခန့်အပ်
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG