ရီပတ်ဗလစ်ကန်ပါတီ သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေတဲ့ Herman Cain ဟာ အမျိုးသမီး လေးယောက်အပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ နှောက်ယှက်ခဲ့ဘူးတယ်ဆိုတဲ့ စွတ်စွဲချက်တွေ ထွက်နေပါတယ်။ Herman Cain ကို ရီပတ်ဗလစ်ကန်ပါတီထဲမှာ လူကြိုက်များနေတုန်းပဲလို့ စစ်တမ်းတွေမှာ ဖေါ်ပြပေမယ့် အမျိုးသမီးတွေရဲ့ စွတ်စွဲချက်တွေက သူ့ရဲ့ မဲဆွယ်စည်းရုံးမှုအပေါ် အကြီးအကျယ် ရိုက်ခတ်နေပါတယ်။ ဒီအကြောင်းတွေအပြင် ရီပတ်ဗလစ်ကန်နဲ့ ဒီမိုကရက်အကြား ရသုံးလိုငွေကွာဟချက်လျော့ချနိုင်ရေးနဲ့ အသုံးစရိတ်ဖြတ်တောက်ရေး ဆွေးနွေးမှုတွေအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဦးဝင်းဖေတို့ ဆွေးနွေးတင်ပြထားပါတယ်။