သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပါပလစ်ကန် သမ္မတလောင်း Cain မဲဆွယ်မှုရပ်ဆိုင်း


Tổng thống Obama tiếp đón Tổng thống  Thein Sein tại Phòng Bầu Dục, nơi làm việc của tổng thống tại Tòa Bạch Ốc. Gần 47 năm mới có một nguyên thủ quốc gia Miến Điện thăm Washington.
Tổng thống Obama tiếp đón Tổng thống  Thein Sein tại Phòng Bầu Dục, nơi làm việc của tổng thống tại Tòa Bạch Ốc. Gần 47 năm mới có một nguyên thủ quốc gia Miến Điện thăm Washington.

လိင်ကိစ္စအရှုပ်တွေနဲ့ အိမ်ထောင်ရေး ဖောက်ပြားတာတွေ ရှိတယ်လို့ စွပ်စွဲခံရပြီးတဲ့နောက် အမေရိကန် ရီပါဘလီကန်ပါတီ သမ္မတလောင်း စီးပွားရေးလုပ်ငန်းရှင် ဟာမန် ကိန်း (Herman Cain) ဟာ သူ့ရဲ့ မဲဆွယ်စည်းရုံးရေး အလုပ်တွေကို ရပ်ဆိုင်းလိုက်ပါတယ်။

မစ္စတာ ကိန်း က ဆက်လက် ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်းကို သူနေထိုင်ရာ ဂျော်ဂျီယာပြည်နယ် မြို့တော် အတ္တလန်တာ (Atlanta) မြို့ မှာ စနေနေ့က ကြေညာခဲ့တာပါ။

သူ့အပေါ် စွပ်စွဲထားချက်တွေက လွဲမှားနေပြီး သက်သေမပြသနိုင်ဘူးလို့ သူက ထောက်ခံသူတွေကို ပြောပါတယ်။ ဒီစွပ်စွဲချက်တွေကြောင့် သူ့ဇနီးနဲ့ မိသားစု ခံစားခဲ့ရပြီး အမေရိကန်ပြည်သူလူထုအတွက် ပြဿနာတွေကို ဘယ်လို ဖြေရှင်းနိုင်တယ်လို့ သူ မဲဆွယ်တင်ပြနေတာကို အနှောင့်အယှက်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ မစ္စတာ ကိန်းရဲ့ ဇနီးလည်း ခုလို ပြောဆိုနေတဲ့အချိန်မှာ စင်ပေါ်မှာ ရှိနေပါတယ်။

စက်တင်ဘာနဲ့ အောက်တိုဘာလတွေ မှာ ယခင် ပီဇာ အစားအသောက် လုပ်ငန်းရှင် မစ္စတာ ကိန်းဟာ ရီပါဘလီကန် သမ္မတလောင်းတွေထဲမှာ စစ်တမ်းတွေအရ လူကြိုက်အများဆုံး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတော်တော်များများက သူတို့ကို မစ္စတာ ကိန်းက လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုခဲ့ပါတယ်လို့ စွပ်စွဲခဲ့ကြပြီးတဲ့နောက် စစ်တမ်းတွေမှာ လူကြိုက်နည်းသွားခဲ့ပါတယ်။

မကြာသေးခင်ကတော့ ဂျော်ဂျီယာပြည်နယ်ကပဲ အမျိုးသမီးတစ်ယောက်က မစ္စတာ ကိန်းနဲ့ ဖောက်ပြားခဲ့ကြတာ ၁၃ နှစ် ရှိခဲ့ပါတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မဲဆွယ်စည်းရုံးတာတွေကို ရပ်ဖို့ ဆုံးဖြတ်လိုက်ပေမဲ့ သူ့အသံကတော့ တိတ်ဆိတ်သွားမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

XS
SM
MD
LG