သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကားမှာ သေနတ်ကြောင့်သေသူထက် ဘိန်းဖြူကြောင့်သေသူပိုများ


အမေရိကန်ပြည်ထောင်စုအတွင်း ဟီရိုးအင်းဆန့်ကျင်လှုပ်ရှားမှုတခုမြင်ကွင်း။
အမေရိကန်ပြည်ထောင်စုအတွင်း ဟီရိုးအင်းဆန့်ကျင်လှုပ်ရှားမှုတခုမြင်ကွင်း။

ကြာသပတေးနေ့က ထုတ်ပြန်တဲ့ အစိုးရရဲ့ ကိန်းဂဏန်း အချက်အလက် အသစ်တွေအရ ၂၀၁၅ ခုနှစ်အတွင်း ဘိန်းဖြူအလွန်အကျွံ သုံးစွဲမှုကြောင့် သေဆုံးတဲ့အမေရိကန် ဦးရေဟာ သေနတ် ပစ်ခတ်မှုကြောင့် သေဆုံးရတဲ့ အရေအတွက်ထက် ကျော်လွန်နေတာကို ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ တွေ့ရပါတယ်။

ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန ကထုတ်ပြန်တဲ့ စာရင်းအချက်အလက်အရ ၂၀၁၅ ခုနှစ်အတွင်းမှာ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက် (၁၂ ၉၇၉) အထိတိုးလာနေသလိုပဲ ဘိန်းဖြူအလွန်အကျွံ သုံးစွဲမှုကြောင့် လည်း သေဆုံးမှုနှုန်းဟာ ၂၃ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားတာကိုတွေ့ရပြီး၊ (၁၂ ၉၈၉) အထိရှိခဲ့ပါတယ်။

ဒီသေဆုံးမှုကိန်းဂဏန်း အရေအတွက်တွေဟာ - နှစ်စဉ်ထုတ်ပြန်တဲ့ လူသေစာရင်း အစီရင်ခံစာထဲမှာ ဖော်ပြထားတာဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်တုန်းက ဘိန်းကို အခြေခံပြီးလုပ်တဲ့ မူးယစ်ဆေး အလွန်အကျွံသုံးစွဲမှုတွေကြောင့် သေဆုံးသူ ရှစ်ထောင်ကျော်ရှိခဲ့ရာကနေ ၂၀၁၅ ခုနှစ်အထိ သေဆုံးသူအရေအတွက်ဟာ သုံးသောင်း သုံးထောင် ကျော်အထိ များလာတာကြောင့် ၁၆ နှစ်အတွင်း သေဆုံးသူ ရာနှုန်း ၃၀၀ နီးပါးရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG