သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hezbollah တိုက်ခိုက်မှု အစ္စရေး ၁၁ ယောက်ဒဏ်ရာရ

Hezbollah တိုက်ခိုက်မှု တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတဲ့ အစ္စရေးနိုင်ငံ Tira မြို့အတွင်းရှိ အဆောက်အဦးအချို့ (Photo by JACK GUEZ / AFP)
Hezbollah တိုက်ခိုက်မှု တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားတဲ့ အစ္စရေးနိုင်ငံ Tira မြို့အတွင်းရှိ အဆောက်အဦးအချို့ (Photo by JACK GUEZ / AFP)

အစ္စရေးနိုင်ငံ အလယ်ပိုင်းမြို့တမြို့အပေါ် ဒီနေ့ စနေနေ့ မနက်အစောပိုင်းက လက်ဘနွန်ဘက်ကနေ တရစပ်တိုက်ခိုက်မှုအတွင်း ၁၁ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ မနက်လင်းအားကြီးအချိန်မှာ Tira မြို့ တိုက်ခိုက်ခံရတာပါ။ မြို့ထဲက အဆောက်အဦးတခု တိုက်ရိုက်ထိမှန်လို့ လွင့်စင်လာတဲ့ အချွန်တွေ မှန်ကွဲစတွေကြောင့် ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အရေးပေါ်ဌာနက ပြောပါတယ်။

လက်ဘနွန်ဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တော်တော်များများကို အစ္စရေး လေကြောင်းရန် ကာကွယ်ရေးက ကြားဖြတ်ဖျက်ဆီးခဲ့ပေမဲ့ တချို့ကတော့ လူနေသိပ်မထူထပ်တဲ့ နေရာတွေကို ကျရောက်ခဲ့ပါတယ်။

Tel Aviv မြို့စွန်မှာရှိတဲ့ အစ္စရေးတပ် ၈၂၀၀ အခြေစိုက်စခန်းကို Missile ဒုံးတွေနဲ့ ပစ်ခတ်ခဲ့သလို အစ္စရေးနိုင်ငံ အလယ်ပိုင်းက လေတပ်စခန်းကို ဖေါက်ခွဲရေး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ Hezbollah အဖွဲ့က ပြောကြားခဲ့ပါတယ်။ သူတို့ရဲ့ ပစ်မှတ်အတိအကျကို ထိမှန်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။ အစ္စရေးစစ်တပ်ဘက်ကတော့ သူတို့တပ်စခန်းတွေ ပစ်မှတ်ထားခံရတာကို အတည်မပြုသလို ထိမှန်တယ်လို့လည်း အတည်မပြုပါဘူး။

တချိန်ထဲမှာ အစ္စရေး၊ အစ္စရေး မဟာမိတ် အမေရိကန်နဲ့ ဒေသတွင်းက အစ္စရေးကို ထောက်ခံတဲ့ အုပ်စုတွေအပေါ် လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ အီရန်ဘာသာရေးခေါင်းဆောင်ကြီး Ayatollah Ali Khamenei ဒီကနေ့ ပြောကြားခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG