သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီယား သဘောတူညီမှုအလွန် အီရန်ထောက်ခံမှု Hezbollah ဆက်လက်ရရှိ


ဟဇ်ဘိုလာခေါင်းဆောင် Sheikh Hassan Nasrallah (ဇူလိုင် ၂၅၊ ၂၀၁၅)
ဟဇ်ဘိုလာခေါင်းဆောင် Sheikh Hassan Nasrallah (ဇူလိုင် ၂၅၊ ၂၀၁၅)

ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ နျူကလီယားသဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပေမဲ့ အီရန်နိုင်ငံကနေ အားပေးထောက်ခံမှုတွေ ဆက်လက်ရရှိနိုင်တဲ့အကြောင်း လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာစစ်သွေးကြွအုပ်စုက ပြောဆိုလိုက်ပါတယ်။

အီရန်နိုင်ငံက မဟာမိတ်တွေနဲ့ ဆက်ဆံရေးမှာ သဘောတရားရေးကိုသာ အခြေခံအားဖြင့် ဦးစားပေးပြီး နိုင်ငံရေးအကျိုးအမြတ်ကို ရှေ့တန်းတင်လေ့ မရှိတဲ့အကြောင်း ဟဇ်ဘိုလာအဖွဲ့ အကြီးအကဲ ဟာဆန် နတ်စ် ရာ လာ (Hassan Nasrallah) က ထောက်ခံသူတွေကို စနေနေ့ကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အီရန်ဟာဆိုရင် အနောက်အုပ်စုနိုင်ငံတွေကို ခြိမ်းခြောက်ပြီး အစ္စရေးလ်နိုင်ငံ ပျက်သုဉ်းရေး လုပ်ဆောင်နေတဲ့ အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်က သတ်မှတ်ထားတဲ့ ဟဇ်ဘိုလာအဖွဲ့ကို အဓိက ကျောထောက်နောက်ခံပေးပြီး လက်နက်တွေ ထောက်ပံ့နေတာပါ။

ဟဇ်ဘိုလာတပ်ဖွဲ့ဝင်တွေဟာ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ် ရဲ့ စစ်တပ်ကို ကူညီဖို့လည်း ဆီးရီးယားနိုင်ငံတွင်းမှာ ရောက်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ ဆီးရီးယားနိုင်ငံမှာ သမ္မတအာဆတ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဆင်ရေးတွေကို အားပေးကူညီ နေသူတွေအဖြစ် ဟဇ်ဘိုလာခေါင်းဆောင် ၃ ဦးနဲ့ လက်ဘနွန် စီးပွားရေးလုပ်ငန်းရှင် ၁ ဦးကို ဒီသီတင်းပတ်ထဲမှာပဲ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပါတယ်။

အမေရိကန် အပါအဝင် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်အကြား နျူကလီယား သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်နိုင်ပေမဲ့လို့ ဟဇ်ဘိုလာ၊ ဆီးရီးယားအစိုးရနဲ့ ယီမင်မှာရှိတဲ့ ဟူသီသူပုန်တွေရဲ့ လှုပ်ရှားမှုတွေအပေါ် အီရန်က ထောက်ခံပေးနေတဲ့အပေါ်မှာတော့ စိုးရိမ်မှုတွေ ရှိနေတယ်လို့လည်း သမ္မတ ဘရက် အိုဘားမား အစိုးရက ပြောဆိုထားပါတယ်။

XS
SM
MD
LG