သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hezbollah အဖွဲ့ ထိပ်တန်းတပ်မှူး အသတ်ခံရ


ဟက်ဇ်ဘိုလာ အစ္စလာမ်စစ်သွေးကြွအဖွဲ့ရဲ့ ထိပ်တန်းတပ်မှူး Mustafa Badreddine
ဟက်ဇ်ဘိုလာ အစ္စလာမ်စစ်သွေးကြွအဖွဲ့ရဲ့ ထိပ်တန်းတပ်မှူး Mustafa Badreddine

ဟက်ဇ်ဘိုလာ အစ္စလာမ်စစ်သွေးကြွအဖွဲ့ရဲ့ ထိပ်တန်းတပ်မှူး Mustafa Badreddine ဟာ ဆီးရီးယားမှာ အသတ်ခံလိုက်ရပြီလို့ ဟက်ဇ်ဘိုလာအဖွဲ့က ပြောပါတယ်။ အသက် ၅၅ နှစ်အရွယ် Badreddine ဟာ အစ္စရေးလ် လေကြောင်း တိုက်ခိုက်မှု တခုမှာ သေဆုံးသွားတာလို့ လက်ဘနွန်အခြေ စိုက် ဟက်ဇ်ဘိုလာအဖွဲ့က ဘေရွတ် ရုပ်သံသတင်းဌာနတခုကနေ ဒီကနေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အစ္စရေးလ်ဘက်က ချက်ခြင်းအတည်ပြုချက် ထွက်မလာသေးပါဘူး။ Badreddine ဟာ ၂၀၀၈ ခုနှစ်ကတည်းက ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ တပ်မှူးဖြစ်လာတာပါ။

လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း Rafik Hariri နဲ့ တခြားလူ ၂၁ ယောက်ကို ၂၀၀၅ ခုနှစ်က လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုနဲ့ သူ အပါအဝင် လူလေးယောက်ကို မျက်ကွယ်မှာ စွပ်စွဲထားပါတယ်။ အဲဒီအမှုကို နယ်သလန်နိုင်ငံ၊ The Hague မြို့မှာ ၂၀၁၄ ခုနှစ် က စတင်စစ်ဆေးခဲ့ပြီး အခုချိန်ထိ စစ်ဆေးနေဆဲပါပဲ။

အဲဒီ လုပ်ကြံသတ်ဖြတ်မှုမှာ သူတို့မပါဘူးလို့ ဟက်ဇ်ဘိုလာအဖွဲ့က ငြင်းထားပါတယ်။

၁၉၈၃ ခုနှစ်က ဗုံးခွဲတိုက်ခိုက်မှုတွေမှာ သူပါဝင်ခဲ့တဲ့ အခန်းကဏ္ဍအတွက်လည်း Badreddine ကို ကူဝိတ်မှာ သေဒဏ်ချထား တာပါ။ ဆက်ဒမ် ဟူစိန်လက်ထက် ၁၉၉၀ ပြည့်နှစ်က ကူဝိတ်ကို အီရတ်က ကျူးကျော် တိုက်ခိုက်ပြီးတဲ့နောက် ကူဝိတ် အကျဉ်း ထောင်ကနေ Badreddine ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။

Hezbollah အဖွဲ့ ထိပ်တန်းတပ်မှူး အသတ်ခံရ
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG