သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း- မြန်မာ- လာအို အဝေးပြေးလမ်း တိုးချဲ့မှု ပြီးစီး


ထိုင်း- မြန်မာ- လာအို အဝေးပြေးလမ်း တိုးချဲ့မှု ပြီးစီးကြောင်းသတင်းဖော်ပြချက်၊ ဂျွန် ၇၊ ၂၀၂၃
ထိုင်း- မြန်မာ- လာအို အဝေးပြေးလမ်း တိုးချဲ့မှု ပြီးစီးကြောင်းသတင်းဖော်ပြချက်၊ ဂျွန် ၇၊ ၂၀၂၃

ထိုင်းနိုင်ငံမှာဖေါက်လုပ်ထားတဲ့ ထိုင်း၊ မြန်မာ၊ လာအို ၃ နိုင်ငံဆက်သွယ်တဲ့ အဝေးပြေးလမ်း အမှတ် ၁၂ တိုးချဲ့တည်ဆေ ာက်နေတာပြီးစီးသွားပြီလို့ ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က ဗုဒ္ဓဟူးနေ့ကပြောဆိုလိုက်ပါ တယ်။

ဒီအဝေးပြေးလမ်းပြီးစီးသွားတဲ့အတွက် နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်း တွေတိုးတက်လာဖို့ အထောက်အကူပြုမှာဖြစ်တယ်လို့ထိုင်းအစိုးရကယုံကြည်ထားပါတယ်။

ဒီအဝေးပြေးကားလမ်းဟာ မြန်မာနိုင်ငံကနေ ဗီယက်နမ်းအထိဆက်သွယ်ထားတဲ့ မိုင် ၁၀၀၀ နီးပါးရှည်တဲ့ အရှေ့ အနောက်စီးပွားရေးစင်္ကြန်လမ်း EWEC ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံအပိုင်းမှာတော့ မိုင်ပေါင်း ၄၉၂ မိုင်ဖြတ်သန်း သွားပါတယ်။ ဒီအဝေးပြေးလမ်းဟာ မြန်မာနိုင်ငံ ကပ္ပလီပင်လယ်ကနေ အရှေ့ဖက်ပင်လယ်ကို ဆက်သွယ်တဲ့လမ်း လည်းဖြစ်ပါတယ်။

အရှေ့အနောက်စီးပွားရေးစင်္ကြန်လမ်းပြီး စီးသွားရင်နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးဟာ ၅၀ ရာခိုင်နှုန်းလောက်တိုး တက်သွားမှာဖြစ်တယ်လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီးကပြောဆိုပါတယ်။

အခုပြီးစီးသွားတဲ့ ထိုင်းနိုင်ငံဖက်ကအဝေးပြေးလမ်းကတော့ မြန်မာနိုင်ငံ မြဝတီနဲ့ -ထိုင်းနိုင်ငံ မဲဆောက် မြို့တို့အကြား ဆက်သွယ်ထားတဲ့ အမှတ် ၂ ချစ်ကြည်ရေး တံတားကနေ၊ စတင်ပြီး၊ ဆူကိုထိုင်း၊ ပိန်းစနလုတ်စတဲ့ပြည်နယ်တွေအပါ အဝင်ပြည်နယ် ၇ ခုလောက်ကို ဖြတ်သန်းသွားမှာဖြစ်ပါတယ်။ နောက်ဆုံး Mukdahan မွတ်ဒဟန်ပြည်နယ်ကနေတဆင့် ထိုင်း-လာအို ချစ်ကြည်ရေးတံတားကိုရောက်မှာဖြစ်ပါတယ်။

ဒီနိုင်ငံဖြတ်ကျော်ဆက်သွယ်တဲ့အဝေးပြေးလမ်းကြောင့် ထိုင်းနိုင်ငံ မွတ်ဒဟန်ပြည်နယ်ထဲက အထူးစီးပွားရေးဇုံလည်းတိုး တက်လာမှာဖြစ်တယ်လို့ထိုင်းတာဝန်ရှိသူတွေကပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG