သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလုံခြုံရေးကြောင့် ကလင်တန် အီမေးလ်အချို့ ထုတ်ပြန်မည်မဟုတ်


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်ရဲ့ နေအိမ်မှာတပ်ဆင်ထားတဲ့ ကွန်ပြူတာဆာဗာထဲမှာ ထိပ်တန်း လျှို့ဝှက်အချက်အလက်တွေပါတဲ့ အီးမေးလ်တွေ အများအပြားရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အဲဒီ အီးမေးလ်တွေကို အများပြည်သူသိအောင် မထုတ်ပြန်ဘဲ ထိန်းထားမယ်လို့ ဆိုပါတယ်။

အီးမေးလ်အဆက်အသွယ် ခုနစ်ခု ဒါမှမဟုတ် အနည်းငယ်ကို ထောက်လှမ်းရေးဌာနတွေရဲ့ ပန်ကြားချက်အရ ထိန်းထားမှာ ဖြစ်ကြောင်း၊ နည်းပညာပိုင်းနဲ့ဆိုင်တာ၊ အကြောင်းအရာတွေက ဘာတွေ၊ သူ့ရဲ့ ကိုယ်ပိုင်ဆာဗာနဲ့ပတ်သက်လို့ ဘာဖြစ်မယ် မဖြစ် ဘူးဆိုတာတွေကို မပြောနိုင်ကြောင်း၊ ဒါက မိမိတို့ရဲ့အလုပ် မဟုတ်ပါဘူးလို့ လက်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ ကပြောပါတယ်။

လက်ရှိမှာ သမ္မတရွေးကောက်ပွဲဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ဟီလာရီ ကလင်တန် နိုင်ငံခြားရေးဝန်ကြီးတာဝန် ယူထားချိန်တုန်းက ကိုယ်ပိုင် ကွန်ပြူတာဆာဗာကိုသုံးပြီး အီးမေးလ်တွေပို့ခဲ့တဲ့ကိစ္စကြောင့် ဆန်းစစ်ခံနေရတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

Iowa Caucus ပါတီတွင်း အကြိုရွေးချယ်ပွဲလုပ်ဖို့ သုံးရက်အလိုမှာပဲ အီးမေးလ်နဲ့ပတ်သက်တဲ့ အခုနောက်ဆုံး အခြေအနေ ထွက် လာတာပါ။ Iowa Caucus ဟာ ပါတီကိုယ်စားပြု သမ္မတလောင်းကိုရွေးချယ်မယ့် မဲပေးပွဲတွေမှာ ပထမဆုံးဖြစ်ပါတယ်။ အီးမေးလ်အရှုပ်တော်ပုံက အကြိုရွေးချယ်ပွဲရလာဒ်တွေအပေါ် သက်ရောက်မှုရှိမလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

XS
SM
MD
LG