သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နှင့် Clinton ရွေးချယ်ခံရဖို့ ပိုနီးစပ်လာ


Dem 2016 Debate
Dem 2016 Debate

အမေရိကန်နိုင်ငံရေးစစ်တမ်းတွေအရ သမ္မတလောင်း ရွေးချယ်မှုတွေမှာ ပါတီကြီး ၂ ခုစလုံးမှာ ရှေ့ကနေပြေးနေတဲ့ ကိုယ်စားလှယ်လောင်းတွေဖြစ်ကြတဲ့ ရီပတ်ဘလီကန် ပါတီက Donald Trump နဲ့ ဒီမိုကရက်ပါတီက Hillary Clinton တို့ ၂ ဦးဟာ ဒီကနေ့ ပြည်နယ်ပေါင်း ၅ ခုမှာ ကျင်းပမယ့် ရွေးချယ်မှုတွေမှာ အနိုင်ရဖို့ အလားအလာရှိနေတဲ့ အတွက် သူတို့ပါတီအသီးသီးကို ကိုယ်စားပြု ယှဉ်ပြိုင်နိုင်မယ့် သမ္မတကိုယ်စားလှယ်လောင်းတွေဖြစ်လာဖို့ ပိုမိုနီးစပ်လာနေပြီလို့ ဆိုပါတယ်။

တနင်္လာနေ့က ထွက်ပေါ်လာတဲ့ လူထုစစ်တမ်းတွေအရ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလီယံနာသူဌေးကြီးလည်းဖြစ်၊ ရွေးကောက်တင်မြောက်ခံရတဲ့ ရုံးတွေမှာ တာဝန်ထမ်းဆောင်ဘူးခြင်းလည်း မရှိသေးသူ Donald Trump ဟာ တိုင်းပြည်အရှေ့တောင်ပိုင်းက အရေးပါတဲ့ ပြည်နယ်တခုဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်မှာ သိသိသာသာ အသာစီး ရနေတယ်လို့ ဆိုပါတယ်။

အဲဒီ ပြည်နယ်အတွင်း Trump ဟာ သူ့ရဲ့ အနီးစပ်ဆုံးပြိုင်ဖက်ဖြစ်တဲ့ အထက်လွတ်တော်အမတ် Marco Rubio ကို အလွယ်တကူ အနိုင်ရနိုင်တဲ့ အနေအထားမှာ ရှိနေပြီး ကျန်ပြိုင်ဖက်တွေဖြစ်ကြတဲ့ Texas ပြည်နယ်အထက်လွတ်တော်အမတ် Ted Cruz နဲ့ Ohio ပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich တို့ထက်လည်း သိသာစွာ အသာစီး ရနေတာ ဖြစ်ပါတယ်။

ဒီမိုကရက်ပါတီဖက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton က အင်္ဂါနေ့ကျင်းပမယ့် ပါတီတွင်း ရွေးချယ်မှုတွေမှာ ပြိုင်ဖက် အထက်လွတ်တော်အမတ် Bernie Sanders ထက် အသားစီး ရနေတယ်လို့ လူထုစစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG