သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီး ကလင်တန် အာဆီယံ အစည်းအဝေး တက်မည်

၀န်ကြီး ကလင်တန် အာဆီယံ အစည်းအဝေး တက်မည်
၀န်ကြီး ကလင်တန် အာဆီယံ အစည်းအဝေး တက်မည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ အခုလကုန်ပိုင်းမှာ ဟောင်ကောင်နဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို ခရီးထွက်ပါလိမ့်မယ်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ဇူလိုင်လ ၂၁ ရက်နေ့မှာ ဝန်ကြီး ကလင်တန် ရောက်လာလိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

အာဆီယံ နိုင်ငံတွေနဲ့ အမေရိကန်အကြား မဟာဗျူဟာမြောက် စေ့စပ်မှုတွေလုပ်ဖို့ ကတိကဝတ်တွေ ရှိထားတဲ့အတိုင်း ဆောင်ရွက်ရေး ဒီနှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားကနေ ဝန်ကြီး ကလင်တန် ဟောင်ကောင်ကို ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ အာရှ၊ ပစိဖိတ် ဒေသတွင်း အမေရိကန်ရဲ့ စီးပွားရေးဆိုင်ရာ ဦးဆောင်မှုနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောဖို့ ရှိပါတယ်။ အဲဒီနိုင်ငံတွေကို မသွားခင် ဝန်ကြီး ကလင်တန်ဟာ အိန္ဒိယ၊ ဂရိနဲ့ တူရကီ နိုင်ငံတွေကို ခရီးထွက်ပါလိမ့်မယ်။

This item is part of
XS
SM
MD
LG