သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုကူးခံရသူ ကမ္ဘောဒီးယား အမျိုးသမီးတွေကို ဝန်ကြီး ကလင်တန် တွေ့ဆုံ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကမ္ဘောဒီးယားရှိ လူကုန်ကူးခံရသည့် အမျိုးသမီးများ ပြန်လည်ထူထောင်ရေးစင်တာသို့ သွားရောက်စဉ်။ အောက်တိုဘာ ၃၁၊ ၂၀၁၀။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကမ္ဘောဒီးယားရှိ လူကုန်ကူးခံရသည့် အမျိုးသမီးများ ပြန်လည်ထူထောင်ရေးစင်တာသို့ သွားရောက်စဉ်။ အောက်တိုဘာ ၃၁၊ ၂၀၁၀။

သီတင်း ၂ ပတ်ကြာ အာရှခရီး ထွက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ဟာ ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်းမှာ လူကုန်ကူး ခံခဲ့ရသူတွေကို တွေ့ဆုံခဲ့ပါတယ်။

ဆီယမ် ရိပ် (Siem Reap) မြို့မှာရှိတဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရ၊ အဓမ္မ ပြုကျင့်ခံရ၊ အိမ်တွင်း အကြမ်းဖက် အနိုင်ကျင့်ခံရတဲ့ မိန်းကလေးငယ်တွေ၊ အမျိုးသမီးငယ်တွေအတွက် အမေရိကန်က ဖွင့်ပေးထားတဲ့ ပြန်လည်ထူထောင်ရေး စင်တာကို ဝန်ကြီး ကလင်တန် တနင်္ဂနွေနေ့က သွားရောက်ခဲ့တာပါ။

အနိုင်ကျင့် အမြတ်ထုတ် ခံခဲ့ရတဲ့ အမျိုးသမီးတွေအတွက် စင်တာမှာ စီစဉ်ပေးထားတဲ့ အင်္ဂလိပ်စာ သင်ကြားရေးနဲ့ ယက္ကန်းယက်၊ အထည်ချုပ် စတဲ့ အသက်မွေးဝမ်းကျောင်း ပညာ အစီအစဉ်တွေကို အမေရိကန် အစိုးရက ဆက်ပြီး ထောက်ပံ့ ကူညီသွားမယ်လို့ ပြောပါတယ်။

အဲဒီနောက်မှာတော့ ဝန်ကြီး ကလင်တန်ဟာ ကုလသမဂ္ဂ UNESCO က ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် ထိန်းသိမ်းထားတဲ့ အန်ကောဝပ် (Angkor Wat) ဘုရားကျောင်းတော်ကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။

ဒီကနေ့ တနင်္လာနေ့မှာတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ဖနွမ်းပင်မြို့တော်မှာ အစိုးရ ခေါင်းဆောင်တွေ၊ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

XS
SM
MD
LG