သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီးမေးလ်လမ်းညွှန် ဟီလာရီ မလိုက်နာ


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် အပါအဝင် နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့သူ တော်တော်များများဟာ ရုံးလုပ်ငန်း အတွက် ကိုယ်ပိုင်အီးမေးလ်တွေကို အသုံးပြုခဲ့ကြပြီး၊ လုံခြုံရေးစည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့ကြောင်း - နိုင်ငံခြားရေးဝန်ကြီးဌာန စစ်ဆေးရေးအရာရှိချုပ်ရဲ့ ပေါက်ကြားခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာကို ကြာသပတေးနေ့ကျမှ ထုတ်ပြန်ဖို့ စီစဉ်ခဲ့ပေမဲ့ - ကြိုတင်ပေါက်ကြားခဲ့တဲ့အတွက် သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားနိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့မှာပဲ ကပျာကယာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ရတာပါ။

ဝန်ကြီးဟောင်း ကလင်တန်ဟာ အလုပ်ကိစ္စအတွက် ကိုယ်ပိုင်အီးမေးလ်ကို အသုံးပြုဖို့ ခွင့်ပြုချက် တောင်းခံခဲ့တဲ့ အထောက်အထား မတွေ့ရသလို၊ ခွင့်ပြုချက်တောင်းခံရမယ့် တာဝန်ရှိတယ်လို့လည်း စုံစမ်းစစ်ဆေးမှုတွေမှာ တွေ့ရှိခဲ့တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတွေက ပြောဆိုပါတယ်။

ခွင့်ပြုချက်ပေးထားတဲ့ အီးမေးလ်စနစ်ကသာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ဆိုက်ဘာအင်တာနက် ဖောက်ထွင်းသူတွေ တိုက်ခိုက်လာမယ့် အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့ အခွင့်အလမ်း ပိုများတယ်လို့လည်း ဆိုပါတယ်။

ဝန်ကြီးဟောင်း ကလင်တန်အနေနဲ့ ခွင့်ပြုချက် ဘာကြောင့်မယူခဲ့သလဲ ဆိုတဲ့အပေါ်မှာတော့ အစီရင်ခံစာက တစုံတရာ ကောက်ချက်ပေး ဖော်ပြတာမျိုး မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း လုံခြုံရေးအတွက် ညွှန်ကြားချက်တွေအတိုင်း လိုက်နာသ၍ ကိုယ်ပိုင်အီးမေးလ်အသုံးပြုခွင့်ကို ကန့်သတ်တာ မျိုး မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG