သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟီလာရီကလင်တန် သမ္မတဝင်အရွေးခံဖို့ ကြေညာဖွယ်ရှိ


၂၀၁၆ သမ္မတလောင်းအဖြစ် ရည်မှန်းထားချက် ကြေညာဖွယ်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ သမ္မတဟောင်းကတော် ဟီလာရီကလင်တန်။
၂၀၁၆ သမ္မတလောင်းအဖြစ် ရည်မှန်းထားချက် ကြေညာဖွယ်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ သမ္မတဟောင်းကတော် ဟီလာရီကလင်တန်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က လာမယ့် ၂ဝ၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုတဲ့ သူမရဲ့ ရည်မှန်းထားချက်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ကြေညာဖွယ်ရှိနေပါတယ်။

ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း အဆိုပြုခံရရေးအတွက် စည်းရုံးလှုပ်ရှားမှုကို လူမှုကွန်ယက်မီဒီယာတွေပေါ်မှာ ဗွီဒီယိုတင်ပြီး ကြေညာလိမ့်မယ်လို့ သူမနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက မီဒီယာတွေကို ပြောဆိုထားပါတယ်။ ဟီလာရီကလင်တန်ရဲ့ အခု ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် အရေးဟာ ဒုတိယအကြိမ်လည်း ဖြစ်ပါတယ်။ ၂ဝဝ၈ ခုနှစ်တုန်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့စဉ်တုန်းကတော့ ဒီမိုကရက်တစ်ပါတီက ဘရက်ခ် အိုဘားမားကို ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးချယ်ခဲ့ပြီး မစ္စ် ကလင်တန် ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ မစ္စ ကလင်တန်ဟာ ပါတီရဲ့အများစု ထောက်ခံမှု ရလိမ့်မယ်လို့လည်း ထင်ကြေးပေးခံထားရပါတယ်။

လတ်တလော ကောက်ခံထားတဲ့ Gallup စစ်တမ်းအရလည်း ဝန်ကြီးဟောင်း ကလင်တန်ကို ထောက်ခံသူ ၄၈ ရာခိုင်နှုန်း ရှိပြီး ၄၂ ရာခိုင်နှုန်းကတော့ မထောက်ခံဘူးလို့ ဖော်ပြထားပါတယ်။ တကယ်လို့ လာမယ့် ၂ဝ၁၆ ရွေးကောက်ပွဲမှာသာ ရွေးကောက်ခံခဲ့ရရင်တော့ သမ္မတကတော်ဟောင်း ဟီလာရီ ကလင်တန်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာမှာပါရှင်။

XS
SM
MD
LG