သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hillary Clinton မဲဆွယ်မှုပြန်စ


အမေရိကန်ပြည်ထောင်စုက ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်ဟာ နမိုးနီးယားအဆုတ်ရောင်ဝေဒနာကြောင့် ၃ ရက်ကြာ အနားယူခဲ့ရပြီး အခုအခါ ပြန်လည်သက်သာလာပြီဖြစ်တဲ့အတွက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ ပြန်စနေပြီဖြစ်ပေမဲ့ - ပြိုင်ဘက် ရီပတ်ဘလစ်ပါတီ သမ္မတလောင်း Donald Trump ကတော့ သူ့ရဲ့ ကျန်းမာရေးအရ ခံနိုင်ရည်စွမ်းအားအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။

သမ္မတလောင်း ကလင်တန် ကတော့ - ကိုယ်စားလှယ်လောင်း ၂ ဦးစလုံး မကြာခဏ မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့ကြပြီး၊ ထောက်ခံမှုတွေရဖို့ အပြိုင်အဆိုင်စည်းရုံးနေရတဲ့ North Carolina ပြည်နယ်မှာ ကြာသပတေးနေ့က စည်းရုံးရေးထွက်ခဲ့တာပါ။

ဒီနောက်မှာတော့ သူ့အပေါ် အခိုင်အမာ ထောက်ခံသူတဦးဖြစ်တဲ့ သမ္မတ ဘရက်ခ် အိုဘားမားနဲ့အတူ ဝါရှင်တန်မှာ ကျင်းပတဲ့ Hispanic ခေါင်းဆောင်များ ညစာစားပွဲမှာ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း Donald Trump ကတော့ အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းက အကြိတ်အနယ် မဲဆွယ်စည်းရုံးရမယ့် New Hampshire ပြည်နယ်ကို မထွက်ခွာခင် - New York စီးပွားရေးကလပ်မှာ မိန့်ခွန်းပြောကြားခဲ့တာပါ။

နယူးယောက်မှာ တနင်္ဂနွေနေ့က ရုတ်တရက် နေမကောင်းဖြစ်ခဲ့တဲ့ပြီးနောက် - အခုအခါ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ပြန်လည်စတင်နေတဲ့ ကလင်တန် ဟာ နမိုးနီးယားအဆုတ်ရောင်ရောဂါကနေ ကောင်းကောင်း ပြန်နာလန်ထူလာပြီး၊ အမေရိကန် ပြည်ထောင်စုရဲ့ သမ္မတအဖြစ် အမှုထမ်းနိုင်တဲ့ ကျန်းမာရေး အခြေအနေမှာ ရှိတယ်လို့လည်း သူ့ဆရာဝန်က ပြောဆိုခဲ့ပါတယ်။

Trump ရဲ့ မဲဆွယ်ပွဲတာဝန်ခံတွေကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က ရီပတ်ဘလစ်ကန် သမ္မတလောင်းရဲ့ ကျန်းမာရေး စစ်ဆေးချက် ရလဒ်တွေကို ထုတ်ဖော်ပြသပြီး၊ Trump ကသာ အမေရိကန်သမ္မတအဖြစ် အမှုထမ်းနိုင်မယ့် ကြံ့ခိုင်မှုရှိတဲ့သဘောမျိုး ပြောဆိုခဲ့ပါတယ်။

Hillary Clinton မဲဆွယ်မှုပြန်စ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG