သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BJPပါတီက Nerandra Modi အိန္ဒိယ ဝန်ကြီးချုပ် ဖြစ် လာတော့မည်


BJP ပါတီ ထောက်ခံသူများ အောင်ပွဲခံနေကြ။ (မေ ၁၆၊ ၂၀၁၄
BJP ပါတီ ထောက်ခံသူများ အောင်ပွဲခံနေကြ။ (မေ ၁၆၊ ၂၀၁၄
အိန္ဒိယရွေးကောက်ပွဲရဲ့ အစောပိုင်း မဲရလဒ်တွေအရ အတိုက်အခံ ဟိန္ဒူအမျိုးသား ပါတီ Bharatiya Janata ပါတီ (BJP) က ထောက်ခံမှုအများစုနဲ့ အာဏာရ ပါတီကို အနိုင်ရနေတာ တွေ့ရပါတယ်။ BJP ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ Nalin Kohli ကတော့ သမိုင်းဝင် အောင်ပွဲတခုအဖြစ် ပြောဆိုခဲ့တာပါ။

လူထုရဲ့ သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်သလို၊ ပါတီခေါင်းဆောင် Modi ရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အယူအဆတွေကို ထောက်ခံပြီး၊ နိုင်ငံရေး အရှုပ်တော်ပုံတွေကို လူထုက လက်မခံနိုင်တော့ကြောင်း ပြသလိုက်တာ ဖြစ်တဲ့အကြောင်း အိန္ဒိယနိုင်ငံမြောက်ပိုင်း ဗာရာဏသီမြို့က အောင်ပွဲခံ အခန်းအနားမှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

အတိုက်အခံ BJP ပါတီ အနိုင်ရလာရင်တော့ ပါတီရဲ့ခေါင်းဆောင် Narendra Modi ဟာလည်း ဝန်ကြီးချုပ် ဖြစ်လာတော့မှာပါ။ အာဏာရ Congress ပါတီ ပြောခွင့်ရသူကတော့ လူထုက ထောက်ခံမှု မပေးဖို့ ဆုံးဖြတ်ချက်အတိုင်း လက်ခံမှာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။

အိန္ဒိယနိုင်ငံကို ၁၀ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ Congress ပါတီဟာ မကြာသေးခင် နှစ်တွေအတွင်း ထိပ်တန်းအစိုးရ တာဝန်ရှိသူတွေရဲ့ အကျင့်ပျက် ခြစားမှုတွေ၊ ငွေကြေးဖောင်းပွမှုတွေ၊ စီးပွားရေး တိုးတက်မှုတွေ နှေးကွေးလာနေတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

သီတင်း ၅ ပတ်ကြာ အိန္ဒိယ ရွေးကောက်ပွဲတွေ တနင်္လာနေ့က အဆုံး သတ်ခဲ့ပြီးနောက် မဲပေးပြီးသူတွေကို စစ်တမ်းကောက်ယူရာမှာတော့ BJP ပါတီကို အများစုက ထောက်ခံမှုပေးခဲ့တာ တွေ့ခဲ့ရသလို၊ ညွန့်ပေါင်းအစိုးရ ဖွဲ့စရာ မလိုလောက်အောင် လွှတ်တော်နေရာ အများစု ရမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
XS
SM
MD
LG