သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟီရိုရှီးမား အဏုမြူဗုံးဒဏ်သင့် ၆၅ နှစ်မြောက် အထိမ်းအမှတ် ကျင်းပ

ကမ္ဘာ့ ပထမဆုံး နျူကလီးယားဗုံး ပေါက်ကွဲမှု ၆၅ နှစ်မြောက် အထိမ်းအမှတ်ပွဲကို ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ သောကြာနေ့က ကျင်းပခဲ့ပြီး အမေရိကန် ပြည်ထောင်စုနဲ့ နျူကလီးယား အင်အားရှိ နိုင်ငံကြီးများ ပထမဆုံး အကြိမ်အဖြစ် အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားကို သောကြာနေ့ မနက်မှာ ခေါင်းလောင်းတွေတီး၊ ချိုးငှက်တွေ လွှတ်ပြီး စတင်ခဲ့တာပါ။

နျူကလီးယား အင်အားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ဟာလည်း ပထမဆုံး အကြိမ်အဖြစ် ဟီရိုရှီးမား အခမ်းအနားကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားက နျူကလီးယား လက်နက်မဲ့ကမ္ဘာ ဖြစ်အောင် ဆောင်ရွက်ရေးအတွက် ပိုင်းဖြတ် လုပ်ဆောင်နေတာမို့ သံအမတ်ကြီး ဂျွန် ရော့စ် (John Roos) အနေနဲ့ အခမ်းအနားကို တက်ရောက်သင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ဝါရှင်တန်မှာ ကြာသပတေးနေ့က ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း ဟီရိုရှီးမား အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ သူဟာ အခုလို အခမ်းအနားကို တက်ရောက်တဲ့ ပထမဆုံးသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ပါတယ်။

နျူကလီးယား လက်နက်တွေကို နောက်ထပ် ဘယ်တော့မှ ထပ်အသုံးမပြုဖို့ တခုတည်းသော သေချာတဲ့ နည်းလမ်းကတော့ အဲဒီလက်နက် အားလုံးကို ဖျက်သိမ်းပစ်လိုက်တာပဲ ဖြစ်တယ်လို့ ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန်က အဏုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တဲ့ ဒုတိယမြို့ နာဂါစာကီမှာ ကြာသပတေးနေ့က ဘန်ကီမွန်းက ပြောကြားခဲ့ပါတယ်။

This item is part of
XS
SM
MD
LG