သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၂ နှစ်တာကာလအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကစပြီးတော့ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် ၁၉ ကြိမ်မြောက် နိုင်ငံတကာ AIDS ညီလာခံ တက်ရောက်ဖို့အတွက် AIDS ရောဂါဆိုင်ရာ သုတေသီတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ ပေါ်လစီချမှတ်သူတွေဟာ ၀ါရှင်တန်ဒီစီမြို့တော်ကို စတင် ဆိုက်ရောက် လာနေကြပြီဖြစ်ပါတယ်။ နိုင်ငံတကာ AIDS တိုက်ဖျက်ရေး ကျိုးပမ်းမှုတွေမှာ မြန်မာနိုင်ငံရဲ့ အခြေအနေက ဘယ်လိုရှိပါသလဲ။ နောက်တခါ အမျိုးသမီးတွေအကြားမှာ AIDS ရောဂါအကြောင်း နိုးကြားမှု ရှိစေဖို့အတွက် ကနေဒါ အခြေစိုက် အယ်လ်ဘာတာဆေးတက္ကသိုလ်မှာ ကထိကအဖြစ်နဲ့ ထမ်းဆောင်နေသူ ဒေါက်တာဒေါ်ခင်စောဝင်းနဲ့ ဆက်သွယ်မေးမြန်းပြီးတော့ ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ဆက်ထားပါတယ်ရှင်။

XS
SM
MD
LG