သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AIDS ရောဂါ ပျောက်နိုင် ခြေ လမ်းစပေါ်လာ


World AIDS Day
World AIDS Day
AIDS ရောဂါကို ပျောက်ကင်းအောင် လုပ်ပေးနိုင်မယ့် လမ်းစပေါ်လာတဲ့ ကုထုံး ၂ ခု တွေ့ရှိတဲ့အပေါ် အမေရိကန် သိပ္ပံပညာရှင်တွေ အာရုံစိုက်နေကြပါတယ်။
HIV ပိုး ကူးစက်နေတဲ့ လူနာ တဒါဇင်ထံက သွေးနမူနာကို ထုတ်ယူပြီး HIV ပိုးကို တွယ်စေတဲ့ ပရိုတိန်းဓါတ်ကို ဖယ်ရှားပေးတဲ့နည်းကို အသုံးပြုခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံက နံမည်ကျော် New England ဆေးပညာဂျာနယ်မှာ ဖော်ပြထားတာပါ။

နောက်တော့ ရောဂါတွယ်စေတဲ့ ပရိုတိန်းဓါတ် ဖယ်ထားတဲ့ သွေးတွေကို လူနာရဲ့ ခန္ဓာကိုယ်ထဲ ပြန်ထိုးပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဝေဒနာ ရှင်တွေ သောက်နေတဲ့ ဆေးဝါးတွေကို တလလောက် ဖြတ်ထားလိုက်ပါတယ်။
အဲ့ဒီ့နည်းကို အသုံးပြုထားတဲ့ သွေးက ရောဂါပိုး ကူးစက်မှုက ကာကွယ်ပေးနိုင် တာကို ဆရာဝန်တွေ တွေ့ရှိခဲ့ပါတယ်။ အခု တွေ့ရှိမှုအသစ်အရ HIV ရောဝေဒနာရှင် တချို့အနေနဲ့ သူတို့ နေ့စဉ် သောက်နေကျ ဆေးတွေ ကို သောက်စရာမလိုတော့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။

ဒီအတောအတွင်း HIV ရောဂါပိုးနဲ့ မွေးလာတဲ့ ဒုတိယမြောက် ကလေးငယ်တဦးထံမှာ အခု ရောဂါလက္ခဏာ တစုံတရာမှ မရှိတော့တာကို တွေ့ရတယ်လို့ Boston မြို့မှာ ပြုလုပ်နေတဲ့ AIDS ညီလာခံကိုတက်နေတဲ့ ဆရာဝန်တွေက ပြောပါတယ်။ ဒါဟာ Los Angeles မြို့မှာ မနှစ်က အဲဒီကလေးငယ် မွေးပြီးပြီးချင်း ဆရာဝန်တွေက ဆေးဝါးကုသမှု ဖိဖိစီးစီး ပြုလုပ်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။

ပထမကလေးကတော့ အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသ Mississippi ပြည်နယ်မှာ HIV ရောဂါပိုးနဲ့ မွေးလာတဲ့ကလေးကို မွေးပြီးပြီးချင်း နာရီ ၃၀ အကြာမှာ ဆေးဝါးကုသမှု ပေးခဲ့တာမှာ အခု အဲဒီကလေးငယ် ၃ နှစ်ကြာလာတဲ့အထိ သူ့ခန္ဓာကိုယ်မှာ ရောဂါလက္ခဏာ တစုံတရာ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။
XS
SM
MD
LG