သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ HIV ကာကွယ်ရေးနဲ့ ခွဲခြားဆက်ဆံမှု ဟန့်တားရေး လစ်ဟာဆဲ


မြန်မာနိုင်ငံ HIV ကာကွယ်ရေးနဲ့ ခွဲခြားဆက်ဆံမှု ဟန့်တားရေး လစ်ဟာဆဲ
မြန်မာနိုင်ငံ HIV ကာကွယ်ရေးနဲ့ ခွဲခြားဆက်ဆံမှု ဟန့်တားရေး လစ်ဟာဆဲ

မြန်မာနိုင်ငံ အပါအဝင် အာရှ-ပစိဖိတ်ဒေသမှာ HIV-AIDS ရောဂါ ကူးစက်ပျံ့ပွားမှုကို တိုက်ဖျက်ရာမှာ ရေရှည်အောင်မြင်မှု ရရှိအောင် ဆောင်ရွက်ရမယ့် အရေးကြီးတဲ့ လမ်းဆုံလမ်းခွ တခုကို ရောက်နေပြီလို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ ၂၀၁၁ ခုနှစ် အာရှ-ပစိဖိတ်ဒေသ AIDS ရောဂါဆိုင်ရာ နိုင်ငံတကာ ညီလာခံကို သောကြာနေ့က တောင်ကိုရီးယားနိုင်ငံ ဘူဆန် (Busan) မှာ ကျင်းပရာမှာ ထုတ်ပြန်လိုက်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာက သတိပေးလိုက်တာပါ။

မြန်မာနိုင်ငံ အပါအဝင် HIV ရောဂါပိုးရှိသူ အများအပြားရှိတဲ့ ဒေသတွင်းက နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ အရင်ကထက်စာရင် ရောဂါကုသမှု ခံယူနိုင်တဲ့ အခွင့်အလန်းတွေ ပိုမိုရရှိလာနေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ ဒါပေမဲ့လည်း ရောဂါမရအောင် ကာကွယ်ဖို့၊ ရောဂါပိုးရှိသူတွေအတွက် ကုသမှုနဲ့၊ ပြုစုစောင့်ရှောက်မှုတွေ ရရှိဖို့တွေမှာတော့ လိုအပ်ချက်တွေ အများအပြားရှိနေဆဲ ဖြစ်တယ်လို့ သတိပေးထားတာပါ။

အာရှ-ပစိဖိတ် ဒေသတခုလုံးအနေနဲ့တော့ HIV ရောဂါပိုး ကူးစက်နေသူ အရေအတွက်ဟာ ၂၀၀၉ ခုနှစ်ထဲမှာ ၄.၉ သန်း ရှိခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ၂၄၀,၀၀၀ လောက် ရှိတယ်လို့ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်က ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ ကူးစက်မှုခံရတဲ့ အရေအတွက်ဟာလည်း ၁၄,၀၀၀ ကနေ ၂၀,၀၀၀ အထိ ရှိခဲ့ပြီး AIDS ရောဂါနဲ့ သေဆုံးသူ အရေအတွက်ကတော့ ၁၈,၀၀၀ အထိ ရှိမယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ HIV ရောဂါ ကူးစက်ခံရသူတွေကို ခွဲခြားဆက်ဆံခံရတာတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေတွေ မရှိသလို ဝေဒနာသည်တွေကို အကူအညီပေးတဲ့ လုပ်ငန်းတွေမှာ အဟန့်အတား ဖြစ်စေတဲ့ ဥပဒေတွေ ရှိနေတယ်လို့လည်း အစီရင်ခံစာက ထောက်ပြထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG