သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HIV ပိုးတွေ့ပြီး ချက်ချင်းကုသလျင် AIDS ပပျောက်နိုင်


HIV ရောဂါပိုး ကူးစက်ခံရသူတွေကို အလျင်အမြန် ဆေးဝါးကုသမှုပေးနိုင်ရင် AIDS ရောဂါဖြစ်ပေါ်စေတဲ့ ပိုးမွှားတွေ ပျောက်ကင်းစေတဲ့အထိ ဖြစ်နိုင်တယ် ပြင်သစ် သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။

အခု အသစ် ရှာဖွေ တွေ့ရှိလိုက်တဲ့ သုတေသန အသစ်ကိုတော့ PLoS Pathogens ဆိုတဲ့ ဂျာနယ်မှာ ဖော်ပြထားတာပါ။ အမေရိကန်နိုင်ငံမှာ မိခင်ဝမ်းတွင်းမှာကတည်းက HIV ရောဂါပိုး ရှိနေတဲ့ မွေးကင်းစ ကလေးငယ်လေးတဦးကို မွေးပြီးပြီးချင်း နာရီပိုင်းအကြာမှာ ဆေး ကုသမှု ပေးလိုက်ရာက ရောဂါပိုး လုံး၀ ပျောက်ကင်းသွားတဲ့အကြောင်း အခုလ အစောပိုင်းတုန်းက ကြေညာအပြီး ဒီသုတေသန ထွက်လာတာပါ။

ပြင်သစ်သုတေသီတွေက အရွယ်ရောက်ပြီးသူ ဝေဒနာရှင် ၁၄ ဦးကို ရောဂါပိုး ကူးစက်ပြီးပြီးချင်း ကုသမှုပေးခဲ့ကြတာပါ။ ဒါပေမယ့် အဲဒီ လူနာတွေဟာ နောက်ဆုံးမှာ ဆေးမသောက်တော့ဘဲ (၇) နှစ် နေခဲ့ကြပါတယ်။ လူနာတွေမှာ ရောဂါ ပြန်ဖြစ်လာတဲ့ လက္ခဏာ မတွေ့ရဘူးလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ပုံမှန်အားဖြင့်တော့ ဆေးမသောက်ပဲ နေလိုက်ရင် HIV ရောဂါပိုးဟာ ပြန်ထလာလေ့ ရှိပါတယ်။

ရောဂါကို စောကုသလိုက်ခြင်းအားဖြင့် ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးတွေ သိုလှောင်ထားလို့ မရတော့တဲ့အပြင် ရောဂါပိုးသန္ဓေပါ ပြောင်းသွားတယ်လို့ သုတေသီတွေက ပြောပါတယ်။ ရောဂါကို စောစီးစွာ အလျင်အမြန် ကုသလိုက်ခြင်းရဲ့ အကျိုးက ကိုယ်ခံအားကိုပါ ထိန်းသိမ်းထားရာ ရောက်တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG