သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှိုင်သာယာ ပစ်ခတ်သတ်ဖြတ်မှု ကြိုတင်စီစဉ်ချက်ဖြစ် - HRW


HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံစာ
HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံစာ

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူ ၆၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ရန်ကုန်မြို့မှာ မတ်လ ၁၄ ရက်နေ့က ပစ်ခတ် သတ်ဖြတ်ခဲ့မှုဟာ ကြိုတင်စီစဉ်ပြီးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပြီး တာဝန်ရှိသူတွေကို ဥပဒေအရ အပြစ်ပေး အရေးယူရမယ်လို့ တောင်းဆိုထားပါတယ်။

ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူလိုက်တဲ့အပေါ် ရန်ကုန်၊ လှိုင်သာယာမြို့မှာ ဆန္ဒပြ ကန့်ကွက်ကြသူတွေကို စစ်ကောင်စီတပ်တွေက အသက်သေစေနိုင်တဲ့ လက်နက်တွေသုံးပြီး ပစ်ခတ် သတ်ဖြတ်ခဲ့မှုဟာ တမင်ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ HRW ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
“လှိုင်သာယာမြို့မှာ ဆန္ဒပြရင်း ပိတ်မိနေကြသူတွေကို ရဲနဲ့ စစ်တပ်က ပစ်ခတ်ခဲ့တဲ့အတွက် ဆန္ဒပြပွဲမှာ ပါဝင်သူနဲ့ အနီးနားမှာရှိနေသူ အနည်းဆုံး ၆၅ ဦး သေဆုံးခဲ့ကြောင်း” နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

လှိုင်သာယာမှာ အကြမ်းဖက်မှုတွေ ဖြစ်တဲ့အတွက်ဆိုပြီး စစ်ကောင်စီက အဲဒီဒေ သကို စစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဆန္ဒပြသူတွေဟာလည်း စက်ရုံတွေမီးရှို့တာ၊ မီးသတ်ကားတွေ သွားလာလို့မရအောင် တားဆီး ပိတ်ပင်တာတွေ လုပ်ဆောင်ခဲ့တဲ့ ဆူပူအုံကြွသူတွေဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။ အဲဒီလို ပစ်ခတ် သတ်ဖြတ်ခဲ့ကြတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေအပေါ် အပြစ်ပေး အရေးယူတာမျိုး မကြားသိရဘူးလို့ HRW က ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေရဲ့အဲဒီလုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ် မှုမြောက်ကြောင်း HRW ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ ဒေါ်မန်နီမောင်ရဲ့ ပြောကြားချက်ကို အေပီသတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။ ဘယ်သူကပဲ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဖြစ်စေ အဆုံးသတ်မှာတော့ ထိပ်ပိုင်းက အမိန့်ပေးသူတွေမှာသာ တာဝန်ရှိကြောင်း သူက ဆက်ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==============

{{Unicode}}








==============

XS
SM
MD
LG