သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တိုင္းတြင္း ၿမိဳ႕နယ္တခ်ိဳ႕မွာ က်ဴးေက်ာ္အိမ္ရာေတြ ဆက္တိုက္ရွင္းလင္းေန


ရန္ကုန္အျပင္ဘက္၊ လိႈင္သာယာစက္မႈဇုံက က်ဴးေက်ာ္တဲမ်ား။ (ေအာက္တုိဘာ ၁၀၊ ၂၀၁၅)

{{Zawgyi/Unicode}}

ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္တခ်ိဳ႕မွာ က်ဴးေက်ာ္အိမ္ရာ ရွင္းလင္းတာေတြကို စစ္ေကာင္စီလုံၿခဳံေရး အဖြဲ႔ေတြက ဒီရက္ပိုင္းထဲမွာ ဆက္တိုက္ လုပ္ေနပါတယ္။ ၿမိဳ႕ေတာ္ သန႔္ရွင္းေရးအတြက္ အခုလိုရွင္းလင္းရတာလို႔ သက္ဆိုင္ရာ ၿမိဳ႕နယ္စည္ပင္သာယာ အုပ္ခ်ဳပ္ေရးမႉး႐ုံးေတြက အသိေပးစာေတြ အသီးသီး ထုတ္ျပန္ခဲ့ေပမဲ့ ေဒသခံေတြကေတာ့ ဒါဟာ လုံၿခဳံေရးလိုအပ္ခ်က္ေၾကာင့္ အခုလိုတၿပိဳင္နက္တည္း အင္တိုက္အားတိုက္ လုပ္ေဆာင္ေနတာလို႔ ဗြီအိုေအကို ေျပာပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့ ဒီသတင္း အျပည့္အစုံကို ဦးတင္ေမာင္သန္းက တင္ျပေပးထားပါတယ္။

ေျမာက္ပိုင္းခ႐ိုင္ စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕ရဲ႕ ဒီရက္ပိုင္းတြင္း အစည္းအေဝး ဆုံးျဖတ္ ခ်က္အရ လႈိင္သာယာတၿမိဳ႕လုံးက က်ဴးေက်ာ္အေဆာက္အဦးနဲ႔ စုပုံထားရွိတဲ့ ပစၥည္းေတြကို ဖ်က္စီးဖယ္ရွား ရွင္းလင္းသြားမယ္လို႔ လႈိင္သာယာ စည္ပင္သာယာ အုပ္ခ်ဳပ္ေရးမႉး႐ုံးက အဂၤါေန႔က အသိေပးလိုက္ပါတယ္။ အသိေပးစာ ထုတ္ျပန္တဲ့ရက္ကေန တပတ္အတြင္း အၿပီးဖယ္ရွားေပးရမယ္လို႔လည္း ဒီထုတ္ျပန္စာေတြမွာ ေရးသားထားတာပါ။

က်ဴးေက်ာ္ေတြလို႔ ထုတ္ျပန္ခ်က္မွာ ေရးသားထားေပမဲ့ တခ်ိဳ႕ေနရာေတြမွာ လမ္းမႀကီးတဘက္တခ်က္က အစြန္းထြက္ လူေနအိမ္ေတြ၊ ေဈးဆိုင္ေတြပါ ဖ်က္ေပးခဲ့ရတာပါ။ ဒီေန႔ လႈိင္သာယာ ၇ ရပ္ကြက္မွာရွိတဲ့ မီးခြက္ေဈး လမ္းေပၚကဆိုင္ေတြကို အင္အားသုံးၿပီး ရွင္းလင္းေနပါတယ္။ ႏိုဝင္ဘာ ၁၈ ရက္မွာ ဒီဆိုင္ေတြကို အၿပီးဖ်က္ေပးရမွာျဖစ္ၿပီး အခုလို ဖိအားေပး လုပ္ေဆာင္ေနတာေတြကို သေဘာမက်ေၾကာင္း ဆိုင္ရွင္ေတြက ေျပာပါတယ္။

“ဒလံေတြဘက္က ၾကားတဲ့ဟာကေတာ့ လမ္းမေတြေပၚက သူတို႔သြားတဲ့အခါ လမ္းေဘးကေန ခ်ဳံခိုၿပီးေတာ့ တိုက္တဲ့ပုံစံမ်ိဳးေပါ့၊ က်ဴးေက်ာ္တဲေတြ ဆိုလို႔ရွိရင္လည္း အကာအကြယ္ယူၿပီး တိုက္တာမ်ိဳး၊ မိုင္းဆြဲတာေတြ၊ ပစ္တာေတြ အဲဒါမ်ိဳး သူတို႔ကေၾကာက္တဲ့ပုံစံမ်ိဳး ရွိတာ။ အဲလိုေၾကာက္ၿပီး သူတို႔ကရွင္းတာ။ ဒုကၡေရာက္တာက လမ္းေဘးေဈးသည္ေလးေတြေပါ့၊ မီးခြက္ေဈးထိပ္နားက အသီးသည္၊ ငွက္ေပ်ာသီး၊ အုန္းသီး။ ေနာက္ ဆိုင္ကယ္ ကယ္ရီသမားေတြ၊ ေဘးဆြဲသမားေတြ သူတို႔ေတြကေတာ့ ဒုကၡေရာက္တာေပါ့။”

လႈိင္သာယာ မီးခြက္ေဈးမွာရွိတဲ့ ဆန္းယုအထည္ဆိုင္က ကိုေအာင္မိုးေျပာသြားတာပါ။

လႈိင္သာယာၿမိဳ႕နယ္၊ ဘုရင့္ေနာင္တံတားေအာက္က က်ဴးေက်ာ္အိမ္ေတြကို ေအာက္တိုဘာလ ၂၈ ရက္မွာ စစ္ေကာင္စီလုံၿခဳံေရးတပ္ဖြဲ႔ေတြက စတင္ ရွင္းလင္းၿပီးတဲ့ေနာက္ ႏိုဝင္ဘာ ၁ ရက္မွာ လႈိင္သာယာ၊ ရန္ကုန္- ပုသိမ္လမ္းမႀကီးရဲ႕ တဘက္တခ်က္က က်ဴးေက်ာ္ေတြကိုပါ ဆက္ၿပီး ရွင္းလင္းခဲ့တာပါ။ အဲဒီေနာက္ လႈိင္သာယာ တၿမိဳ႕နယ္လုံးက က်ဴးေက်ာ္အားလုံးကို ရွင္းလင္းဖို႔ အခုလို ထပ္ၿပီး ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။

ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္က က်ဴးေက်ာ္ေနထိုင္သူအားလုံးကိုလည္း ရွင္းလင္းသြားမယ္လို႔ သက္ဆိုင္ရာၿမိဳ႕နယ္ စည္ပင္သာယာ အုပ္ခ်ဳပ္ေရးက ဒီေန႔အသိေပး ထုတ္ျပန္ထားပါတယ္။ အဓိကလမ္းမႀကီးေတြေပၚမွာ က်ဴးေက်ာ္ေနထိုင္ေနတဲ့ အိမ္ေတြ၊ ေဈးဆိုင္ခန္းေတြကို အဓိက ဖယ္ရွားခိုင္ထားၿပီး ရာဇဝတ္ က်င့္သုံးဥပေဒ ပုဒ္မ ၁၃၃ ကိုလည္းထုတ္ျပန္ထားေၾကာင္း ဒီအမိန႔္ထုတ္ျပန္ခ်က္ မွာ ေရးထားတာပါ။

ဆိုင္ေတြကို ဖ်က္ပစ္ဖို႔ လာၿပီးေျပာတဲ့အခါမွာလည္း စစ္ေကာင္စီလုံၿခဳံေရးတပ္ဖြဲ႕ အေျမာက္အမ်ားနဲ႔ လာၿပီးဖိအားေပးခဲ့ေၾကာင္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ က်န္စစ္သားလမ္းေပၚက လုပ္ငန္းရွင္တဦးက ေျပာပါတယ္။

“က်ေနာ္တို႔ ၁၆၈ တို႔၊ အဓိက မိန္းကေတာ့ လမ္းမတန္းေတြေပါ့။ နည္းနည္း မိန္းက်သြားတာေပါ့။ ကြမ္းယာဆိုင္ေတြ၊ ဆံပင္ညႇပ္ဆိုင္ေတြ၊ လက္လုပ္လက္စားေတြ အကုန္လုံးကေတာ့ အဖ်က္ခံရတာေပါ့။ မရွိတဲ့သူေတြဆိုေတာ့လည္း ဘာေျပာလို႔ရမွာလဲ၊ ႀကိဳက္တာလုပ္ေပါ့ ဒါပဲရွိတာပဲ။”

ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္မွာ က်ဴးေက်ာ္ေနထိုင္သူ ၅၀,၀၀၀ ေလာက္ရွိၿပီး NLD အစိုးရလက္ထက္မွာ သူတို႔ကို ယာယီေနထိုင္ခြင့္ကဒ္ ထုတ္ေပးၿပီး ေနခြင့္ျပဳခဲ့တာပါ။ လႈိင္သာယာၿမိဳ႕နယ္ဟာ စစ္အုပ္ခ်ဳပ္ေရး ထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္တခုျဖစ္ၿပီး မၾကာခဏဆိုသလို ေပါက္ကြဲမႈေတြ၊ လက္နက္ငယ္နဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြရွိလို႔ စစ္ေကာင္စီဘက္က လုံၿခဳံေရးကို တျဖည္းျဖည္း တင္းက်ပ္လာတာ ျဖစ္ႏိုင္ေၾကာင္း ေဒသခံေတြက ေျပာၾကပါတယ္။

=========

{Unicode}}

ရန်ကုန်တိုင်းတွင်း မြို့နယ်တချို့မှာ ကျူးကျော်အိမ်ရာတွေ ဆက်တိုက်ရှင်းလင်းနေ

ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ ကျူးကျော်အိမ်ရာ ရှင်းလင်းတာတွေကို စစ်ကောင်စီလုံခြုံရေး အဖွဲ့တွေက ဒီရက်ပိုင်းထဲမှာ ဆက်တိုက် လုပ်နေပါတယ်။ မြို့တော် သန့်ရှင်းရေးအတွက် အခုလိုရှင်းလင်းရတာလို့ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွေက အသိပေးစာတွေ အသီးသီး ထုတ်ပြန်ခဲ့ပေမဲ့ ဒေသခံတွေကတော့ ဒါဟာ လုံခြုံရေးလိုအပ်ချက်ကြောင့် အခုလိုတပြိုင်နက်တည်း အင်တိုက်အားတိုက် လုပ်ဆောင်နေတာလို့ ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်း အပြည့်အစုံကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

မြောက်ပိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရဲ့ ဒီရက်ပိုင်းတွင်း အစည်းအဝေး ဆုံးဖြတ် ချက်အရ လှိုင်သာယာတမြို့လုံးက ကျူးကျော်အဆောက်အဦးနဲ့ စုပုံထားရှိတဲ့ ပစ္စည်းတွေကို ဖျက်စီးဖယ်ရှား ရှင်းလင်းသွားမယ်လို့ လှိုင်သာယာ စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးက အင်္ဂါနေ့က အသိပေးလိုက်ပါတယ်။ အသိပေးစာ ထုတ်ပြန်တဲ့ရက်ကနေ တပတ်အတွင်း အပြီးဖယ်ရှားပေးရမယ်လို့လည်း ဒီထုတ်ပြန်စာတွေမှာ ရေးသားထားတာပါ။

ကျူးကျော်တွေလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပေမဲ့ တချို့နေရာတွေမှာ လမ်းမကြီးတဘက်တချက်က အစွန်းထွက် လူနေအိမ်တွေ၊ ဈေးဆိုင်တွေပါ ဖျက်ပေးခဲ့ရတာပါ။ ဒီနေ့ လှိုင်သာယာ ၇ ရပ်ကွက်မှာရှိတဲ့ မီးခွက်ဈေး လမ်းပေါ်ကဆိုင်တွေကို အင်အားသုံးပြီး ရှင်းလင်းနေပါတယ်။ နိုဝင်ဘာ ၁၈ ရက်မှာ ဒီဆိုင်တွေကို အပြီးဖျက်ပေးရမှာဖြစ်ပြီး အခုလို ဖိအားပေး လုပ်ဆောင်နေတာတွေကို သဘောမကျကြောင်း ဆိုင်ရှင်တွေက ပြောပါတယ်။

“ဒလံတွေဘက်က ကြားတဲ့ဟာကတော့ လမ်းမတွေပေါ်က သူတို့သွားတဲ့အခါ လမ်းဘေးကနေ ချုံခိုပြီးတော့ တိုက်တဲ့ပုံစံမျိုးပေါ့၊ ကျူးကျော်တဲတွေ ဆိုလို့ရှိရင်လည်း အကာအကွယ်ယူပြီး တိုက်တာမျိုး၊ မိုင်းဆွဲတာတွေ၊ ပစ်တာတွေ အဲဒါမျိုး သူတို့ကကြောက်တဲ့ပုံစံမျိုး ရှိတာ။ အဲလိုကြောက်ပြီး သူတို့ကရှင်းတာ။ ဒုက္ခရောက်တာက လမ်းဘေးဈေးသည်လေးတွေပေါ့၊ မီးခွက်ဈေးထိပ်နားက အသီးသည်၊ ငှက်ပျောသီး၊ အုန်းသီး။ နောက် ဆိုင်ကယ် ကယ်ရီသမားတွေ၊ ဘေးဆွဲသမားတွေ သူတို့တွေကတော့ ဒုက္ခရောက်တာပေါ့။”

လှိုင်သာယာ မီးခွက်ဈေးမှာရှိတဲ့ ဆန်းယုအထည်ဆိုင်က ကိုအောင်မိုးပြောသွားတာပါ။

လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားအောက်က ကျူးကျော်အိမ်တွေကို အောက်တိုဘာလ ၂၈ ရက်မှာ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေက စတင် ရှင်းလင်းပြီးတဲ့နောက် နိုဝင်ဘာ ၁ ရက်မှာ လှိုင်သာယာ၊ ရန်ကုန်- ပုသိမ်လမ်းမကြီးရဲ့ တဘက်တချက်က ကျူးကျော်တွေကိုပါ ဆက်ပြီး ရှင်းလင်းခဲ့တာပါ။ အဲဒီနောက် လှိုင်သာယာ တမြို့နယ်လုံးက ကျူးကျော်အားလုံးကို ရှင်းလင်းဖို့ အခုလို ထပ်ပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်က ကျူးကျော်နေထိုင်သူအားလုံးကိုလည်း ရှင်းလင်းသွားမယ်လို့ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးက ဒီနေ့အသိပေး ထုတ်ပြန်ထားပါတယ်။ အဓိကလမ်းမကြီးတွေပေါ်မှာ ကျူးကျော်နေထိုင်နေတဲ့ အိမ်တွေ၊ ဈေးဆိုင်ခန်းတွေကို အဓိက ဖယ်ရှားခိုင်ထားပြီး ရာဇဝတ် ကျင့်သုံးဥပဒေ ပုဒ်မ ၁၃၃ ကိုလည်းထုတ်ပြန်ထားကြောင်း ဒီအမိန့်ထုတ်ပြန်ချက် မှာ ရေးထားတာပါ။

ဆိုင်တွေကို ဖျက်ပစ်ဖို့ လာပြီးပြောတဲ့အခါမှာလည်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ အမြောက်အများနဲ့ လာပြီးဖိအားပေးခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကျန်စစ်သားလမ်းပေါ်က လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“ကျနော်တို့ ၁၆၈ တို့၊ အဓိက မိန်းကတော့ လမ်းမတန်းတွေပေါ့။ နည်းနည်း မိန်းကျသွားတာပေါ့။ ကွမ်းယာဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေ၊ လက်လုပ်လက်စားတွေ အကုန်လုံးကတော့ အဖျက်ခံရတာပေါ့။ မရှိတဲ့သူတွေဆိုတော့လည်း ဘာပြောလို့ရမှာလဲ၊ ကြိုက်တာလုပ်ပေါ့ ဒါပဲရှိတာပဲ။”

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ ကျူးကျော်နေထိုင်သူ ၅၀,၀၀၀ လောက်ရှိပြီး NLD အစိုးရလက်ထက်မှာ သူတို့ကို ယာယီနေထိုင်ခွင့်ကဒ် ထုတ်ပေးပြီး နေခွင့်ပြုခဲ့တာပါ။ လှိုင်သာယာမြို့နယ်ဟာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ မြို့နယ်တခုဖြစ်ပြီး မကြာခဏဆိုသလို ပေါက်ကွဲမှုတွေ၊ လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရှိလို့ စစ်ကောင်စီဘက်က လုံခြုံရေးကို တဖြည်းဖြည်း တင်းကျပ်လာတာ ဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောကြပါတယ်။

#လှိုင်သာယာကျူးကျော်#ဒလံ#မီးခွက်ဈေး#ဒဂုံမြို့သစ်(ဆိပ်ကမ်း)#ဘုရင့်နောင်တံတား

=============

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG