သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမားသပိတ် ညွှန်ချုပ် ညှိနှိုင်းပေး


ရန်ကုန် လှိုင်သာယာ စက်မှုဇုန် တိုင်ယီ ဖိနပ်စက်ရုံ အလုပ်သမားတွေ သပိတ်မှောက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အခုနောက်ဆုံး သိရှိရတဲ့ သတင်းအရ ရန်ကုန်တိုင်း အလုပ်သမားရေးရာ ညွှန်ချုပ်က လာရောက် ညှိနှိုင်းပေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

အလုပ်သမား ခေါင်းဆောင်တွေနဲ့ နေ့လယ်စာ စားသောက်ရင်း ညှိနှိုင်းခဲ့ရာမှာ အလုပ်သမားတွေအတွက် ရက်မှန်ကြေး၊ ကားခနဲ့ ပုံမှန်လစာတွေကို သတ်မှတ် ညှိနှိုင်းပေးခဲ့တယ်လို့ သိရပါတယ်။

မနက်ဖြန် အလုပ်မဆင်းကြဘူး ဆိုရင်တော့ စက်ရုံပိတ်မယ်လို့ ပြောတဲ့အကြောင်းကိုလည်း စုံစမ်း သိရပါတယ်။ အလုပ်သမား တချို့ကတော့ မကျေနပ်ဘူးလို့ ပြောနေကြဆဲ ဖြစ်ပါတယ်။

အလုပ်သမား အရေအတွက် ၁,၀၀၀ ကျော်ရှိတဲ့ တိုင်ယီ ဖိနပ်စက်ရုံက အလုပ်သမားတွေဟာ အချိန်ပိုဆင်းဖို့ ပျက်ကွက်သူတွေကို လစာဖြတ်တောက်တဲ့ကိစ္စ အပါအ၀င် အထွေထွေ မကျေနပ်မှုတွေကြောင့် မေလ ၈ ရက်နေ့ကစပြီး ဆန္ဒပြ သပိတ်မှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG