သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောလိဝုဒ်ရုပ်ရှင်တွေ တရုတ်ဈေးကွက် ပိုဝင်နိုင်တော့မည်


ဟောလိဝုဒ်ရုပ်ရှင်တွေ တရုတ်ဈေးကွက် ပိုဝင်နိုင်တော့မည်
ဟောလိဝုဒ်ရုပ်ရှင်တွေ တရုတ်ဈေးကွက် ပိုဝင်နိုင်တော့မည်

အမေရိကန်က ရုပ်ရှင်တွေကို တရုတ်နိုင်ငံ ဈေးကွက်ထဲ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိခွင့်ရမယ့် သဘောတူညီချက် တစ်ရပ်ကို တရုတ်နိုင်ငံက လက်ခံလိုက်တဲ့အပေါ် သမ္မတ ဘရက်အိုဘားမား အစိုးရနဲ့ အမေရိကန် ရုပ်ရှင် ထုတ်လုပ်သူတွေက ချီးကျူး လိုက်ကြပါတယ်။ သဘောတူညီချက်ကိုတော့ တရုတ် ဒုသမ္မတ ရှီကျင်ပင်း (Xi Jinping) ရဲ့ ၄ ရက်ကြာ အမေရိကန် ခရီးစဉ် နောက်ဆုံးနေ့ ဖြစ်တဲ့ သောကြာနေ့က ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာ ကြေညာလိုက်တာပါ။

တရုတ် ဒုသမ္မတနဲ့အတူ လိုက်ပါသွားတဲ့ အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ကတော့ ဒီသဘောတူညီချက်ကြောင့် အမေရိကန် ရုပ်ရှင်လုပ်ငန်းက လူတွေ အနေနဲ့ ကြီးထွားလာနေတဲ့ တရုတ်ပရိသတ်ကို အရင်ကထက် ပိုပြီး လက်လှမ်းမီနိုင်တော့မှာ ဖြစ်တဲ့အကြောင်း ပြောသွားပါတယ်။ အမေရိကန် ရုပ်ရှင်လုပ်ငန်းအသင်း (MPAA) ရဲ့ အကြီးအကဲ အထက်လွှတ်တော် အမတ်ဟောင်း ခရစ်ဒေါ့ (Chris Dodd) ကတော့ တရုတ်နိုင်ငံက ပရိသတ်တွေဟာ အမေရိကန် ရုပ်ရှင်တွေကို နောက်ထက် ၅၀% တိုးပြီး ကြည့်ရှုလာလိမ့်မယ်လို့ ခန့်မှန်းကြောင်း ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံဟာ နိုင်ငံခြားရုပ်ရှင် ပြသခွင့်ကို ခွဲတမ်းစနစ်နဲ့ ထိန်းချုပ်ထားတာဖြစ်ပြီး နှစ်စဉ် နိုင်ငံခြားရုပ်ရှင်ကား ၂၀ သာ တင်သွင်းခွင့် ပြုထားတာ ဖြစ်ပါတယ်။ တရုတ် ဒုသမ္မတ အမေရိကန်ကနေ နောက်ထပ် ခရီးဆက်ခဲ့တဲ့ အိုင်ယာလန်မှာလည်း ၃ ရက်ကြာ ခရီးစဉ်အတွင်း နှစ်ဘက်အကြား ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် အများအပြား ချုပ်ဆိုဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG