သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

California တောမီး ဧက ၁၇,၀၀၀ ကျော် လောင်ကျွမ်း


ရှို့မီးလို့ ယူဆရတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ထဲက Holy အမည်ရ တောမီး
ရှို့မီးလို့ ယူဆရတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ထဲက Holy အမည်ရ တောမီး

အမေရိကန်ပြည်ထောင်စု California တောင်ပိုင်းမှာ Holy လို့နာမည်ပေးထားတဲ့ တောမီး ဟာ လူနေအိမ်တွေနား အင်မတန်နီးကပ်လာတဲ့အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး Jerry Brown က Orange နဲ့ Riverside မြို့နယ်တွေမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ပါတယ်။

အကြီးအကျယ် လောင်ကျွမ်းနေတဲ့ Holy တောမီးကြောင့် သစ်တောမြေဟက်တာ ၇ ကျော်လောင်ကျွမ်းခဲ့ပါတယ်။ California ပြည်နယ်တခုလုံးမှာ စုစုပေါင်း လောင်ကျွမ်းနေတဲ့ တောမီးပေါင်းက ၁၂ ခုလောက်ရှိပါတယ်။ သေဆုံးသူ ၁၀ ယောက်ရှိနေပြီး California ပြည်နယ်တောင်ပိုင်းမှာ လူပေါင်း ၂ သောင်းလောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။

တချို့သူတွေကတော့ သူတို့ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့အတွက် ဘေးလွတ်ရာ သွားဖို့ ငြင်းဆန်နေကြပါတယ်။ Trabuco Canyon အရပ်မှာလောင်ကျွမ်းတဲ့ မီးကိုရှို့ခဲ့သူလို့ မသင်္ကာသူ Forrest Clark ကို ကြာသပတေးနေ့က မီးရှို့မှု ၃ ခုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

ခုလိုပူပြင်းတဲ့ကာလမှာ တောမီးလောင်တတ်လေ့ရှိပေမဲ့ California ပြည်နယ်မှာ ဒီနှစ်လောင်ကျွမ်းမှုကတော့ အဆိုးဆုံးဖြစ်ပါတယ်။ ပြည်နယ်မြောက်ပိုင်းက Mendocino Complex မီးကတော့ ပြည်နယ်သမိုင်းမှာ အကြီးဆုံး တောမီးလောင်ကျွမ်းမှုကြီးဖြစ်ပါတယ်။

California တောမီး ဧက ၁၇,၀၀၀ ကျော် လောင်ကျွမ်း
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG