သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas ပစ်ခတ်မှု သံသယရှိသူနှစ်ဦးနေအိမ် စစ်ဆေး


ရာဇဝတ်မှု စုံစမ်းရေးအဖွဲ့က တက္ကဆက်သေနတ်သမားနှစ်ဦးနေအိမ်မှာ ရှာဖွေနေစဉ်။ (မေ ၄၊ ၂၀၁၅)
ရာဇဝတ်မှု စုံစမ်းရေးအဖွဲ့က တက္ကဆက်သေနတ်သမားနှစ်ဦးနေအိမ်မှာ ရှာဖွေနေစဉ်။ (မေ ၄၊ ၂၀၁၅)

အမေရိကန်ပြည်ထောင်စု Texas ပြည်နယ်မှာ တမန်တော်မိုဟာမက်နဲ့ ပတ်သက်ပြီးရေးဆွဲတဲ့ ကာတွန်းပြိုင်ပွဲ ကျင်းပတဲ့နေရာအပြင်ဘက်မှာ တနင်္ဂနွေနေ့နှောင်းပိုင်းက ရဲတို့ရဲ့အဆို ကျောင်းလုံခြုံရေးကိုသေနတ်နဲ့ စတင်ပစ်ခတ်တယ်လို့ စွပ်စွဲခံရပြီး ရဲကပစ်သတ်လိုက်တဲ့ အမျိုးသားနှစ်ဦးရဲ့ နေအိမ်တိုက်ခန်းတွေကို အမေရိကန်အာဏာပိုင်တွေက ဝင်ရောက်ရှာဖွေနေကြပါတယ်။

Texas ပြည်နယ်ရဲ့ မြို့တော် Dallas မြို့အပြင်လေးက Garland မြို့မှာဖြစ်ပွားတဲ့ပစ်ခတ်မှုအတွင်း ဒဏ်ရာရသွားတဲ့ လုံခြုံရေးအရာရှိကို ဆေးရုံခန တင်ခဲ့ရပြီး အခု ပြန်ဆင်းသွားပါပြီ။ သေနက်သမားတွေရဲ့ကားမှာ ဗုံးရှိနေနိုင်မလားဆိုပြီး တာဝန်ရှိသူတွေ ရှာဖွေခဲ့ကြပါတယ်။ Arizona ပြည်နယ်က အဲဒီ အမျိုးသားနှစ်ဦးရဲ့အမည်ကိုတော့ တာဝန်ရှိသူတွေက ထုတ်ဖော်မပြောသေးပေမယ့်လည်း သတင်းတွေမှာတော့ အဲဒီထဲကတဦးဟာ Elton Simpson ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။

အမေရိကန်လွတ်လပ်မှု အကာအကွယ်ပေးရေး အစပျိုးလုပ်ဆောင်မှုအဖွဲ့က စီစဉ်ကျင်းပတဲ့ကာတွန်းပြိုင်ပွဲမှာ အနိုင်ရသူကို ဆုကြေး ဒေါ်လာတသောင်း ချီးုမြှင့်မှာပါ။ လွန်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ အစ္စလာမ်အစွန်းရောက်တွေရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို အမေရိကန်တို့ စိုးကြောက်မှာမဟုတ်ဘူး ဆိုတာကို ကိုယ်စားပြုတယ်ဆိုတဲ့ ဒီပြိုင်ပွဲမှာ ကာတွန်း ၃၅ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်တယ်လို့ သူတို့အဖွဲ့ရဲ့ website မှာ ပြောထားပါတယ်။ နေရပ် ရွှေ့ပြောင်းလာတဲ့ မူဆလင်တွေကို အမေရိကန်ပြည်ထောင်စုက လက်မခံသင့်ဘူးလို့ အရင်တပတ်ကပဲ ပြောသွားတဲ့ Islam ဘာသာကို ဝေဖန်တဲ့ Dutch နိုင်ငံရေးသမား Geert Wilders က အဲဒီအခမ်းအနားမှာ အဖွင့်မိန့်ခွန်းပြောပါတယ်။

တမန်တော်မိုဟာမတ်နဲ့ပတ်သက်ပြီး ကာတွန်းရေးဆွဲတာဟာ Islam ဘာသာကို စော်ကားမှုအဖြစ် မူဆလင်အများအပြားက ယူဆပါတယ်။

XS
SM
MD
LG